နေပြည်တော် အောက်တိုဘာ ၁၁
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဗဟို အဆင့်) ကို ယနေ့နံနက်ပိုင်းမှစတင်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ဗဟို အဆင့်ဟူ၍ အဆင့်ဆင့် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၈၈၃ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အကဲဖြတ်ပညာရှင် ၁၇၀ ဖြင့် စနစ်တကျ စိစစ်အကဲဖြတ် အမှတ်ပေးသွားကြမည် ဖြစ်ကြောင်း သိရသည်။
မဟာဂီတပြိုင်ပွဲ
ယနေ့တွင် “မဟာဂီတ” တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Banquet Hall ၌ ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များ က “ခါနွေဆန်း” (ယိုးဒယား) ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ဖန်ထွေလာ” (မွန်) ဖြင့် လည်းကောင်း၊ မွန်ပြည်နယ်နှင့် မန္တလေး တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ထွန်းလင်းလျှံလက်” (ပတ်ပျိုး) ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သနင်္ဂမည်” (ပတ်ပျိုး) ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမ တန်း) အမျိုးသားပြိုင်ပွဲတွင် တနင်္သာရီ တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “လွမ်းဓလေ့” (ပတ်ပျိုး) ဖြင့်လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ပန်းမှုံကြွယ်” (ယိုးဒယား) ဖြင့်လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မင်းခမ်း တော်စုံ” ဖြင့် လည်းကောင်း၊ မကွေးတိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်က “ရွှေပန်းပန်အစချီ လေးထွေသံကပ်နှင့် မြင်းခင်း” သီချင်းဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ရဝေဒေါင်းယဉ်ပျံ” (ပတ်ပျိုး) ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် အသက် (၁၀ နှစ်မှ ၁၅နှစ်) အမျိုးသမီး ပြိုင်ပွဲတွင် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲ ဝင်များက “ရွှန်းရွှန်းမြ” (သီချင်းခံ) ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင် များက “သည်ဆောင်းဟေမာန်”(ဘွဲ့)ဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “အာကာတစ်ခို”(ပတ်ပျိုး)ဖြင့် လည်း ကောင်း၊ မွန်ပြည်နယ်မှ ပြိုင်ပွဲဝင်က “ရွှေပစ္စုန်” (ယိုးဒယား)ဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြသည်။
ကာလပေါ်တေးပြိုင်ပွဲ
“ကာလပေါ်တေး” တေးသီချင်းအဆို ပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Signing Room ၌ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသား ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ရောင်ပေစူး” သီချင်းဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက “ဖြူနီညိုပြာ” သီချင်းဖြင့်လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ပဲခူး တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကောင်းသောပညာ” သီချင်းဖြင့် လည်း ကောင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “အမေ့အကြောင်း သတင်း ကောင်း” သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ပြိုင်ပွဲဝင်က “စခန်းအောင်မြေ” သီချင်း ဖြင့်လည်းကောင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ကျေးစေတမန်” သီချင်းဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “သားမောင်မောင်” သီချင်းဖြင့် လည်းကောင်း၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “အပျိုတော်မလေးမိနှင်းပျို” သီချင်းဖြင့်လည်းကောင်း၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “နားလည်ပေးပါ” သီချင်းဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “စိမ်းရောင်စို” သီချင်းဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြသည်။
အကပြိုင်ပွဲ
အကပြိုင်ပွဲကို မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များကလည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ် မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် မကွေးတိုင်းဒေသ ကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် မန္တလေး တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း ကကြိုးကကွက် စုံလင်စွာ ဖြင့် ယှဉ်ပြိုင်ကြသည်။
အရေးပြိုင်ပွဲ
အရေးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပရာ ဝါသနာရှင် အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယား ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ထိန်းသိမ်းစို့လေ ရိုးရာအမွေ” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)ပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယား ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “မွေခံ ထိုက်စေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲတွင် မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “အားမာန်သစ်တည် ရှေ့သို့ချီ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) ပြိုင်ပွဲတွင် တနင်္သာရီ တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ပညာ ပြည့်ဝ နှလုံးလှ” ခေါင်းစဉ်ဖြင့်လည်း ကောင်း ရသစုံလင်စွာ ဖော်ကျူးတေးဖွဲ့ ယှဉ်ပြိုင်ကြသည်။
စောင်းအတီးပြိုင်ပွဲ
