(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲအထိမ်းအမှတ် မီးရှူးတိုင်သယ်ယူရေးစည်းဝေး

 

ရန်ကုန်   ဧပြီ     ၂၀ 


(၃၂)ကြိမ်မြောက်  အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့်    (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း သူများ အားကစားပြိုင်ပွဲအထိမ်း အမှတ်    မီးရှူးတိုင်သယ်ယူမည့် အစီအစဉ်  အောင်မြင်စွာကျင်းပ  နိုင်ရေး    လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို     ယနေ့နံနက်ပိုင်းက  ရန်ကုန်တိုင်းဒေသကြီး    အစိုးရ အဖွဲ့ရုံး၌ ကျင်းပသည်။

 


ရှေးဦးစွာ     တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးစိုးသိန်းက   ၂၀၂၃ ခုနှစ်  မေ ၅ ရက်မှ ၁၇ ရက်အထိ  ကမ္ဘောဒီးယားနိုင်ငံ၌     ကျင်းပ ပြုလုပ်မည့်     (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ    အားကစား ပြိုင်ပွဲနှင့်  အဆိုပါပြိုင်ပွဲအပြီး  ဇွန်  ၃ ရက်မှ ၉ ရက်အထိ ဆက်လက် ကျင်းပမည့်      (၁၂)ကြိမ်မြောက်  အာဆီယံ        မသန်စွမ်းသူများ အားကစားပြိုင်ပွဲ အထိမ်းအမှတ်   မီးရှူးတိုင်သည်      ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်    ရန်ကုန် မြို့သို့  ဧပြီ ၁၉ ရက်တွင် ရောက်ရှိ  ပြီး  ဧပြီ  ၂၁    ရက်တွင်    မီးရှူးတိုင် သယ်ယူခြင်း    အစီအစဉ်အား ဆောင်ရွက်မည်   ဖြစ်ကြောင်း၊  အားကစားပြိုင်ပွဲ အထိမ်းအမှတ် မီးရှူးတိုင်သယ်ယူခြင်း    အခမ်း  အနားကို(ကမ္ဘောဒီးယား၊ ဗီယက် နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အရှေ့  တီမော၊ မလေးရှား၊  စင်ကာပူနှင့် ထိုင်းနိုင်ငံ)   တို့တွင် နိုင်ငံအလိုက် ကျင်းပခဲ့ပြီး   ယခု   ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်၍    တာဝန်ရှိသူ အသီးသီး   ဝိုင်းဝန်းကူညီဆောင်  ရွက်ပေးရန် ပြောကြားသည်။

 


ထို့နောက်    တိုင်းဒေသကြီး အားကစားနှင့်     ကာယပညာ ကော်မတီဥက္ကဋ္ဌ၊  တိုင်းဒေသကြီး ဥပဒေချုပ်မှ  မီးရှူးတိုင်သယ်ယူ မည့်   အစီအစဉ်အား   Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက်   တိုင်းဒေသကြီး  ဝန်ကြီးများနှင့် တက်ရောက်လာ သူများက     မီးရှူးတိုင်သယ်ယူ  ရေးအခမ်းအနား   အောင်မြင်စွာ   ကျင်းပ‌နိုင်ရေး    ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးကြသည်။

 


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က  (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ    အားကစား ပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီ ယံ မသန်စွမ်းသူများ အားကစား  ပြိုင်ပွဲအထိမ်းအမှတ်   မီးရှူးတိုင် သယ်ယူရေး အောင်မြင်စွာကျင်းပ  နိုင်ရေး      တာဝန်ရှိသူများက   အားလုံးဝိုင်းဝန်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြရန်နှင့် လုံခြုံရေး  ကို အမြဲမပြတ် ဂရုပြုဆောင်ရွက် သွားကြရန် ပြောကြားသည်။


ဆန်းကျော်ဦး
(ပြန်/ဆက်)