(၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံ တတိယ‌နေ့ သုတေသနစာတမ်းဖတ်ပွဲများဆက်လက်ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၇ 


ပညာရေးဝန်ကြီးဌာန (၂၃) ကြိမ် မြောက်  ဝိဇ္ဇာနှင့်သိပ္ပံသုတေသန ညီလာခံကို   ပညာ‌ရေးဝန်ကြီးဌာန က    အမျိုးသားအဆင့်အဖြစ် Naypyitaw  State  Academy ၌ ဇန်နဝါရီ ၂၅ ရက်မှ ၂၇ ရက် အထိ   ကျင်းပလျက်ရှိရာ  ယနေ့နံနက် ပိုင်းတွင် သက်ဆိုင်ရာဘာသာရပ် အလိုက် သတ်မှတ်ထားသည့် အခန်း များ၌ သုတေသနစာတမ်းရှင်များ က ဝိဇ္ဇာနှင့်သိပ္ပံသုတေသနစာတမ်း များကို ဖတ်ကြားကြပြီးတက္ကသိုလ် အသီးသီးက သုတေသနပိုစတာ များနှင့်ပြကွက်များကို  ခင်းကျင်း ပြသလျက်ရှိသည်။
အဆိုပါ  သုတေသနစာတမ်း ဖတ်ကြားနေမှုများကို  ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုးဇော်ထွန်း၊  ပညာရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန်  ဒေါက်တာ စိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ  ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ   ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက    ကြည့်ရှု အားပေးကြသည်။
ယနေ့    ကျင်းပလျက်ရှိသည့် ဝိဇ္ဇာနှင့်သိပ္ပံသုတေသန ညီလာခံ တွင် ပညာရေးဝန်ကြီးဌာနရှိ ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်များနှင့်   အခြား ဝန်ကြီးဌာန ခြောက်ခုမှ ပညာရေး ဝန်ကြီးဌာနတွင်   ပါရဂူကျမ်း လာရောက်ပြုစုနေသူ သုတေသီ များက   ယနေ့နံနက်ပိုင်းတွင် အင်္ဂလိပ်စာသုတေသန စာတမ်း ခုနစ်စောင်၊       ဘာသာစကား သုတေသန စာတမ်း တစ်စောင်၊ ဓာတုဗေဒသုတေသနစာတမ်း  ငါး စောင်၊ ရူပဗေဒသုတေသန စာတမ်း ငါးစောင်၊     သင်္ချာသုတေသန စာတမ်း လေးစောင်၊ ကွန်ပျူတာ သိပ္ပံသုတေသနစာတမ်း သုံးစောင်၊ အဏ္ဏဝါသိပ္ပံသုတေသန စာတမ်း သုံးစောင်၊   သဘာဝပတ်ဝန်းကျင် သုတေသနစာတမ်း  သုံးစောင်၊ ရှေးဟောင်းသုတေသနစာတမ်း လေးစောင်၊ မနုဿဗေဒသုတေသန စာတမ်းသုံးစောင်၊ နိုင်ငံတကာ သုတေသနစာတမ်း  ငါးစောင်၊ အရှေ့တိုင်း  သုတေသနစာတမ်း သုံးစောင်၊       ကုန်ထုတ်ဓာတု သုတေသန စာတမ်းလေးစောင်၊ ခရီးသွား သုတေသနစာတမ်းသုံး စောင်၊ စာကြည့်သုတ သုတေသန စာတမ်း   နှစ်စောင်၊   သမိုင်း သုတေသနစာတမ်း   ခုနစ်စောင် တို့ကို စာတမ်းရှင်က ဖတ်ကြား ခဲ့ကြပြီး ယနေ့တွင် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနစာတမ်း စုစုပေါင်း ၆၁ စောင် ဖတ်ကြားဆွေးနွေးကြရာ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့ဥက္ကဋ္ဌနှင့်   တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊   ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ   တက်ရောက်ကြ သည်။                    

သတင်းစဉ်