(၂၉) ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၇


(၇၈)   နှစ်မြောက်       တပ်မတော်နေ့အထိမ်းအမှတ် (၂၉) ကြိမ်မြောက်    တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ    ဖွင့်ပွဲအခမ်းအနားကို  ယနေ့ နံနက်ပိုင်းတွင်     နေပြည်တော်ရှိ    စစ်ကြောရေးနှင့် တည်းခိုရေးစခန်း        စစ်ရေးပြကွင်း၌   ကျင်းပပြုလုပ် သည်။

 


အဆိုပါဖွင့်ပွဲအခမ်းအနားသို့     တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေး မှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိကြီး များ၊     နေပြည်တော်တိုင်း  စစ်ဌာနချုပ်တိုင်းမှူး၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊     အကဲဖြတ် အမှတ်ပေး အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်စစ်တီးဝိုင်းအသင်း များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


အခမ်းအနားအစီအစဉ်အရ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော     တပ်မတော်သားများအား အလေးပြုပြီး ညှိနှိုင်းကွပ်ကဲရေးမှူး  (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အဖွင့်မိန့်ခွန်း ပြောကြားသည်။

 


ထို့နောက် တပ်မတော်ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့ က သရုပ်ပြတီးခတ် ဖျော်ဖြေကြရာ ညှိနှိုင်းကွပ်ကဲရေး မှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် တက်ရောက်လာကြသည့်   တပ်မတော်အရာရှိ ကြီးများက ကြည့်ရှုအားပေးခဲ့ကြပြီး   တပ်မတော် ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့အား    ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက  ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 


အဆိုပါ (၇၈)  နှစ်မြောက်   တပ်မတော်နေ့  အထိမ်းအမှတ် (၂၉)ကြိမ်မြောက်   တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကို  ဖေဖော်ဝါရီ ၂၀ ရက် အထိ  ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး   ပြိုင်ပွဲဝင် စစ်တီးဝိုင်း အသင်းပေါင်း ၃၁ သင်း ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။      

 

သတင်းစဉ်