၂၆-၁၁-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ၏ (၁၀/၂၀၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၆ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌     ကျင်းပ ပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊   သတင်းထုတ်ပြန်ရေး  အဖွဲ့ခေါင်းဆောင်   ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့်    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က  သတင်းမီဒီယာ များ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။


သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာကြသည့် ဝန်ကြီး ဌာနများမှ သတင်းထုတ်ပြန်ရေးနှင့် ပြောရေးဆိုခွင့်ရှိသူများ၊ သတင်း မီဒီယာများအားလုံး ကျန်းမာရွှင်လန်း ကြပါစေဟု ဦးစွာ ဆန္ဒမေတ္တာ ပို့သအပ်ပါကြောင်း၊    ယနေ့ သတင်းစာရှင်းလင်းပွဲတွင်  အဓိက ပြောကြားသွားမည့်အကြောင်းအရာများမှာ   (တစ်)မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် ကျင့်သုံးလာသည့် နိုင်ငံခြားရေးမူဝါဒများနှင့် မျက်မှောက်အခြေအနေ၊ (နှစ်) နိုင်ငံတော်အစိုးရ၏    ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ (သုံး) NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ဆောင်ချက်များ၊ (လေး) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရှင်းလင်းသင့်သည်များကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ အစီအစဉ် (၁) မှ (၃)အထိ မိမိအနေ ဖြင့် ရှင်းလင်းပြောပြသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အပိုင်း ကို ဦးခင်မောင်ဦးက   ရှင်းလင်းပြောကြားသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ပထမဦးစွာ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်က ကျင့်သုံးပြု ခဲ့သည့်  နိုင်ငံခြားရေးမူဝါဒ  သို့မဟုတ်  နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင် မည်သည့်အခါမှ ရိုးသွားမည်မဟုတ်သည့် ဆိုရိုးစကား များရှိကြောင်း၊ “နိုင်ငံအချင်းချင်းဆက်ဆံရေးတွင် အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဟူ၍မရှိနိုင်၊ အမြဲတမ်း  မပြောင်းလဲသောအရာ ကား အမျိုးသားအကျိုးစီးပွားသာလျှင်ဖြစ်သည်” ဟု ပြောလိုကြောင်း၊ ထိုအဆိုက ၁၆၀၀ ပြည့်နှစ်လောက်ကတည်းက ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး ယနေ့အထိလည်း   နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် ရည်ညွှန်းနေရဆဲ၊ မှန်ကန်နေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ဟင်နရီ ကစ်ဆင်ဂျာက “နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ ကမ္ဘာကြီးသည် ယခုအထိ Reality ဘောင်မှ မလွတ်မြောက်သေး”ဟု ဆိုခဲ့ခြင်း ဖြစ်ပါ ကြောင်း ပြောကြားသည်။


မိမိတို့မြန်မာနိုင်ငံ၏    နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် ခေတ်အဆက်ဆက်ကျင့်သုံးလာသည့်    နိုင်ငံခြားရေးမူဝါဒများကို လေ့လာကြည့်လျှင် အပြောင်းအလဲ ၃ ခုအပေါ် မူတည်ပြီး လေ့လာ နိုင်ပါကြောင်း၊ ထိုအကြောင်းအရာများသည်  လွတ်လပ်၍  ဘက် မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ လွတ်လပ်၍တက်ကြွသော နိုင်ငံ ခြားရေးဝါဒ နှင့် လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒများဖြစ်ပါကြောင်း၊ အခြေခံဥပဒေ  ၃ ခုအပေါ် မူတည်ပြီး လေ့လာတာဖြစ်ကြောင်း ပြောကြားသည်။


လွတ်လပ်၍ဘက်မလိုက်သော မူဝါဒကို ချမှတ်ကျင့်သုံးခဲ့


၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၂)၊ ပုဒ်မ ၂၁၂ တွင် “ပြည်ထောင်စုမြန်မာနိုင်ငံသည် ပြည်ထောင်စုအချင်းချင်း  တရား မျှတမှုနှင့် နိုင်ငံတကာတို့  စောင့်ရှောက်အပ်သော ကျင့်ဝတ်မပြတ် ပေါင်းဖက်ဆောင်ရွက်ရေးကိုလည်းကောင်း ရွေးရမည်ဟူ၍ ခိုင်မာ သောအဓိဋ္ဌာန်ကိုပြုသည်” ဟု ဖော်ပြပါရှိကြောင်း၊ ထို့အပြင် မြန်မာ နိုင်ငံအနေဖြင့်  လွတ်လပ်ရေးရရှိသည့်အချိန်ကစပြီး   ပါလီမန် ဒီမိုကရေစီခေတ်(၁၉၄၈-၁၉၆၂)၊   တော်လှန်ရေးကောင်စီခေတ် (၁၉၆၂-၁၉၇၁)တွေ မြန်မာနိုင်ငံခြားရေးမူဝါဒအနေဖြင့် “လွတ်လပ် ၍ဘက်မလိုက်”သော မူဝါဒကို   ချမှတ်ကျင့်သုံးခဲ့ခြင်းကို တွေ့ရပါ ကြောင်း ပြောကြားသည်။
မိမိတို့နိုင်ငံသည် ၁၉၇၁ ခုနှစ်မှစတင်ပြီး လွတ်လပ်၍ ဘက်မလိုက် သော နိုင်ငံခြားရေးဝါဒမှ  လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး ဝါဒသို့ အသွင်ပြောင်းလဲကျင့်သုံးလာခဲ့ကြောင်း၊   ၁၉၇၄ ခုနှစ်က ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆ တွင် “နိုင်ငံတော်သည် လွတ်လပ်သောနိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက် ကျင့်သုံး၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေးကိုရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်” ဟူ၍   ဖော်ပြ ပါရှိခဲ့ကြောင်း၊ တပ်မတော်အစိုးရလက်ထက် နဝတအစိုးရအနေဖြင့် ကြေညာချက်အမှတ် ၃/၈၈နှင့် လွတ်လပ်၍တက်ကြွသော နိုင်ငံခြား ရေးဝါဒကျင့်သုံးသည်ဟု ထုတ်ပြန်ကြေညာခဲ့ပါကြောင်း ပြောကြား သည်။


ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ အပိုဒ် ၄၁ နှင့် ၄၂ တို့မှာ ဖော်ပြထားသည့့် နိုင်ငံခြားရေးဝါဒသည်   လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒဖြစ်သည်ကို  လေ့လာတွေ့ရှိရ ကြောင်း၊ မြန်မာ့နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေးတို့တွင် လွှမ်းမိုးနေသည့်အချက်များ များစွာရှိသော်လည်း   အဓိက  ဩဇာ ကြီးမားလွှမ်းမိုးနေသည့် သဘောတူညီချက်မှာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးမူကြီး  ၅  ချက်ဖြစ်ကြောင်း၊   မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် ပြောင်းလဲခဲ့သည့် နိုင်ငံခြားရေးမူဝါဒ ၃ ခုလုံးတွင် ပါဝင်နေခြင်းက “လွတ်လပ်၍” ဟူသော အဓိပ္ပာယ်ရသည့် စကားပုဒ် ဖြစ်ကြောင်း ထူးခြားစွာတွေ့နိုင်ပါကြောင်း ပြောကြားသည်။


မိမိတို့နိုင်ငံ၏ ခေတ်အဆက်ဆက်   နိုင်ငံခြားရေးမူဝါဒအပေါ် လွှမ်းမိုးနေသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်ကို ပြောလိုပါကြောင်း၊ ထိုအချက်များမှာ နံပါတ်(တစ်)အနေဖြင့် တစ်နိုင်ငံ ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံ က လေးစားရန်၊ နံပါတ်(နှစ်)အနေဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော် တိုက်ခိုက်မှုမပြုရန်၊ နံပါတ်(သုံး)အနေဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးရာများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊  နံပါတ် (လေး)အနေဖြင့်  တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူရည်တူမှုရှိစေရန် နှင့် နှစ်ဦးနှစ်ဖက် အကျိုးတူဖြစ်ထွန်းရန်၊ နံပါတ်ငါးအနေဖြင့် ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရန် အချက်များဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ အနေဖြင့် ခေတ်အဆက်ဆက် နိုင်ငံတကာဆက်ဆံရေးတွင် ထိုမူဝါဒ များကို တိကျစွာလိုက်နာကျင့်သုံးခဲ့ကြောင်း၊ ထိုကဲ့သို့ကျင့်သုံးနိုင်ခဲ့မှုကြောင့် မိမိတို့နိုင်ငံသည် ယခင်က ဒေသတွင်း၊ ယခု ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား လွတ်လပ်သော အချုပ်အခြာပိုင်နိုင်ငံအဖြစ် နှစ်ပေါင်း ၇၀ ကျော်ကြာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃ ခု၏ နိုင်ငံခြားရေးမူဝါဒတိုင်းတွင်ပါသည့် “ လွတ်လပ် ၍ ” ဆိုသောစကားနှင့် ထိုငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို ပေါင်းစပ်ကြည့်လျှင် ထိုမူကြီး ၅ ရပ်ကို မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်စွာကျင့်သုံးခဲ့ကြောင်း၊ “ဆက်လက်ပြီး ကျင့်သုံးနိုင်ကြောင်း၊ ကျင့်သုံးသင့်တယ်” ဟု တွေ့ရှိရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


