
ရန်ကုန် အောက်တိုဘာ ၇
မြန်မာနိုင်ငံ စာရေးဆရာအသင်းက ၁၃၈၄ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် (၃၅)ကြိမ် မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာ ရှင်များက အလှူငွေများ စတင်ပေးအပ် လှူဒါန်းကြရာ ဦးဇာလီဝင်းစော- ဒေါ်ခင်နှင်းဖြူ (မင်္ဂလာရတနာ ကျောက်စီပန်းချီဆိုင် - ဗိုလ်ချုပ်စျေး)က ငွေကျပ် သုံးသိန်း၊ ဦးချစ်နိုင်(ချစ်နိုင်-စိတ်ပညာ)က ငွေကျပ် နှစ်သိန်း၊ တောင် ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း က ငွေကျပ် တစ်သိန်းခွဲ၊ ဆရာတော် ဘဒ္ဒန္တကေလာသ (ပဏ္ဍိတာရာမ စာသင်တိုက်၊ ဒဂုံဆိပ်ကမ်း)၊ ဦးစိုးဝင်း (တက္ကသိုလ်စိုးယဉ်) - မလေးယဉ် မိသားစု၊ ဦးအောင်ကြည် (အောင်ကြည် ညွန့် - တက္ကသိုလ်) -(ဒေါ်ခင်ဖြူဗျင်) မိသားစု၊ ဦးညွန့်လှိုင်(မောင်မောင်ညွန့် လှိုင်)၊ အမေ့သားထိုက်စာပေနှင့် သင်္ကန်းဆိုင် မိသားစု၊ ဦးဖေသက်ညွန့် (စာရေးဆရာ ဆွေဇင်ညွန့်)၊ စာရေး ဆရာ ရဲမင်းစိုးနှင့် ဦးတင်ကိုကို - ဒေါ်အေးအေးမူ (တော်ဝင်မြင်းမိုရ် ကုမ္ပဏီလီမိတက်) တို့က ငွေကျပ် တစ်သိန်းစီ၊ မင်္ဂလာဒုံမြို့နယ် စာရေး ဆရာအသင်းက ငွေကျပ် ငါးသောင်း လှူဒါန်းရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)နှင့် အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင် ကောက်)တို့က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။
အလှူပစ္စည်းဖြစ်စေ၊ အလှူငွေ ဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေး ဆရာအသင်း၊ အမှတ် ၁၇၃/၁၇၅၊ (၇)လွှာ၊ ပန်းဆိုး တန်းလမ်း(အလယ်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁ -၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်