(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟို)အဆင့်ပြိုင်ပွဲသို့ ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင် ၆၆ ဦး ပါဝင်ယှဉ်ပြိုင်မည်

 

စစ်တွေ    အောက်တိုဘာ   ၄


ရခိုင်ပြည်နယ်မှ  (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု       အဆို၊ အက၊ အရေး၊ အတီး (ဗဟို) အဆင့် ပြိုင်ပွဲသို့        ဝင်ရောက်ယှဉ်ပြိုင်ရန် ပြိုင်ပွဲဝင်   ၆၆  ဦးကို    စစ်တွေ တက္ကသိုလ်၌  စခန်းသွင်းလေ့ကျင့် လျက်ရှိသည်။

 


ရခိုင်ပြည်နယ်       ဝန်ကြီးချုပ် ဒေါက်တာ        အောင်ကျော်မင်း၊ အစိုးရအဖွဲ့ဝင်များနှင့်    တာဝန်ရှိ သူများသည်   ယမန်နေ့နံနက်ပိုင်း က   အဆိုပါ  စခန်းသွင်းလေ့ကျင့် နေမှုကို        သွားရောက်ကြည့်ရှု အားပေးသည်။

 


ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည်         စစ်တွေတက္ကသိုလ်၊ အားကစား   လေ့ကျင့်ရေးခန်းမ၌ အဆို၊  အရေးပြိုင်ပွဲဝင်များ စခန်း သွင်းလေ့ကျင့်နေမှုကို     ကြည့်ရှု အားပေးကြရာ    ပြိုင်ပွဲဝင်များက ဗဟိုအဆင့်တွင်        ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်နေသော     တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေကြသည်။ 

 


ဆက်လက်၍       ပြည်နယ် ဝန်ကြီးချုပ် က    ဗဟိုအဆင့်ပြိုင်ပွဲ တွင်        ပြည်နယ်ဂုဏ်ဆောင်နိုင် ရေး       ဆရာ  ဆရာမများ၏ သင်ကြားမှုများကို    စနစ်တကျ လေ့လာမှတ်သား         ကြိုးစား လေ့ကျင့်ကြရန် မှာကြားသည်။ 

 


ထို့နောက်    ပြည်နယ်ဝန်ကြီး ချုပ်သည်         စစ်တွေတက္ကသိုလ် အားကစားခန်းမ၌   အကအဖွဲ့ဝင် များ  စခန်းသွင်းလေ့ကျင့်နေမှုကို  သွားရောက်ကြည့်ရှု   အားပေးရာ အကအဖွဲ့ဝင်များက       အခြေခံ ကဗျာလွတ်အက၊    တစ်ဦးချင်း အကနှင့်      မွန်ရိုးရာအကများ ဖြင့်   လေ့ကျင့်ကပြ    ဖျော်ဖြေကြသည်။

 


ထို့နောက်   ပြည်နယ်ဝန်ကြီး ချုပ်နှင့်  တာဝန်ရှိသူများက အဆို၊ အရေးနှင့်    အကအဖွဲ့ဝင်များကို အချိုရည်နှင့် စားသောက်ဖွယ်ရာများ         ထောက်ပံ့   ပေးအပ်ကြကြောင်း သိရသည်။  


သတင်းစဉ်