အာဆီယံစိတ်ဓာတ်၊ အာဆီယံနည်းလမ်းများအတိုင်း လိုက်နာကျင့်သုံး


မိမိတို့နိုင်ငံသည် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ   ၂၃  ရက်နေ့တွင် အရှေ့တောင် အာရှနိုင်ငံများအသင်း (ASEAN) ကို အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ကြောင်း၊   အာဆီယံပဋိညာဉ်၊   အာဆီယံစိတ်ဓာတ်၊ အာဆီယံနည်းလမ်းများအတိုင်း လိုက်နာကျင့်သုံး နေထိုင်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် ကာလတွင် အသင်းကြီး၏ ၂၀၁၅ ခုနှစ်အလွန်   ရည်မှန်းချက်များ ဖြစ်သည့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း   APSC၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်း AFCC၊ အာဆီယံ စီးပွားရေးအသိုက်အဝန်း AEC  ထူထောင်ရေးလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများနှင့်အတူ အောင်မြင်စွာ   ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ ပါကြောင်း ပြောကြားသည်။


ယခုအချိန်အခါတွင်   အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲက   အချို့ နိုင်ငံများက  မြန်မာနိုင်ငံအနေဖြင့်   အာဆီယံအစည်းအဝေးများ တက်ရောက်ရေးကိစ္စအပါအဝင် ကိုယ်စားပြုမှုဆိုင်ရာကိစ္စများနှင့် တူညီဆန္ဒမရှိဘဲဆောင်ရွက်ခဲ့မှုများသည် အာဆီယံ၏ ပဋိညာဉ်စာတမ်း နှင့် အခြေခံမူများမှာ ပြဋ္ဌာန်းထားမှုမရှိခြင်း၊ အာဆီယံ၏  ရည်ရွယ် ချက်များကို ဆန့်ကျင်နေခြင်း တွေ့ရှိရသည့်အတွက်   မြန်မာနိုင်ငံ ဘက်မှ ကန့်ကွက်ကြောင်း၊   နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတကာဥပဒေတွင်  ပဋိညာဉ်များနှင့် ပတ်သက်ပြီး ထင်ရှားသည့် ဥပဒေစကားရပ်တစ်ရပ် ရှိပါကြောင်း၊ ထိုစကားရပ်က လက်တင်ဘာသာစကားဖြင့် “Pacta Sunt Servanda” (ပန်တာဆွန်စာဗင်ဒါ)ပဲဖြစ်ကြောင်း၊ အဓိပ္ပာယ်က  ပဋိညာဉ်များကို လိုက်နာရမည့် ဥပဒေသ “Agreements must be kept ” ဖြစ်ကြောင်း၊ နိုင်ငံတကာဥပဒေမှာ     ပဋိညာဉ်များသည်    သဘောတူထားသည့် အဖွဲ့များက စိတ်ရင်းအမှန်ဖြင့် လိုက်နာကျင့်သုံးခြင်း “Executed in good faith” ကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊  ပဋိညာဉ် ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံများအနေဖြင့်  ၎င်းတို့၏ ကတိ ကဝတ်များနှင့် ဖော်ဆောင်ရမည့် တာဝန်များကို ၎င်းတို့၏ အမြင့်မား ဆုံးစွမ်းရည် “ to the best of their abilities” အဖြစ် လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ အာဆီယံပဋိညာဉ်(The ASEAN Charter) သည် “The Vienna Conventin on the law of Treaties”  နှင့် အကျုံးဝင် သည့် ပဋိညာဉ်ဖြစ်ပါကြောင်း၊ ဗီယင်နာကွန်ဗင်းရှင်း အပိုဒ် ၂၆ အရ ပဋိညာဉ်ကို လက်မှတ်ရေးထိုးမည့် နိုင်ငံများအနေဖြင့် ပဋိညာဉ်တွင် ပါရှိသည့်အချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊  အဆိုပါကွန်ဗင်း ရှင်းမှာ အသက်ဝင်နေသည့် ပဋိညာဉ်များကို လက်မှတ်ရေးထိုးထား သည့် နိုင်ငံများအနေဖြင့်  ရိုးသားစွာ  အကောင်အထည်ဖော်ရမည်ဖြစ် ကြောင်း၊ ထိုအချက်များသည် နိုင်ငံတကာဥပဒေတွင်ရှိပြီး အချက်များ ဖြစ်သည့်အတွက် နိုင်ငံတိုင်း စောင့်ထိန်းရမည်ဖြစ်ကြောင်း ပြောကြား သည်။


တည်နေရာအနေအထားအရ အရေးပါမှုရှိ


အာဆီယံဒေသတွင်း အခြေအနေနှင့်ပတ်သက်ပြီး   အာဆီယံ ဒေသသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအကြား အချက်အချာ ကျကျတည်ရှိပြီး ကုန်းမြေပိုင်းနှင့် ကျွန်းစုပိုင်းနယ်မြေများပါရှိသည့် ဒေသဖြစ်ပါကြောင်း၊ ထိုသမုဒ္ဒရာ နှစ်စင်း၏ ကုန်သွယ်ရေးနှင့်လုံခြုံရေး အရ အရေးပါမှုသည်    တစ်နေ့တခြား    မြင့်မားလာနေကြောင်း၊ အင်ဒို-ပစိဖိတ်ရပ်ဝန်းဒေသတွင် အင်အားကြီးနိုင်ငံများ၏ အားပြိုင် လုပ်ဆောင်ချက်များသည် တစ်နေ့တခြား စိတ်ဝင်စားဖွယ်ကောင်း သည့် အနေအထား ဖြစ်ပေါ်လျက်ရှိကြောင်း၊ အာဆီယံဒေသတွင်းရှိ မလက္ကာရေလက်ကြားသည် ကမ္ဘာ့ကုန်သွယ်ရေး၊  လုံခြုံရေးတွင် အရေးပါသည့် နေရာဖြစ်ပါကြောင်း၊ ကုန်သွယ်သင်္ဘောများ အများဆုံး နီးပါးဖြတ်သွားနေသည့်နေရာဖြစ်ကြောင်း၊ ယင်းနေရာ အနီးတစ်ဝိုက် ရှိ အာဆီယံနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊  စင်ကာပူ နိုင်ငံ စသည့်နိုင်ငံများ ရှိပါကြောင်း၊ ယင်းဒေသကို လွှမ်းမိုးလိုသည့် နိုင်ငံကြီးများ၏ ပြိုင်ဆိုင်မှုလည်းရှိပါကြောင်း၊   ၎င်းတို့၏ အကျိုး စီးပွားအတွက် လုပ်ကိုင်ဆောင်ရွက်နေကြခြင်းများလည်း ရှိသည်ကို သိရှိစေလိုကြောင်း၊ ယခုနှစ် စက်တင်ဘာလတွင် အမေရိကန်၊ ဗြိတိန် နှင့် ဩစတြေးလျနိုင်ငံတို့သည် ၃ နိုင်ငံ လုံခြုံရေးဆိုင်ရာမဟာမိတ် (AUKUS) အဖြစ် ဖွဲ့စည်းမှုကိုကြေညာခဲ့ကြောင်း၊   ထိုအရာသည် ဒေသတွင်း လက်ရှိဖြစ်ပွားနေသည့် အခြေအနေများဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အဆိုပါနယ်မြေထဲ၌ တောင်အာရှ၏ အရှေ့ဘက်၊ အရှေ့တောင်အာရှဒေသ၏ အနောက်မြောက်ဘက်ဒေသကြီး  ၂ ခု ကြားတွင် တည်ရှိနေသည့်အပြင် အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား တည်ရှိနေသည့်နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့် တည်နေရာအနေအထားအရ အရေးပါမှုရှိတယ်ဟု ဆိုနိုင် ကြောင်း၊ အရေးပါသည်ဆိုတိုင်း သုခချည်းသာလာခြင်း   မဟုတ် ကြောင်း၊ အရေးပါမှုတွင် ဒုက္ခနှင့်သုခ ဒွန်တွဲနေကြောင်း၊ ခေတ်စကား နှင့်ပြောရလျှင် အခွင့်အလမ်း (Opportunity) နှင့်  ခြိမ်းခြောက်မှု (Threat)က ယှဉ်တွဲလျက်ရှိပါကြောင်း၊  မိမိတို့နိုင်ငံတွင် ယနေ့ ဖြစ်ပေါ်နေသည့်ကိစ္စတွေသည် ထိုအရာများနှင့် အနည်းနှင့်အများ ဆက်စပ်လျက်ရှိကြောင်း အသိပေးလိုပါကြောင်းနှင့် သတိရှိကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။