စောင်းအတီးပြိုင်ပွဲကို အမျိုးသား ပြတိုက် (နေပြည်တော်)ရှိ Mini Theatre ၌ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးမှ ပြိုင်ပွဲဝင်က “ဘုန်းမိုးသွန်းလောင်း” (သီချင်းခံ)ဖြင့် လည်းကောင်း၊ အဆင့်မြင့် ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး မှ ပြိုင်ပွဲဝင်များက “ကျွန်းကျွန်းပိုင်သ” (ကြိုး)ဖြင့်လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ပန်းဟေဝန်” (ယိုးဒယား) ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “စုံသာမြိုင်လယ်” (သီချင်းခံ)ဖြင့်လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲ ဝင်က “ရွေတညာ” (ယိုးဒယား) ဖြင့်လည်း ကောင်း၊ ဝါသနာရှင်အဆင့်(ပထမတန်း)အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသ ကြီးမှ ပြိုင်ပွဲဝင်က “သာဆန်းရဂုံဗွေ” (ပတ်ပျိုး) ဖြင့်လည်းကောင်း၊ အခြေခံ ပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန် တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ယသော် ဓရာ” (ယိုးဒယား) ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်မှ ပြိုင်ပွဲဝင်က “ရွှေဘုန်း ရွှေဘုန်းတော်” (ကြိုး)ဖြင့်လည်းကောင်း ငြိမ့်ညောင်းသာယာစွာ တီးခတ်ယှဉ်ပြိုင် ကြသည်။
ဆိုင်းအဖွဲ့အလိုက်အတီးပြိုင်ပွဲ
ဆိုင်းအဖွဲ့အလိုက် အတီးပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသား ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ ဝါသနာရှင် အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကလည်းကောင်း မြိုင်မြိုင် ဆိုင်ဆိုင် တီးခတ်ယှဉ်ပြိုင်ကြသည်။
ဆိုင်းတစ်ဦးချင်းအတီးပြိုင်ပွဲ
ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ (လေ့ကျင့်ရေးဇာတ်ရုံ) ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကယားပြည်နယ်နှင့် မန္တလေး တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကုဏ္ဍလာအိုင်” (ယိုးဒယား)ဖြင့် လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “မိုးလုံးပတ်လည်”(ပတ်ပျိုး) ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ညာသပြေဘောင်” (ကြိုး)ဖြင့် လည်း ကောင်း၊ ဝါသနာရှင်အဆင့်(ပထမတန်း)အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ချင်း ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ယသော် ဓရာ” (ယိုးဒယား)ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မဏိကဉ္စနာ”(ပတ်ပျိုး)ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်မှ ပြိုင်ပွဲဝင်က “ရွှေပန်း ပန်ငယ်နှင့် ကိုယ်တော်နှင်းနံ့” (လေးထွေ သံကပ်)ဖြင့်လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်က “သောင်းရွှေလယ်” (ယိုးဒယား)ဖြင့်လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မှိုင်းပြာ မှုံဝေ” (ပတ်ပျိုး) ဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။
စန္ဒရားအတီးပြိုင်ပွဲ
စန္ဒရားအတီးပြိုင်ပွဲကို မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန(၂) News Briefing Room ၌ကျင်းပ ရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးမှ ပြိုင်ပွဲဝင်က “တောတောင်စွယ်” (ယိုးဒယား) ဖြင့်လည်းကောင်း၊ ၊ ဝါသနာ ရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲ တွင် ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ထောင်ရောင်နေကသာ” သီချင်းဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်မှ ပြိုင်ပွဲ ဝင်က “တောတောင်စွယ်” (ယိုးဒယား)ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသ ကြီးမှ ပြိုင်ပွဲဝင်က “တောမြိုင်စွန်း” သီချင်းဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်က “သာဆန်း” သီချင်းဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်က “မန်းတောင် လက်ယာ” သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲ တွင် မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် က “မိန်ရာသီ” သီချင်းဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “အောင်မင်္ဂလာ” သီချင်းဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မြိုင်ယံရွှေလျှံ” သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲ တွင် ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက “မြိုင်ယံရွှေလျှံ” သီချင်းဖြင့်လည်းကောင်း၊ ကချင် ပြည်နယ်မှ ပြိုင်ပွဲဝင်က “မိန်ရာသီ” သီချင်းဖြင့်လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်က “အောင်မင်္ဂလာ” သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ ပြိုင်ပွဲ ဝင်များက “မဲဇာရွှေလီ” သီချင်းဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “တောနှင့် တောင်စွယ်” သီချင်းဖြင့်လည်းကောင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “ဂန္တမာတောင်” သီချင်းဖြင့် လည်း ကောင်း ယှဉ်ပြိုင်ကြသည်။
ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများ၊ ဥပဒေချုပ်များနှင့် တာဝန်ရှိသူများ ပြိုင်ပွဲနေရာအသီးသီး၌ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်များကို မြတ်နိုးကြသူများ၏ မျှော်လင့်ချက်တစ်ခုဖြစ်သော မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၁၉၉၃ ခုနှစ်က စတင် ကျင်းပခဲ့ရာ ယခုဆိုလျှင် (၂၃)ကြိမ်တိုင် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် (၂၂) ကြိမ်မြောက်အဖြစ် ကျင်းပခဲ့ပြီး ၅ နှစ်ကျော်နီးပါး ရပ်နားထားခဲ့ရာမှ ယခု ၂၀၂၂ ခုနှစ်တွင် ရှေးယခင်အခါများ နည်းတူ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ကနေ နိုင်ငံတော်အဆင့် ပြိုင်ပွဲကြီးအဖြစ် ခမ်းနားသိုက်မြိုက်စွာ ပြန်လည် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခု(၂၃)ကြိမ်မြောက် ပြိုင်ပွဲကြီးတွင် မွန်တိုင်းရင်းသားတို့၏ ရိုးရာအကကို ပြိုင်ပွဲဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ က စုပေါင်းပါဝင်ယှဉ်ပြိုင်သွားကြမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



