(၂၃) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

 

နေပြည်တော်  စက်တင်ဘာ  ၂၉


မြန်မာနိုင်ငံက   အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်   (၂၃)  ကြိမ် မြောက်      အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်  ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်   ညှိနှိုင်းရေး အဖွဲ့ အစည်းအဝေး  ဖွင့်ပွဲအခမ်း အနားကို   ယနေ့   နံနက်ပိုင်းတွင် နေပြည်တော်ရှိ    အလုပ်သမား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ Video Conference ဖြင့် ကျင်းပသည်။

 


ပိုမိုကာကွယ်စောင့်ရှောက်


ဖွင့်ပွဲအခမ်းအနားတွင် အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာ   ပွင့်ဆန်းက မြန်မာနိုင်ငံအနေဖြင့် လုပ်ငန်းခွင် အသီးသီးမှ    အလုပ်သမားများ ၏    လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်    ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် လုပ် ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့်    ကျန်းမာရေးဆိုင်ရာ ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး လိုအပ်သည့်     နည်းဥပဒေများ ထုတ်ပြန်နိုင်ရေး        ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေ အရ   စစ်ဆေးစည်းကြပ်နိုင်သည့်   လုပ်ငန်းနယ်ပယ် ပိုမိုများပြားလာ သည့်အတွက်  လုပ်ငန်းနယ်ပယ် အသီးသီးမှ   အလုပ်သမားများ၏   လုပ်ငန်းခွင်        ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကို ပိုမိုကာကွယ် စောင့်ရှောက်ပေးနိုင် မည်ဖြစ်ကြောင်း။

 


ပူးပေါင်းဆောင်ရွက်သွားမည်


အာဆီယံလုပ်ငန်းခွင်    ဘေး အန္တရာယ်ကင်းရှင်းရေးနှင့်  ကျန်း မာရေးကွန်ရက်သည် ဒေသတွင်း ကုန်ထုတ်စွမ်းအားနှင့်    လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးများတွင် လွန် စွာအရေးပါသည့်အတွက် မြန်မာ နိုင်ငံအနေနှင့် အာဆီယံလုပ်ငန်း ခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်     ကျန်းမာရေးကွန်ရက်၏  ရည်မှန်းချက်များ အောင်မြင်စေ ရန် အတူတကွ   ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီ ယံ  လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်     ကျန်းမာရေး ကွန်ရက်၏  မျှော်မှန်းချက်၊ ရည် မှန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်  အခက် အခဲနှင့်  စိန်ခေါ်မှုများ  ရှိနေဆဲဖြစ် သော်လည်း အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်  ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်   အဖွဲ့ဝင် နိုင်ငံများနှင့် နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် အဆိုပါ စိန်ခေါ်မှုများကို    ကျော်လွှားပြီး အောင်မြင်မှုများ   ရရှိသည်အထိ ဆက်လက်ကြိုးပမ်း  ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  ပြောကြားသည်။ 

 


အကြံပြုဆွေးနွေး


ထို့နောက် အလုပ်ရုံနှင့် အလုပ် သမား    ဥပဒေစစ်ဆေးရေးဦးစီး ဌာန       ညွှန်ကြားရေးမှူးချုပ်က    အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ပြီး တက်ရောက်လာ ကြသည့်    ကိုယ်စားလှယ်များက  လုပ်ငန်းခွင်           ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးခဲ့ပြီး ညွှန်ကြား ရေးမှူးချုပ်က    နိဂုံးချုပ်အမှာ စကား ပြောကြားသည်။

 


လုပ်ငန်းခွင်    ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်    ကျန်းမာရေး ကွန်ရက် ညှိနှိုင်းရေးအဖွဲ့အစည်း အဝေးမှ ထွက်ပေါ်လာမည့် ရလဒ် ကောင်းများကြောင့် မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများမှ လုပ်သားထုကို   ပိုမိုကောင်းမွန် သော လူနေမှုဘဝများရရှိစေရန်၊ ဘေးအန္တရာယ်ကင်းပြီး   ကျန်းမာ ရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင် များ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး   ယခုနှစ်တွင် ကျရောက်သည့် (၂၃) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင်      ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်း မာရေးကွန်ရက် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို  မြန်မာနိုင်ငံက တတိယအကြိမ်မြောက်   အိမ်ရှင် အဖြစ် အလှည့်ကျ လက်ခံကျင်းပ ခွင့်ရခြင်းဖြစ်သည်။

 


(၂၃)  ကြိမ်မြောက်   အာဆီယံ လုပ်ငန်းခွင်     ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်     ကျန်းမာရေး ကွန်ရက်ညှိနှိုင်းရေးအဖွဲ့ အစည်း အဝေးနှင့် ဆက်စပ်အခမ်းအနား များကို စက်တင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ  ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 


အစည်းအဝေးသို့     အလုပ် သမားဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် နှင့်   ညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး မှ အထွေထွေအတွင်းရေးမှူးချုပ်၊ ASEAN-OSHNET အတွင်းရေးမှူး ချုပ်ရုံး၊ အပြည်ပြည်ဆိုင်ရာအလုပ် သမားရေးရာ   စစ်ဆေးရေးအဖွဲ့ (International Association of   Labour Inspection-IALI)၊ တရုတ် နိုင်ငံ       အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာန  (MEM) ၊  ဂျပန် နိုင်ငံ ကျန်းမာရေး၊     အလုပ်သမားနှင့် သက်သာချောင်ချိရေးဝန်ကြီးဌာန   (Ministry   of   Health, Labour and Welfare, Japan - MHLW) မှ ကိုယ်စားလှယ်များ၊ ကိုရီးယား   ပြည်သူ့သမ္မတနိုင်ငံ လုပ်ငန်းခွင်    ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်    ကျန်းမာရေးအေဂျင်စီ   (Korea Occupational     Safety      and Health Agency - KOSHA) မှ  ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များမှ တာဝန်ရှိသူများအပါအဝင် စုစုပေါင်း  ၄၄  ဦး  တက်ရောက် ကြသည်။                  

 

သတင်းစဉ်