မိမိတို့နိုင်ငံသည် တည်နေရာအနေအထားအရ အရေးပါသည် ဆိုလျှင် ထိုအရေးပါမှုများကို အရာရောက်စေရေးအတွက် နိုင်ငံတကာ ဆက်ဆံရေးသည် အစိုးရ၏လုပ်ငန်း၊ သံတမန်များ၏  လုပ်ငန်းသာ မက ပြည်သူ့လုပ်ငန်း၊ နိုင်ငံသားတို့၏ လုပ်ငန်းအဖြစ် ခံယူလုပ်ဆောင် နိုင်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားသံတမန်ရေးရာ (Citizen Diplo-macy) နှင့် လူထုသံတမန်ရေးရာ (Public Diplomacy)တို့ ပါဝင်လာ မည်ဖြစ်ပါကြောင်း၊ နိုင်ငံသားသံတမန်ရေးရာ (Citizen Diplomacy) အယူအဆတွင် အစိုးရ၏  နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ရေးကိစ္စများ ကို အထောက်အကူပြုပေးနိုင်သည့် အစိုးရမဟုတ်သူများ၊ နိုင်ငံသား အချင်းချင်း ဆက်ဆံမှုများပါဝင်မည်ဖြစ်ပြီး အသိပညာရှင်၊ အတတ် ပညာရှင်အဖွဲ့အစည်းများ   အပြန်အလှန်ဆက်သွယ်ခြင်း၊ စီးပွားရေး အဖွဲ့အစည်းများ အချင်းချင်းဆက်သွယ်ခြင်းစသည်များ  ပါဝင်ပြီး အစိုးရ၏ သံတမန်နည်းလမ်းများကို  လုံးဝအစားထိုးခြင်းမဟုတ်ဘဲ ပါနိုင်သည့် အင်အားအခြေအနေများနှင့် နိုင်ငံ့ကောင်းကျိုး ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူထုသံတမန်ရေးရာ (Public Diplo-macy)တွင် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို မြှင့်တင်နိုင်ရန်၊ ကာကွယ်စောင့်ရှောက်နိုင်ရန် မိမိနိုင်ငံ၏ပုံရိပ်များ၊ တန်ဖိုးများကို နိုင်ငံ တကာကသိရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။


မြန်မာနိုင်ငံအနေဖြင့်   အာဆီယံအဖွဲ့ထဲကို   ၁၉၉၇   ခုနှစ်၊ တပ်မတော်အစိုးရလက်ထက်ကတည်းက    ဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း၊ အစိုးရကို ကိုယ်စားပြုဝင်ရောက်ခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံတော် ကို ကိုယ်စားပြုဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အာဆီယံသည် လူမှု အသိုက်အဝန်းတစ်ခုဖြစ်ကြောင်း၊ EU၊ AU စသည့် အဖွဲ့တွေနှင့် မတူ ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် ပဋိညာဉ်များ၊ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာလျက်ရှိကြောင်း၊ အချို့နိုင်ငံများအနေဖြင့် အယူ အဆ၊ အယူဝါဒကွဲပြားမှုများရှိပါကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိတို့ အနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံခြားရေးမူဝါဒ အတိုင်း (တစ်)လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြား ရေးဝါဒ၊ (နှစ်) ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး၊ (သုံး) နိုင်ငံအချင်းချင်း  ငြိမ်းချမ်းစွာ  အတူ ယှဉ်တွဲနေထိုင်ရေးများကို ဆက်လက်လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။


ပညာသင်ယူခြင်းသည် ကျောင်းသား၊ ကျောင်းသူများအတွက် အရေးပါပြီး ရပ်တန့်၍မရသည့် လုပ်ငန်းတစ်ရပ်ဖြစ်
ဒုတိယအချက်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်အစိုးရ၏  ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက် ချက်များကို ပြောကြားလိုပါကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်မှု အနေဖြင့် မိမိတို့နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ အခြေခံပညာကျောင်းများ ပိတ်ထားခဲ့ရကြောင်း၊ နစကအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို တစ်ပြိုင်တည်း ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ သို့သော် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကြောင့် ဇူလိုင်လကစပြီး ကျောင်းများ ထပ်မံပိတ်ထားခဲ့ရကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြား/သင်ယူမှု အခွင့်အလမ်းများ လျော့နည်းခဲ့ရကြောင်း၊ ပညာသင်ယူခြင်းသည် ကျောင်းသား၊ ကျောင်းသူများအတွက် အရေးပါပြီး   ရပ်တန့်၍မရ သည့် လုပ်ငန်းတစ်ရပ်ဖြစ်ခြင်းကြောင့်  နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသားများ ပညာသင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရန်အတွက် ဦးစားပေးပြီး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အချိန် တွင် မိဘပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာခြင်း၊ ပိုးတွေ့ရှိမှုနှုန်း သိသာစွာကျဆင်းလာခြင်း၊ ကာကွယ်ဆေးထိုးနှံမှု များအား ဦးတည်အုပ်စု ၂၄ ခု သတ်မှတ်ထားသည့် ဦးစားပေးအစီအစဉ် အလိုက်အရ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူပေါင်း ၁,၂၂၃,၀၅၄ ဦး (၁၂ သိန်းကျော်)ကို ပထမအကြိမ်  ကာကွယ်ဆေး ထိုးနှံပြီးစီးခြင်း၊ ဆေးထိုးနှံပြီးစီးမှု ၆၆ % ခန့်ရှိခြင်းကြောင့် နိုဝင် ဘာလ ၁ ရက်နေ့ကစပြီး အခြေခံပညာကျောင်းများကို မြို့နယ် ၄၆ မြို့နယ်မှအပ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ အဆိုပါ ၄၆ မြို့နယ်ရှိ ကျောင်းများ    ဆက်လက်ပိတ်ထားရမည့်      အခြေအနေဖြစ်ပါက နေအိမ်၌  ကိုယ်တိုင်လေ့လာသင်ယူနိုင်ရန်အတွက်   ဖြေလျှော့သင်ရိုး   (Reduced Curriculum)များကို ကျောင်းသား၊ ကျောင်းသူများထံ ရောက်ရှိသည့်အထိ ဖြန့်ဝေဆောင်ရွက်မည်ဖြစ်ကြောင်း၊  နောက် တစ်နည်းက နေအိမ်တွင် ကိုယ်တိုင်လေ့လာသင်ယူနိုင်သည့် DBE Stick များ ဖြန့်ဝေနိုင်ရန်အတွက် လျာထားစီစဉ်ဆောင်ရွက်နေခြင်းများ ရှိကြောင်း၊ အဆိုပါ ၄၆ မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု တဖြည်းဖြည်းကျဆင်းလာပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မည့် အခြေအနေဆိုလျှင် ဖြေလျှော့သင်ရိုး (Reduced Curriculum) အတိုင်း ပြည့်မီအောင် ကျောင်းသား၊ ကျောင်းသူများကို အစားထိုးသင်ယူစေမည့်နည်းလမ်းများနှင့် သင်ကြားပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ  ၄,၇၇၂,၉၄၃ ဦး (၄၇ သိန်းကျော်)ရှိပြီး လက်ရှိအခြေအနေအထိ ကျောင်းတက်ရောက် သူသည် ၃,၃၁၃,၄၈၂ ဦး (၃၃ သိန်းကျော်) ရှိခြင်းကြောင့် ကျောင်းတက် မှု ရာခိုင်နှုန်းအားဖြင့် ၇၀% ခန့် ရှိပါကြောင်း ပြောကြားသည်။


