၂၃၀ ကေဗွီ ကျောက်ဖြူပင်မဓာတ်အားခွဲရုံ တည်ဆောက်ခဲ့ပြီး ကျောက်ဖြူမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ ဓာတ်အားပို့လွှတ်နိုင်ခဲ့ပြီဖြစ် ဓာတ်အားပေးစက်များ အပြစ်ဖြစ်မှုလျော့နည်းပြီး သတ်မှတ်ချက်အတိုင်း မောင်းနှင်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်များပုံမှန်ပြုပြင်

 

နေပြည်တော် အောက်တိုဘာ  ၁၂


၂၃၀   ကေဗွီ   ကျောက်ဖြူပင်မ ဓာတ်အားခွဲရုံကို   တည်ဆောက် ခဲ့ပြီး   ကျောက်ဖြူမြို့နှင့်  အနီး ပတ်ဝန်းကျင်ဒေသများသို့ ဓာတ် အား   ပို့လွှတ်နိုင်ခဲ့ပြီဖြစ်သဖြင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အတွက်   အနာဂတ်တွင်  လိုအပ် လာမည့်     ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို တည်ဆောက် နိုင်ရေးအတွက် ကြိုတင်မျှော်မှန်း ကာ   စီမံချက်ရေးဆွဲအကောင် အထည်ဖော်     ဆောင်ရွက်ရန် လိုကြောင်း      ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက  ပြောကြားသည်။

 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး     ဒေါက်တာ အောင်ဇေယျသည် ရခိုင်ပြည်နယ်   လမ်းပန်းဆက်သွယ်ရေးဝန်ကြီး      ရဲမှူးကြီး     သက်လွင်နှင့်အတူ    ယမန်နေ့ညနေပိုင်းက   လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်  ကွပ်ကဲ ရေးဦးစီးဌာန၊     ၂၃၀    ကေဗွီ ကျောက်ဖြူ ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်    ဖြန့်ဖြူးပေး ထားမှုကို   ကြည့်ရှုစစ်ဆေးစဉ် ဌာနဆိုင်ရာ တာဝန်ရှိသူများအား   ဒုတိယဝန်ကြီးက      ပြောကြား ခဲ့ခြင်းဖြစ်သည်။ 

 


ဆက်လက်၍ ဒုတိယဝန်ကြီး က နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေပြီး   ရခိုင် ပြည်နယ်     ဖွံ့ဖြိုးတိုးတက်ရန် အရေးပါသည့် ၂၃၀ ကေဗွီ ပင်မ ဓာတ်အားခွဲရုံ (၁)ရုံဖြစ်၍ ပြည်သူ များအတွက် တည်ငြိမ်ပြီး အရည် အသွေးကောင်းမွန်သည့် လျှပ်စစ် ဓာတ်အား   ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယနေ့  စတင်စမ်းသပ်လည်ပတ် သည့် ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့်     စွန့်ပစ် အပူသုံး ဓာတ်အားပေးစက်ရုံနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံး ဓာတ်အားပေး   စက်ရုံများနှင့် ချိတ်ဆက်နိုင်ရေး ပြင်ဆင်ဆောင် ရွက်ရန်၊    Power  System Stability Improvement Devices များ    တပ်ဆင်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်၊     ဓာတ်အား ပြတ်တောက်မှု  Line  Fault နှင့် Line Losses လျော့နည်းကျဆင်း ရေး အလေးထားဆောင်ရွက်ရန်၊ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူး ပေးနိုင်ရေးအတွက်  ဓာတ်အားခွဲရုံ သုံးပစ္စည်းများကို     အမြဲမပြတ် စစ်ဆေးကြည့်ရှုသွားရန်နှင့် လုံခြုံ ရေးကို   အထူးဂရုပြုဆောင်ရွက် ရန်တို့ကိုမှာကြားခဲ့ပြီး ဓာတ်အား ထိန်းချုပ်ခန်းနှင့်   Switch  Yard အတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနေမှုတို့ကို   ကြည့်ရှုစစ်ဆေး သည်။ ယင်းနောက် ဒုတိယဝန်ကြီး က ဝန်ထမ်းများ၏ လိုအပ်ချက် များကို   ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအတွက် လက်ဆောင်       သစ်သီးခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

 


ကြည့်ရှုစစ်ဆေး


ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်နယ် ဝန်ကြီးနှင့်အဖွဲ့သည်      CNTIC VPower KY3 Ltd. ၏ ၁၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး      ဓာတ်အား ပေးစက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး       ဒုတိယဝန်ကြီးက စက်ရုံနှင့် စက်များ၏ Efficiency ကောင်းမွန်ရေး    အလေးပေး ဆောင်ရွက်ရန်၊  ဓာတ်အားပေး စက်များ အပြစ်ဖြစ်မှုလျော့နည်းပြီး သတ်မှတ်ချက်အတိုင်း မောင်းနှင် လည်ပတ်     ထုတ်လုပ်နိုင်ရေး အတွက်    စက်များပုံမှန်ပြုပြင် ထိန်းသိမ်းရေး   လုပ်ငန်းများကို ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဓာတ်အားပေး   စက်ကြီးများမှ ဓာတ်အားမောင်းနှင်    ထုတ်လုပ် နေမှုကို    ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ        မှာကြားခဲ့ ကြောင်း သိရသည်။ 


  သတင်းစဉ်