
ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရမည့်အဆင့်များ
၁။ ၂၀၂၂ ခုနှစ်၊(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အောက်ဖော်ပြပါအဆင့်များဖြင့် ယှဉ်ပြိုင်ရန် ဖြစ်ပါသည် -
(က) ဝါသနာရှင်(ပထမတန်း)အဆင့်
( ခ ) ဝါသနာရှင်(ဒုတိယတန်း)အဆင့်
( ဂ ) အဆင့်မြင့်ပညာအဆင့်
(ဃ) အခြေခံပညာ(အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း)အဆင့်
( င ) အခြေခံပညာ(အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း)အဆင့်
ပြိုင်ပွဲဝင်ရမည့် ဘာသာရပ်များ
၂။ ၂၀၂၂ ခုနှစ်၊(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အောက်ဖော်ပြပါ ဘာသာရပ်များဖြင့် ယှဉ်ပြိုင် ရန်ဖြစ်ပါသည် -
(က) အဆိုပြိုင်ပွဲ
(၁) မဟာဂီတ(အဆင့်အားလုံး)
(၂ ) ခေတ်ဟောင်းတေး/ကာလပေါ်(အဆင့်အားလုံး)
(၃) အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေးတေးသီချင်း ပြိုင်ပွဲ (ဝါသနာရှင် - ဒုတိယတန်းအဆင့်၊ အဆင့်မြင့်ပညာ အဆင့်)
( ခ ) အကပြိုင်ပွဲ
(၁) အကပြိုင်ပွဲ(အမျိုးသား၊ အမျိုးသမီး)(အဆင့်အားလုံး)
(၂) မြန်မာအကအခြေခံကဗျာလွတ်အက(ပထမအဆင့်)(အမျိုးသမီး) ၁၆ ဦး ယိမ်းအကပြိုင်ပွဲ၊ (အခြေခံပညာ အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်းအဆင့်)
(၃) တိုင်းရင်းသားရိုးရာ အက/ ကျေးလက်ရိုးရာအက ပြိုင်ပွဲ (တစ်ဖွဲ့လျှင် ၁၆ ဦး ကြာမြင့်ချိန် အနည်းဆုံး ၅ မိနစ်မှ ၁၀ မိနစ်ထက်မပိုသော တေးသီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန်၊)
(၄) မွန်တိုင်းရင်းသားရိုးရာအကပြိုင်ပွဲ
(၅) ဇာတ်တော်ကြီးပြိုင်ပွဲ၊ ဝါသနာရှင်(ပထမတန်း)အဆင့် ရာမာယဏဇာတ်တော်ကြီး (ပြိုင်ပွဲဝင်ရန် သတ်မှတ် ချိန်မှာ ၃ နာရီဖြစ်ပြီး ပြိုင်ပွဲဝင်အင်အားမှာ တစ်ဖွဲ့လျှင် ဆိုငိုပြောနှင့် အခြားပညာရှင် ၂၃ ဦး၊ ဆိုင်း ၈ ဦး စုစုပေါင်း ၃၁ ဦး ယှဉ်ပြိုင်ရန်၊)
(၆) ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲ ဝါသနာရှင်(ပထမတန်း)အဆင့် ငါးပါဒအက္ခရာ ဇာတ် (ပြိုင်ပွဲဝင်ရန် သတ်မှတ် ချိန်မှာ ၁နာရီ ၃၀ မိနစ်ဖြစ်ပြီး ပြိုင်ပွဲဝင် အင်အားမှာ တစ်ဖွဲ့လျှင် ကြိုးဆွဲနှင့် ဆိုငိုပြောပညာရှင် ၁၃ ဦး၊ ဆိုင်း ၇ ဦး စုစုပေါင်း ၂၀ ဦးယှဉ်ပြိုင်ရန်၊ )
(၇) ဝါသနာရှင် (ဒုတိယတန်း) အဆင့် ရုပ်သေးကြိုးဆွဲ ပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)(မင်းသမီးအရုပ်ကို မဖြစ်မနေယှဉ်ပြိုင်ရမည်ဖြစ်ပြီး မင်းသားအရုပ်နှင့် ဇော်အရုပ်ကို မဲနှိုက်၍ယှဉ်ပြိုင်ရန်၊)
(၈) ကွက်စိပ်ပြိုင်ပွဲ
(ကက) ဝါသနာရှင် (ပထမတန်း) အဆင့်(အမျိုးသား)၊ မဟောသဓာဇာတ်၊
(ခခ)ဝါသနာရှင်(ဒုတိယတန်း)အဆင့်(အမျိုးသား)၊ ကေဒါရကျေးမင်းဇာတ်။
( ဂ ) အရေးပြိုင်ပွဲ
(၁) ဝါသနာရှင် (ပထမတန်း) အဆင့် (အမျိုးသား/အမျိုးသမီး)
(၂) ဝါသနာရှင် (ဒုတိယတန်း) အဆင့် (အမျိုးသား/အမျိုးသမီး)
(၃) အဆင့်မြင့်ပညာအဆင့် (အမျိုးသား/အမျိုးသမီး)
(၄) အခြေခံပညာ(အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း)အဆင့် (အမျိုးသား/ အမျိုးသမီး)
(ဃ) အတီးပြိုင်ပွဲ
(၁) စောင်း-တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၂) စန္ဒရား-တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၃) ပတ္တလား-တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၄) တယော-တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၅) မယ်ဒလင်-တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၆) ဂီတာ-တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၇) ဒုံမင်း-တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၈) ဆိုင်းတစ်ဦးချင်း-တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၉) ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် - အဖွဲ့လိုက်(အမျိုးသား- ၈ ဦး၊ အမျိုးသမီး-၈ ဦး)
(၁၀) နှဲ-တစ်ဦးချင်း(အမျိုးသား)
(၁၁) ပလွေ-တစ်ဦးချင်း (အမျိုးသား)
(၁၂) အိုးစည်-အဖွဲ့လိုက် (အမျိုးသား - ၅ ဦး)
(၁၃) ဒိုးပတ်-အဖွဲ့လိုက် (အမျိုးသား - ၆ ဦး)
မှတ်ချက်။ အိုးစည်ပြိုင်ပွဲနှင့် ဒိုးပတ်ပြိုင်ပွဲများတွင် ဝါသနာရှင် (ပထမတန်း) အဆင့်၊ ဝါသနာရှင် (ဒုတိယတန်း) အဆင့်၊ အဆင့်မြင့်ပညာအဆင့် နှင့်အခြေခံပညာ (အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း) အဆင့်တို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကျန်အတီးပြိုင်ပွဲများတွင် အဆင့်အားလုံး ယှဉ်ပြိုင်ရန်။
၃။ ၂၀၂၂ ခုနှစ်၊(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အဆင့်အလိုက် ယှဉ်ပြိုင်ရန်သတ်မှတ်ထားသော ဘာသာရပ်များအနက် ဘာသာရပ်တစ်ခုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်တစ်ဦး/ တစ်ဖွဲ့သာ ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)