သင်ခန်းစာများ သင်ယူမှုအခြေအနေအနေဖြင့်  ကျောင်းသား/ကျောင်းသူများ ပညာသင်ယူရာတွင် မဖြစ်မနေလိုအပ်သည့် သင်ခန်း စာများကို ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ၏ အဆင့်မြင့်ပညာဦးစီးဌာနတို့ပူးပေါင်းပြီး သင်ကြားမည့်ကာလ နှင့် လိုက်လျောညီထွေရှိသည့် ဖြေလျှော့သင်ရိုး(Reduced Curri-culum)ကို ညှိနှိုင်းရေးဆွဲပြီး သင်ကြားပေးလျက်ရှိကြောင်း၊ အခြေခံ ပညာ အတန်းအားလုံးအတွက် မူလသတ်မှတ်ထားသည့်  သင်ရိုး ညွှန်းတမ်း ၁၀၀ ရာခိုင်နှုန်း အနက် ၆၀ ရာခိုင်နှုန်းခန့်ကို ကျောင်းတွင် သင်ကြားပြီး၊ ကျန် ၄၀ ရာခိုင်နှုန်းခန့်ကို ကိုယ်တိုင်လေ့ကျင့်ရမည့်သင်ခန်းစာနှင့် အိမ်တွင်းလေ့ကျင့်ခန်းပြုလုပ်သည့်ပုံစံအဖြစ် ပြောင်းလဲ ပြီး ကျင့်သုံးသင်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ပြောကြား သည်။


ကျောင်းအမြန်တက်ရောက်နိုင်ရေး တိုက်တွန်းနှိုးဆော်


စာမေးပွဲစစ်ဆေးဆောင်ရွက်သွားမည့် အခြေအနေများအနေဖြင့် ကျောင်းသားများ၏ သင်ယူမှု၊ တတ်မြောက်မှုရလဒ်ကို တိုင်းတာရန် အတွက် ကျောင်းတွင်း စစ်ဆေးအကဲဖြတ်ခြင်းကို    ပထမနှစ်ဝက် စစ်ဆေးခြင်းနှင့် နှစ်ဆုံးစစ်ဆေးခြင်းဆိုပြီး နှစ်ကြိမ်   ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ပထမနှစ်ဝက်စစ်ဆေးခြင်းကို   ၂၀၂၂  ခုနှစ်  ဇန်နဝါရီလ၊ ပထမပတ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုစစ်ဆေး ခြင်းတွင် နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ သင်ယူခဲ့သည့် သင်ခန်းစာ များ ပါဝင်မည်ဖြစ်ကြောင်း၊ နှစ်ဆုံးစစ်ဆေးခြင်းကို မတ်လလောက် တွင် စစ်ဆေးရန် ရည်မှန်းထားပြီး  ဇန်နဝါရီလမှ မတ်လအတွင်း သင်ယူခဲ့သည့် သင်ခန်းစာများကို စစ်ဆေးအကဲဖြတ်မည်ဖြစ်ကြောင်း၊ သင်ရိုးဟောင်း (Grade-11) တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို    ဧပြီလ သင်္ကြန်မတိုင်ခင်အတွင်း စစ်ဆေးမည်ဖြစ်ပြီး   ကျောင်းတွင်းစစ် အတန်းများ၏ နောက်ဆုံးစစ်ဆေးခြင်းကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မတိုင်မီ မတ်လအတွင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ (Grade-1 ကနေ Grade-3) ထိ တတ်မြောက်မှုစစ်ဆေးခြင်းကို   စာသင်ခန်း အတွင်း ပုံမှန်စစ်ဆေးအကဲဖြတ်ခြင်းဖြင့်    ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စာသင်နှစ်ကာလသည် ၆ လခန့်သာ ကြာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိမေတ္တာရပ်ခံလိုသည်မှာ မိဘပြည်သူများ၊  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းအပ်နှံမှု မနှောင့်နှေး စေဘဲ အချိန်မီအပ်နှံရန်၊  ကျောင်းခေါ်ချိန်ပြည့်မီစေရန်  ကျောင်းသား၊ ကျောင်းသူများ ကျောင်းအမြန်တက်ရောက်နိုင်ရေး ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။


ဆက်လက်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်ပြီး နိုင်ငံတော် အစိုးရ၏ လုပ်ဆောင်ချက်များကို ပြောကြားလိုကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်အနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး  လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဘူး ဆိုသည့် မူဝါဒအတိုင်း ကိုဗစ်-၁၉   ကပ်ရောဂါ တတိယလှိုင်းကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ကို အစိုးရ၊ ပြည်သူလူထု၊ လူမှုရေးအသင်းအဖွဲ့များနှင့် တပ်မတော် တို့ ပူးပေါင်းဆောင်ရွက်ပြီး ရောဂါကာကွယ်၊ ထိန်းချုပ်၊  ကုသရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုကဲ့သို့ ပူးပေါင်းဆောင် ရွက်မှုများကြောင့် အဆိုပါလ နောက်ဆုံးပတ်အတွင်း ရောဂါပိုးကူးစက် မှုနှုန်းသည် ၂ ဒသမ ၃၅ ရာခိုင်နှုန်းသာရှိကြောင်း၊  မိမိတို့နိုင်ငံ၏ ရောဂါပိုးကူးစက်မှု အများဆုံးဖြစ်သည့် ဇူလိုင်လ ၂၃ ရက်နေ့တွင် ဆေးစစ်ခဲ့ သူများအနက် ၄၁ ရာခိုင်နှုန်း ပိုးတွေ့ရှိခဲ့ခြင်းနှင့် ယှဉ်လျှင် ပိုးတွေ့ရှိမှု နှုန်းသည် ၃၈ ဒသမ ၆၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့ကြောင်း၊ ထိုလုပ်ဆောင်ချက်များသည် မိမိတို့အားလုံး၏ တာဝန်သိသိ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အကျိုးကျေးဇူးများကြောင့်ဖြစ်ကြောင်း၊ အစိုးရ တစ်ရပ်အနေဖြင့် ပြည်သူလူထုအပေါ်   ကျန်းမာရေးစောင့်ရှောက်မှု မည်မျှအထိ အလေးအနက်ထားသည်ကို   ဖော်ပြချက်တစ်ခုဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်း ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ကောင်းမွန်စွာထိန်းချုပ် နိုင်သည့် အခြေအနေတွင်ရှိပြီး Stay at Home   အကျုံးဝင်သည့် မြို့နယ် ၁၁ မြို့နယ်သာရှိသည်ကို ပြောကြားလိုကြောင်း၊ မြန်မာ နိုင်ငံတွင်   ကိုဗစ်-၁၉  ရောဂါမှ    ပြန်လည်ကောင်းမွန်လာမှုနှုန်း (Recovery) အနေဖြင့် ၉၈ ဒသမ ၄၇ ရာခိုင်နှုန်းရှိသည့်အတွက် အခြားနိုင်ငံများနည်းတူ   ပြန်လည်ကောင်းမွန်မှုနှုန်းရှိသည်ကို ပြောလိုပါကြောင်း ပြောကြားသည်။


