
နေပြည်တော် အောက်တိုဘာ ၁၂
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်အပြင် ဇာတ်သဘင် ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများအတွက် “(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက် နေ့မှစတင်၍ အပတ်စဉ် စနေနေ့တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
အဆိုပါ (၃၈) ဖြာ မင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေးအတွက် အဆုံးအမ များစွာပါဝင်သည့် သမဏာနဉ္စဒဿနံ (မြတ်သောရဟန်းတို့ကို ဖူးမြင်ရခြင်း)နှင့် ကာလေန ဓမ္မသာကစ္ဆာ (သင့်လျော်သောအခါ တရားသဘောဆွေးနွေးခြင်း) အစီအစဉ်ကို အောက်တိုဘာ ၁၅ ရက် (စနေနေ့) ည ၉ နာရီတွင် ဆက်လက်ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်တွင် ရွှေနန်းတင်မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော် ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နန်းဝင်း (ရွှေနန်းသဘင်) ဦးဆောင်ပြီး ရန်ရှင်းမောင်၊ ထက်မြတ်အောင်၊ ခေးကို၊ ဓာတ်လင်း၊ သော်သော်နန်းဝင်း (ရွှေနန်းသဘင်)၊ ဖွေးဖွေး၊ သိင်္ဂီဝင့်ထက်နှင့် သဘင်ပညာရှင်များ၊ အနုပညာရှင်များ ပါဝင်တင်ဆက်ကြမည် ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို အောက်တိုဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ နှင့် အောက်တိုဘာ ၂၀ ရက်၊ ကြာသပတေးနေ့များတွင် ညနေ ၆ နာရီ သတင်းအပြီး၌ ယင်းအစီအစဉ်များကို တစ်ပိုင်း စီ ခွဲခြား၍ ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်