၂၄ နာရီအတွင်း ပါကစ္စတန်နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုကြောင့် သေဆုံးသူ ၃၄ ဦးရှိပြီး ၅၀ ဒဏ်ရာရရှိ

 

အစ္စလာမ္မာဘတ်  ဩဂုတ်  ၂၆


ပါကစ္စတန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း     မုတ်သုံမိုးရွာသွန်းပြီး ရုတ်တရက်ရေကြီးခြင်းနှင့် မိုးရွာ သွန်းမှုနှင့်  ဆက်စပ်သည့်ဖြစ်စဉ် များကြောင့်  ၃၄  ဦးထက်မနည်း သေဆုံးကာ    ၅၀   ဒဏ်ရာရရှိ ကြောင်း       အမျိုးသားသဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (အင်န်ဒီအမ်အေ) က ပြောကြားသည်။

 


ဩဂုတ် ၂၅ ရက်   ညနေပိုင်းက အင်န်ဒီအမ်အေ၏  ထုတ်ပြန်ချက် အရ   ပါကစ္စတန်    နိုင်ငံတစ်ဝန်း   မိုးရွာသွန်းမှုနှင့်    ဆက်စပ်သည့်  မတော်တဆမှုများကြောင့်  အမျိုး သမီး ခုနစ်ဦးနှင့် ကလေး  ၁၇   ဦး ထက်မနည်း     သေဆုံးခဲ့ကြောင်း   သိရသည်။   ပါကစ္စတန်နိုင်ငံတွင်   ဇွန်လလယ်မှစတင်သည့်  မုတ်သုံ  မိုးရာသီအတွင်း    မိုးရွာသွန်းမှု ကြောင့်   အမျိုးသမီး ၁၉၈ ဦးနှင့် ကလေး   ၃၄၃ ဦး   အပါအဝင် သေဆုံးသူစုစုပေါင်း ၉၃၇ ဦးရှိပြီး   ဒဏ်ရာရရှိသူ  ၁၃၄၃ ဦးရှိကြောင်း၊  ထို့အပြင်  အိမ်ခြေ ၆၇၀၃၂၈ အိမ်၊   တံတား  ၁၄၅ စင်းနှင့်  ဈေးဆိုင် ၁၂၂  ခု     ပျက်စီးခဲ့ကြောင်း      အင်န်ဒီအမ်အေက    ပြောကြား သည်။

 

အမျိုးသား    သဘာဝ ဘေးအန္တရာယ်         စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့၊    အခြားအစိုးရ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း များနှင့် အစိုးရမဟုတ်သော အဖွဲ့ အစည်းများက   ရေကြီးမှုဖြစ်ပွား သည့်   ဒေသများတွင်   ကယ်ဆယ် ရေးလုပ်ငန်းများ   ဆောင်ရွက်နေ ဆဲဖြစ်သည်။  ဩဂုတ်  ၂၅ ရက်က အင်န်ဒီအမ်အေမှ     ကျင်းပသည့် အခမ်းအနားတစ်ခုတွင် ပါကစ္စတန် နိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်း များသည်    ရေဘေးသင့်သူများ အတွက်     လူသားချင်းစာနာ ထောက်ထားမှု       အကူအညီ အမေရိကန်ဒေါ်လာ      ၇၁၃၄၀ ကျော်     လှူဒါန်းကြောင်း   သိရသည်။      

          
အင်န်အိတ်ချ်ကေ