ကာကွယ်ဆေးလွှမ်းခြုံမှုမြင့်မားအောင် ဆောင်ရွက်နေ


ဆက်လက်ပြီး ကိုဗစ်ကာကွယ်ဆေးများရရှိမှုအနေဖြင့် ၂၀၂၁ ခုနှစ်  နိုဝင်ဘာလ ၂၂ ရက်နေ့အထိ    ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစုစုပေါင်း ၃၁ သန်း ကျော်နှင့် မိတ်ဆွေနိုင်ငံများက လှူဒါန်းလာသည့်  ကာကွယ်ဆေး စုစုပေါင်း ၁၀ သန်းကျော်ရရှိပြီး ဖြစ်ခြင်းကြောင့် စုစုပေါင်း ၄၁ သန်း ကျော် ရရှိပြီးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စုစု ပေါင်း ၃၁ သန်းကျော် ဝယ်ယူထားသည့်ဆေးများ အားလုံးရောက်ရှိပြီး ဖြစ်ကြောင်း၊ လှူဒါန်းမှုအနေဖြင့် ၁၀ သန်းကျော်ဖြစ်ကြောင်း၊ ဝယ်ယူ ထားသည့်ဆေးများ အားလုံးရောက်ရှိပြီးဖြစ်ကြောင်း၊ လှူဒါန်းသည့် ဆေးများထဲတွင် တရုတ်နိုင်ငံက လှူဒါန်းထားသည့် ၆ သိန်း ကျော်သာ ရောက်ရန် ကျန်ရှိကြောင်း၊   တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ် မြို့ကြီးများအတွက်ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့်  Russia နိုင်ငံထုတ် Sputnik Light ၂ သန်းကို ထပ်မံဝယ်ယူရေး စာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း၊ လာမည့် ဒီဇင်ဘာလ ထဲတွင် ရောက်ရှိမည်ဖြစ်ကြောင်း၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများအတွက် လိုအပ်သည့်ကာကွယ်ဆေးများ  ထပ်မံ ရရှိရန် ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် ညှိနှိုင်းဆောင်ရွက် နေသလို စက်မှုဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံနှင့် သဘောတူညီ ချက်ရယူပြီး   ပြည်တွင်းတွင်   ကာကွယ်ဆေးများထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ အတွင်းရောက်ရှိနေသည့် ကာကွယ်ဆေး၊ ပြည်ပနိုင်ငံများက ထပ်မံ ရောက်ရှိလာမည့် ကာကွယ်ဆေးများကို အသုံးပြုပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုမြင့်မားအောင် ဆောင်ရွက် နေကြောင်း၊  ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ကမ္ဘာတွင် နောက်ထပ် ဖြစ်ပွားနေသည့် စတုတ္ထလှိုင်း ထပ်မံဖြစ်ပွားမှုမရှိစေရေး   ကြိုးပမ်း ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။


ခရီးသွားလုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်


ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် နိုဝင်ဘာလ ၂၀  ရက်နေ့အထိ  တစ်နိုင်ငံလုံးလူဦးရေ၏ စုစုပေါင်း ၁၅ ဒသမ ၃ သန်းကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး  ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၁၀ ဒသမ ၄ သန်း၊   ပထမအကြိမ် ထိုးနှံပြီးစီးသူ ၄ ဒသမ ၉ သန်း၊ ထိုးနှံပြီးကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၂၅ ဒသမ ၈ သန်းကို ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်အကုန်တွင် ရည်မှန်းအသက် ၁၈ နှစ်နှင့်အထက်  လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပြီးစီးရန် ရည်မှန်းထားကြောင်း၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများကို    ကာကွယ်ဆေးထိုး စီမံ ခန့်ခွဲမှုသတင်းအချက်အလက်စနစ်(VMIS)တွင် စနစ်တကျ ထည့်သွင်း ပြီး QR Code စနစ်နှင့် အသိအမှတ်ကတ်ပြားများကို ပြုလုပ်ထုတ်ပေး လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ထုတ်ပေးခြင်းအားဖြင့် ကာကွယ်ဆေး ထိုးပြီးသူများအနေဖြင့် ခရီးသွားလာရာတွင် ကာကွယ်ဆေးထိုးနှံပြီး ကြောင်း အထောက်အထားအဖြစ် ပြသနိုင်မည်ဖြစ်သကဲ့သို့ ကာကွယ် ဆေးထိုးနှံပေးသည့် တာဝန်ရှိသူများအနေဖြင့် ဆေးထိုးပြီး/မပြီးကို ခွဲခြားသိရှိနိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ လျော့နည်းလာ ခြင်းနှင့်အမျှ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းများ၊ နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်   အစိုးရအနေဖြင့်   ရည်ရွယ် ဆောင်ရွက်လျက်ရှိကြောင်း၊  ယခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအနေဖြင့် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုလုပ်ဆောင်ချက်များက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး မိမိတို့ အစိုးရ၏ ဆောင်ရွက်ချက်များဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်ပြီး NUG၊ PDF  အမည်ခံ  အကြမ်းဖက်သမားများ ၏  အကြမ်းဖက်လုပ်ဆောင်ချက်များကို      ပြောကြားလိုကြောင်း၊ ထိုအကြောင်းများမပြောမီ EAO အဖွဲ့အချို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား မှု အခြေအနေအချို့ကို ဦးစွာပြောလိုကြောင်း၊ EAO အဖွဲ့များထဲက KIA တပ်မဟာ(၃)နှင့် ဆက်စပ်နယ်မြေ၊ KNU တပ်မဟာ(၅) နှင့် ဆက်စပ်နယ်မြေ၊ CNF တို့နှင့် ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ကြောင်း၊ ယခု အောက်တိုဘာလနှင့်နိုဝင်ဘာလထဲတွင် ရှမ်းပြည်နယ်အရှေ့ မြောက်ဘက်၌ MNDAA နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု  ခပ်စိပ်စိပ် ဖြစ်လာခြင်း တွေ့ရကြောင်း၊ ထိုနေရာတွင် ထူးခြားချက်က MNDAA ကိုးကန့်အဖွဲ့ဖြင့် ထိတွေ့တိုက်ပွဲတိုင်းတွင် ကျည်သုံးစွဲမှု၊   ခဲယမ်း သုံးစွဲမှု ယခင်ကထက်ပိုပြီး   အမြောက်အမြား   အသုံးပြုနေခြင်းကို  တွေ့ရကြောင်း၊ မိမိတို့ မြေပြင်ရရှိသတင်းနှင့် အခြားအရင်းအမြစ် များက  ရရှိသည့်သတင်းများအရ   ဥပမာ  လက်နက်ငယ်ကျည် ၂၆၀၀၀၀ ကျော်(၂သိန်းခန့်နီးပါး)၊ RPG ဗုံးသီး ၅၃၀၀ ကျော်၊ ၁၀၇ မမဒုံး ၄၀ ကျော် ပစ်ခတ်ခဲ့ခြင်းတွေ့ရကြောင်း၊ ထိုကဲ့သို့များပြားသည့် ကျည်၊ ခဲယမ်းပမာဏများရရှိ၊ ပစ်ခတ်နိုင်ခြင်းသည် သံသယရှိဖွယ် အရင်းအမြစ်ကို ဆက်စပ်ဖော်ထုတ်ရန် လိုအပ်သည့်အကြောင်းအရင်း များ ဖြစ်ပါကြောင်း ပြောကြားသည်။


NUG ၊ CRPH နှင့် PDF  အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များအကြောင်း ပြောလိုကြောင်း၊  ယခုလပိုင်း အတွင်း  အကြမ်းဖက် NUG  အဖွဲ့က လုပ်ခဲ့သည့် “ Hit List ” ဆိုသည့် စာရင်းနှင့်ပတ်သက်ပြီး မီဒီယာများသိပြီးဖြစ်ကြောင်း၊ ခြိမ်းခြောက်ခံ ရပြီး ထုတ်ဖော်မပြောရဲအောင် ဆောင်ရွက်ခံရသူလည်း အများအပြား ရှိကြောင်း၊ လက်တွေ့မှာ ခြိမ်းခြောက်ခံရပြီး ထုတ်ဖော်ပြီး မပြောရဲ သည့်   အခြေအနေများရှိကြောင်း၊  ထိုအကြောင်းနှင့်ပတ်သက်ပြီး  အသေးစိတ်  မပြောလိုသော်လည်း ခြိမ်းခြောက်ခံရသူ၊ နစ်နာခဲ့သူများ အနေဖြင့် နိုင်ငံတကာသံရုံးများကို အကြောင်းကြားရာတွင် ထိုသတင်း ပေါက်ကြားစေမှုကို  အချို့သံရုံး  အရင်းအမြစ်များဆီက ရရှိခဲ့ခြင်း တွေ့ရကြောင်း၊ ထိုစာရင်းသည် ၎င်းတို့လုပ်ခြင်း မဟုတ်ဘူးဆိုပြီး  NUG အကြမ်းဖက်အဖွဲ့က လူများအသည်းအသန် ငြင်းပြ၊ ရှင်းပြ နေခြင်းကို  တွေ့ရပါကြောင်း၊  ထိုသို့လုပ်ဆောင်ခြင်းများကို  နိုင်ငံ တကာအဖွဲ့နှင့်  သံရုံးအချို့က  နှုတ်ပိတ်နေသည်ကိုလည်း  အံ့ဩ ဖွယ်ရာ တွေ့ရှိရကြောင်း ပြောကြားသည်။


အစွန်းရောက်အတွေးအခေါ်များကို သင်ကြားပေးခဲ့


၎င်းတို့    မည်သို့ပင်ငြင်းနေကြပါစေ၊   NUG၊ PDF  အမည်ခံ  အကြမ်းဖက်အဖွဲ့များအနေဖြင့်  ၎င်းတို့၏   အကြမ်းဖက်လုပ်ရပ်များ၊  အကြမ်းဖက်လုပ်ရပ်များလုပ်ရန်  သွေးထိုးလှုံ့ဆော်မှုများသည်  မတွေ့ ချင်၊ မမြင်ချင်အဆုံး ဖြစ်ပါကြောင်း၊ ၎င်းတို့ အကြမ်းဖက်ခေါင်းဆောင် များ၊ အဓိကလှုံ့ဆော်သူများ လုပ်ခဲ့သည့် ထင်ရှားသည့်အရာများကို   ပြောပြလိုကြောင်း၊  NUG အဖွဲ့က  အဓိကလှုံ့ဆော်သူ   ဆာဆာအနေဖြင့် ၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီလအတွင်း  ဆောင်ရွက်ခဲ့သည့်  အမေရိကန် နိုင်ငံသားတစ်ဦး၏ အွန်လိုင်းအကြမ်းဖက်သင်တန်းတွင် တက်ရောက် အားပေးစကားပြောခဲ့ကြောင်း၊   အဆိုပါသင်တန်းတွင်  လက်လုပ် သေနတ်၊ လက်လုပ်ဗုံးပြုလုပ်နည်းများ၊ အကြမ်းဖက်ဖောက်ခွဲနည်းများ နှင့်    အစွန်းရောက်အတွေးအခေါ်များကို   သင်ကြားပေးခဲ့ခြင်းကို လွတ်လပ်သည့် အင်တာနက်မီဒီယာတစ်ခုဖြစ်သည့် New Naratif က စက်တင်ဘာလ ၉ ရက်နေ့တွင်  ဖော်ထုတ်ရေးသားခဲ့ကြောင်း၊ အဆိုပါ New Naratif က ရေးသားခြင်းကို NUG အကြမ်းဖက်အဖွဲ့မှာ ဆာဆာက ထိုသတင်းဌာနကို တရားစွဲမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းကို တွေ့နိုင်ကြောင်း၊  ယခုပေါ်ထွက်လာသည့်  Hit List ကိစ္စကဲ့သို့  ၎င်းတို့ NUG၊ PDF  အဖွဲ့များ၏     အကြမ်းဖက်လုပ်ရပ်များကို    သက်သေ အထောက်အထားများအဖြစ် ဖြစ်နေခြင်းကြောင့် ယခုကဲ့သို့ တန်ပြန် ငြင်းဆို ခြိမ်းခြောက်ခြင်းအတွက် သာဓကပဲဖြစ်ပါကြောင်း ပြောကြား သည်။


နောက်တစ်ခုက   ၂၀၂၁ ခုနှစ်၊   ဇွန်လ ၇ ရက်နေ့တွင်   NUG အကြမ်းဖက်သမား  ဇော်ဝေစိုးက လူတော်တော်များများပါသည့် Zoom Meeting တစ်ခုတွင် အကြမ်းဖက်လုပ်ငန်းများလုပ်ရန် လှုံ့ဆော် ခဲ့ခြင်းကို   ယခင်က   သတင်းစာရှင်းလင်းပွဲတွင်   ပြသခဲ့ကြောင်း၊ “အိတ်သေးသေးလေးတွေ   သယ်လာရင်   ဖွင့်မကြည့်ဖို့လိုတယ်၊ ဖွင့်ကြည့်ရင်  ကိစ္စတုံးသွားမယ်၊  အစားအစာတွေလည်း အဆိပ်ခတ် ထားတယ်” ဟု  ပြောကြားခဲ့သည့်  ဗီဒီယိုဖိုင်သည် အကြမ်းဖက် လုပ်ငန်းများအတွက်   ငြင်းမရသည့်  သက်သေများဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အဆိပ်ခတ်ထားသည့် အစားအစာများပေး ခဲ့ခြင်း၊ တန်ဆောင်မုန်းလပြည့်နေ့ မြန်မာ့ရိုးရာ ပံ့သကူပစ်လှူဒါန်းပွဲကို အသုံးချပြီး  ဗုံးထည့်တိုက်ခိုက်ခဲ့ခြင်းကြောင့်  ပြည်သူလူထုအချို့ သေခဲ့ရခြင်းများသည် ၎င်းတို့၏ ပယောဂမကင်းကြောင်း၊ အလားတူ ယခင် NLD မှ မျိုးရန်နောင်သိမ်းကလည်း ကျောင်းတွေဖွင့်တုန်းက ပြည်သူလူထု၏ သားသမီးများကို ကျောင်းမပို့ကြရန်နှင့် ကျောင်းပို့ရင် ခြေပြတ်၊ လက်ပြတ်ဖြစ်သွားနိုင်ကြောင်း၊ အသက်သေဆုံးနိုင်သည်ဟု ခြိမ်းခြောက်သည့် အကြမ်းဖက်လှုံ့ဆော်မှုကို ထင်ထင်ရှားရှား တွေ့နိုင် ကြောင်း ပြောကြားသည်။
NUG ၊ PDF  အမည်ခံအကြမ်းဖက်အဖွဲ့များ၏  ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာ လ ၁၁ ရက်နေ့အထိ သံဃာတော် ၁၂ ပါးပျံလွန်တော်မူခဲ့ရကြောင်း၊ ထို့အပြင် နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၁၂ ဦးသေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း၊  ကျန်းမာရေး ဝန်ထမ်း  ၃ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း၊ နိုဝင်ဘာလ     ၁၆ ရက်နေ့အထိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ ၁၉၈ ဦးခန့် သေဆုံးခဲ့ပြီး   ၁၄၈ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း၊ အထွေထွေအုပ်ချုပ်ရေး၊ အကျဉ်းဦးစီး၊ နတလ၊ သစ်တော၊ လျှပ်စစ်စသဖြင့် အခြားနိုင်ငံ့ဝန်ထမ်း ၃၈ ဦးခန့်သေဆုံးခဲ့ပြီး ၇၉ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း၊ အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခံရသူစုစုပေါင်း ၂၄၈ ဦးခန့်နှင့် ထိခိုက်ဒဏ်ရာ ရရှိသူ  ၂၂၇ ဦးခန့်   ရှိပြီဖြစ်ကြောင်း၊   အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခံရမှုကြောင့် နိုဝင်ဘာလ ၁၅ ရက် အထိ   စာသင်ကျောင်း  ၄၄၄ ကျောင်းနှင့်  ဆေးရုံ/ဆေးခန်းပေါင်း ၂၅ ခုခန့် ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ မြို့နယ် ၁၀ မြို့နယ်တွင်   ဈေး ၁၀ ခုက  ဈေးဆိုင်ခန်းများ၊ လမ်း/တံတား စုစုပေါင်း ၃၉၇ ခု ပျက်စီးဆုံးရှုံးခဲ့ရသလို နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ဘဏ် ၆၇ ခု မီးရှို့ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း၊၊ ဒါက NUG ၊ CRPH အကြမ်းဖက်အဖွဲ့အစည်းများ၏     နိုင်ငံတစ်ဝန်းမှာလုပ်နေတဲ့ အကြမ်းဖက်ဖျက်ဆီးမှု  လုပ်ဆောင်နေသည့်  လုပ်ဆောင်ခြင်းများ ဖြစ်ကြောင်း ပြောကြားသည်။


အကြမ်းဖက်လုပ်ငန်းများလုပ်ရန် စစ်ဆင်ရေးစီမံချက်များရေးဆွဲ


ဆက်လက်ပြီး    ရန်ကုန်မြို့က   ဖမ်းဆီးရမိသည့်   တရားခံ ဖြိုးဇေယျာသော် ကိစ္စပြောလိုကြောင်း၊ ၎င်းကို ဖမ်းဆီးရမိသည့်သတင်း နှင့် နောက်ဆက်တွဲသတင်း တော်တော်များများကို ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း၊ ၎င်းကိုစစ်ဆေးမေးမြန်းချက်များအရ NUG ၊ CRPH အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့၏ ဆက်စပ်မှု များကို သင်ပုန်းများတွင် အသေးစိတ်ဇယားဆွဲ ဖော်ပြထားကြောင်း၊ ၎င်းအနေဖြင့်  NUG ၊ CRPH  အကြမ်းဖက်အဖွဲ့၏စေခိုင်းချက်အရ တောင်ပိုင်းဒေသ ရန်ကုန်အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းထားမှုနှင့် NLD ပါတီဝင် ဖြိုးဇေယျာသော်၏ ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဆက်စပ်တရားခံများ ဖမ်းဆီးရမိမှုကို ဇယားနှင့် အသေးစိတ်ဖော်ပြထားကြောင်း၊ ၎င်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း   အရှေ့ပိုင်းခရိုင်    အကြမ်းဖက်အဖွဲ့၊   တောင်ပိုင်းခရိုင် အကြမ်းဖက်အဖွဲ့၊ မြောက်ပိုင်းခရိုင်အကြမ်းဖက်အဖွဲ့နှင့် SOF အမည်ခံ အကြမ်းဖက် အဖွဲ့ ၄ ခုကို  ဖွဲ့စည်းခဲ့ပြီး  မြို့နယ်အလိုက်   အဖွဲ့ခွဲများ ကိုလည်း   ဖွဲ့စည်းထားကြောင်း၊  အကြမ်းဖက်မှုများလုပ်ဆောင်ရန်  ဧရိယာ ၇ ခု သက်မှတ်ထားပြီး ဧရိယာ ၁ တွင် မင်္ဂလာဒုံ၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် ထန်းတပင်ပါကြောင်း၊ ဧရိယာ ၇ တွင် ဒဂုံမြို့သစ်(တောင်)၊ ဒဂုံဆိပ်ကမ်း၊ သာကေတ၊ ဒေါပုံနှင့် သန်လျင် ပါကြောင်း၊ ထိုဧရိယာ ခွဲထားသည်များ၊  ဧရိယာထဲမှာပါသည့်  မြို့နယ် များကိုလည်း  ပြီးရင်အသေးစိတ်လေ့လာနိုင်ကြောင်း၊ ၎င်းကိုဖမ်းဆီး မရခင်ကတည်းက     ၎င်းနှင့်ဆက်စပ်ပြီး     အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်ခဲ့သူများ၊ ၎င်းကိုဖမ်းဆီးရမိပြီးနောက် စစ်ဆေးတွေ့ရှိချက် အရ  ဖော်ထုတ်ဖမ်းဆီးရမိသည့်  အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူ စုစုပေါင်း ၂၉၃ ဦးရှိကြောင်း၊ လက်နက်ငယ်မျိုးစုံ ၁၆၉ လက်၊   လက်လုပ်သေနတ် ၂၃၁ လက်၊  လက်လုပ်စိန်ပြောင်း ၆ လက်၊ ကျည်မျိုးစုံ ၂၀၀၀၀ ခန့်၊ ၄၀ မမဗုံးသီး ၄၃ လုံး၊ လက်လုပ် ဒုံးသီး/ဗုံးသီး ၁၇၅ လုံး၊  လက်ပစ်ဗုံး ၄၈ လုံး၊  မိုင်းမျိုးစုံ ၁၆ လုံး၊ လက်လုပ်မိုင်း ၁၀၉၉ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ ခဲ့ကြောင်း၊   ယင်းအရာများသည်    အန္တရာယ်အလွန်ကြီးမားသည့် ပမာဏဖြစ်တယ်လို့    ပြောလိုပါကြောင်း၊   ၎င်းတို့၏  ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များအနေဖြင့် ၄ ခုကို ဖော်ထုတ်သိရှိရ ကြောင်း၊ အဆိုပါ ၄ ခုမှာ နံပါတ်(တစ်) ရန်ကုန်မြို့တွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမှုများ၊ အပြစ်မဲ့ ပြည်သူများ၊  နိုင်ငံ့ဝန်ထမ်းများနှင့်  လုံခြုံရေးအဖွဲ့ဝင်များအား   လုပ်ကြံသတ်ဖြတ်ခြင်းဖြင့်  အစိုးရ၏ ယန္တရားပျက်ပြားစေရန်၊ နံပါတ် (နှစ်) အများပြည်သူနှင့် သက်ဆိုင် သောနေရာများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများ၊ စီးပွားရေး ဆိုင်ရာ အဆောက်အဦများအပါအဝင် ပညာသင်ကြားမှုများ ရပ်တန့် စေရန်ရည်ရွယ်ပြီး စာသင်ကျောင်းများကိုပါ ဖောက်ခွဲဖျက်ဆီးခြင်းဆောင်ရွက်ရန်၊  နံပါတ် (သုံး) ပျံလွှားအောင် စစ်ဆင်ရေးအမည်ဖြင့် Level-2 အဆင့်မြှင့်တင်၍ စစ်ရေးဆိုင်ရာပစ်မှတ်များအား အကြမ်း ဖက် တိုက်ခိုက်ခြင်းအပြင် အင်အားနည်းသည့် လုံခြုံရေးစခန်းများအား ဝင်ရောက်တိုက်ခိုက်၍ လက်နက်ခဲယမ်းများ လုယူရန်၊  နံပါတ်(လေး)  ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း ၃ တိုင်းမှာ အကြမ်းဖက်လုပ်ငန်းများလုပ်ရန် ဟံသာဝတီစစ်ဆင်ရေးစီမံချက်များ ရေးဆွဲနေသည်ဆိုသည်ကို သိရှိရ ပါကြောင်း ပြောကြားသည်။


အကြမ်းဖက်သမားများပုန်းခိုနေထိုင်ရန် တိုက်ခန်းနှင့်အိမ်ငှားရမ်း


ဖြိုးဇေယျာသော်ကိုယ်တိုင်    နောက်ကွယ်ကနေ    ပါဝင်ခဲ့သည့် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှု ၂၆ ခု စာရင်းကိုလည်း ဖော်ပြထား ပါကြောင်း၊ ဖြိုးဇေယျာသော်ကနေ လက်နက်၊ ခဲယမ်းနှင့် ဖောက်ခွဲရေး ပစ္စည်းများထုတ်ပေးပြီး ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အသေးစိတ်ဓာတ်ပုံ များကို ဖော်ပြထားကြောင်း၊ ခေါင်းစဉ်အနီဖြင့် ဖော်ပြထားခြင်းများက လုံခြုံရေးနှင့်ဆိုင်သည့်နေရာများ၊ လူများဖြစ်ကြောင်း၊ ခေါင်းစဉ်အစိမ်း ဖြင့် ဖော်ပြထားခြင်းက သာမန်အရပ်သားများဖြစ်ကြောင်း၊ ခေါင်းစဉ် အပြာဖြင့်ဖော်ပြထားခြင်းက      အများပြည်သူနှင့်သက်ဆိုင်သည့် အဆောက်အဦများဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အကြမ်းဖက်သမားများ ပုန်းခိုနေထိုင်ရန်အတွက်  Safe House အမည်ခံ  တိုက်ခန်းနှင့်အိမ် ၂၆ လုံးကို  တာမွေ၊  ကြည့်မြင်တိုင်၊  သာကေတ၊  တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ စမ်းချောင်း၊ ဗဟန်း၊ ဒဂုံမြောက်၊ ဒဂုံဆိပ်ကမ်းတို့တွင် ငှားရမ်းခဲ့ခြင်းကို တွေ့ရကြောင်း၊ ၎င်းကို စစ်ကြောချက်များ၊ ၎င်းထံမှ ရရှိသည့် မှတ်စုစာအုပ်များ၊ ဖုန်းနှင့်ကွန်ပျူတာများထဲက ရရှိသည့်  သတင်းအချက်အလက်    အချို့အရ    အဆိုပါအခန်းငှားရမ်းခများ၊  အကြမ်းဖက်ရာမှာ    အသုံးပြုသည့်     မော်တော်ယာဉ်များ   ဝယ်ယူ ငှားရမ်းခ၊  အကြမ်းဖက်မှုအတွက်  ကုန်ကျစရိတ်များကို  ဘယ်က ရသလဲ၊  ဘယ်သူတွေကပေးသလဲ၊  လက်နက်တွေဘယ်ကရသလဲ၊ ဘယ်လိုသယ်ဆောင်ခဲ့တာလဲဆိုသည့် အချို့ ထုတ်ဖော်ပြောသင့်သည့်၊ ပြောရမည့်အချက်အလက်များကို သင်ပုန်းတွင် အသေးစိတ်ပြသထား ကြောင်း၊ သေချာလေ့လာကြည့်လေ စိတ်ဝင်စားစရာကောင်းကြောင်း၊ သတင်းစာရှင်းလင်းပွဲပြီးရင်လည်း   ဒီဇယားများနှင့်   ပတ်သက်ပြီး မီဒီယာများကို  မိမိကိုယ်တိုင် လိုက်လံဆက်စပ်မှုများကို ရှင်းပြပေးမည် ဖြစ်ကြောင်း၊ အကြမ်းဖက်အားပေးငွေများကို ဖြူဖြူသင်း၊ ဝင်းမြတ် အေး၊ ရည်မွန်နှင့် လွင်ကိုလတ်တို့ထံကရခဲ့သလို အမေရိကန်၊ နော်ဝေ နှင့် ဩစတြေးလျနေမြန်မာများဟု အမည်ခံထားသည့်အဖွဲ့၊ ပြည်ပ ရောက် မီဒီယာတစ်ခုထံက ရခဲ့ကြောင်း၊ အနည်းဆုံး သိန်း ၇၀၀၀ နီးပါးရှိခဲ့ကြောင်း၊ အချို့ကို ဥပမာ အနေဖြင့် ထုတ်ပြရလျှင် ဩဂုတ်လ ၂၁ ရက်နေ့တွင် ဝင်းမြတ်အေးက ဖြိုးဇေယျာသော်ထံ Signal ကနေ  ဆက်သွယ်ပြီး “ မောင်ကျော်ရေ၊ ရန်ကုန်ကို Hundy နှင့်ပို့ရမယ်ဆို၊ ထုတ်ယူလက်ခံမည့်သူအမည်၊  Signal no  ပို့ပေးဦးနော်၊ လာမည့် တနင်္လာ၊ အင်္ဂါလွှဲတော့မယ်။ ငွေက ဘတ် ၈ သိန်းပါ ” ဟု ပေးပို့ခဲ့ပါ ကြောင်း၊ ဥပမာတစ်ခုသာဖြစ်ပါကြောင်း၊ လက်နက်ပို့ဆောင်သည့် နည်းတွေထဲက  တစ်ခုကို ပြောလိုကြောင်း၊ အောက်တိုဘာ ၁၅ ရက် နေ့တွင်   ကျော်ခင်ဆိုသူက    Signal  ကနေ   ဆက်သွယ်ထားရာ “အောင်မင်္ဂလာဝင်းကားဂိတ်မှာ     အောက်ဆီဂျင်အိုးသွားထုတ်  ရမယ်။  ပြီးရင်အောက်ဆီဂျင်အိုးအပေါ်ကနေ  လက်ငါးလုံးစာလောက် ကော်ပတ်တိုက်လိုက်၊ စပ်ရာပေါ်လာလိမ့်မယ်။ အဲဒီမှာ မူလီ ၃ လုံး ရှိကြောင်း၊၊   L Key နှင့်ဖြစ်ဖြစ်၊   ဝက်အူလှည့်နှင့်ဖြစ်ဖြစ်   အဲဒီမူလီ ၃ လုံးကို လှည့်ဖွင့်လိုက်ရင်ရပြီ။  ပစ္စည်းတွေ  မလှုပ်အောင် အခြားဟာ တွေနှင့် ရောထားတာမို့ ဖြည်းဖြည်းချင်းထုတ်လိုက်၊ ပစ္စည်းအစုံပါ လိမ့်မယ်။  TNT ယမ်း အချောင်း ၁၆၀ နှင့်  အတို ၃ လက်၊  ကျည် ၁၅၀၀ ”ဟူ၍  ပြောထားကြောင်း၊  ယခင်က  ထိုနည်းလမ်းပေါင်းစုံနှင့် ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ မည်သို့ညစ်ပတ်စုတ်ပဲ့သည့်  အကြံအစည်ဆိုတာ တွေ့နိုင်ကြောင်း။ 


အကြမ်းဖက်အားပေးသူများဖြစ်သွားမည်


မိမိတို့နိုင်ငံမှာ   ကိုဗစ်တတိယလှိုင်းကြောင့်    ပြည်သူလူထုဒုက္ခ ရောက်နေချိန်တွင်  အစိုးရအနေဖြင့် အောက်ဆီဂျင်အိုးများ၊ အောက် ဆီဂျင်ကွန်စန်ထရေတာများ၊ ဆေးဝါးများကို စစ်ဆေးမှုကြောင့် အချိန် မကြန့်ကြာစေရန် ရည်ရွယ်ပြီး ကျယ်ကျယ်ပြန့်ပြန့် တင်သွင်းခွင့်ပေး ခဲ့ခြင်းကို    ထိုကဲ့သို့ယုတ်မာလှသည့်   အကြမ်းဖက်သမားများက ကောက်ကျစ်စွာ ကြံစည်လုပ်ဆောင်ပြီး အောက်ဆီဂျင်အိုးများထဲမှာ လက်နက်နှင့်  ဖောက်ခွဲရေးပစ္စည်းများထည့်ပြီး  တင်သွင်းခဲ့ကြောင်း၊  ထိုအရာများဖြင့်  လူသတ်ခဲ့၊  ဗုံးထောင်ခဲ့၊ ဖောက်ခွဲခဲ့ကြောင်း၊ ယုတ်မာ ကောက်ကျစ်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ ထိုအောက်တန်းကျ သည့် လုပ်ဆောင်ချက်များရှိသည့် အကြမ်းဖက်အဖွဲ့များကို မျက်စိ စုံမှိတ် ထောက်ခံပံ့ပိုးပေးနေသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံများအနေဖြင့်    ၎င်းတို့၏ရည်ရွယ်ချက်သည်   ဘာလဲဆိုတာ တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမား၊ အကြမ်းဖက်အဖွဲ့ များကိုအားပေးလျှင် အကြမ်းဖက်အားပေးသူများ ဖြစ်သွားမည်ဖြစ် ကြောင်း၊ ဖြိုးဇေယျာသော်၏ အချို့သောမှတ်စုစာအုပ်၊ အစည်းအဝေး မှတ်တမ်းစာအုပ်များဖြစ်ကြောင်း၊ အစည်းအဝေးမှတ်တမ်းစာအုပ် ထဲက မူရင်းအချို့ကို သူရေးထားသည့်အတိုင်း မိမိဖတ်ပြမည်ဖြစ် ကြောင်း၊ နိုဝင်ဘာ ၄ ရက်နေ့မှတ်တမ်းတွင် “Ambush Attack တွေ (ချောင်းမြောင်းတိုက်တာတွေ)ထက်   Assassination  (လုပ်ကြံ သတ်ဖြတ်) လုပ်တာမျိုးကို   ပိုအားပေး”၊   နောက်တစ်ခုက  “လာမယ့် ၁ ရက်၊ ၂ ရက်အတွင်း အခွန်ရုံး၊ EPC ရုံးတွေကို UG အဖွဲ့နှင့်တွဲပြီး သတိပေးဖောက်ခွဲမှုလုပ်ဖို့”လို့ ရေးမှတ်ထားကြောင်း၊ အချို့မှတ်စု စာအုပ်တွင် လက်လုပ်မိုင်း၊ ဗုံးမှာပါဝင်ရမယ့်ပစ္စည်းတွေ ရေးသားထား ပါကြောင်း၊      ဒါဖော်ထုတ်ရရှိ    သက်သေအထောက်အထားထဲက တစ်ပိုင်းတစ်စမျှသာဖြစ်ပါကြောင်း၊     အချို့   EAO  အဖွဲ့များနှင့် ဆက်သွယ်မှု၊ နာမည်အတိအကျ၊ ဖုန်းနံပါတ် အတိအကျဖြင့်ပါကြောင်း၊ အကြမ်းဖက် ဖြိုးဇေယျာသော်နှင့် ဆက်စပ်သူတွေ၏ အကြမ်းဖက် လုပ်ရပ်များ၊ ဆက်စပ်မှုများကို မိမိပြည့်ပြည့်စုံစုံ ပြသထားပါကြောင်း၊ သတင်းစာရှင်းလင်းပွဲအပြီး Media များကို အသေးစိတ်ပြသပေးမည် ဖြစ်ပါကြောင်း ပြောကြားသည်။                                  

(ဆက်လက်ဖော်ပြပါမည်)