
မန္တလေး စက်တင်ဘာ ၈
၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ် မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ မွန်းလွဲ ပိုင်းက ချမ်းအေးသာစံမြို့နယ် အမှတ်(၁၆) အခြေခံပညာ အထက် တန်းကျောင်းရှိ ပညာရတနာ ခန်းမ၌ ပြုလုပ်ရာ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြပြီး အခမ်း အနားကို အမှတ် (၁၆) အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ပညာသည်သာ ရတနာ သီချင်းဖြင့် ဖွင့်လှစ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က အမှာစကားပြောကြားရာ တွင် ၂၁ ရာစုကာလသည် ပညာ ခေတ်ဖြစ်သည့် အားလျော်စွာ အသိပညာ၊ အတတ်ပညာ၊ နည်း ပညာတို့ဖြင့် လူ့ဘောင်သစ်ကို တည်ထောင်နေကြသည့် ကာလ တွင် လူတိုင်းစာတတ်မြောက်ရေး သည် အရေးကြီးကြောင်း၊ ကမ္ဘာ့ ကုလသမဂ္ဂကြီးက ကမ္ဘာ့ပြည်သူ များ စာတတ်မြောက်မှုများ ဖြစ်လာအောင် ၁၉၆၅ ခုနှစ် စက်တင်ဘာလတွင် အီရန်နိုင်ငံ တီဟီရန်မြို့၌ နိုင်ငံပေါင်း ၈၉ နိုင်ငံမှ ပညာရှင်များ စုံညီစွာ တက်ရောက်သည့် ကမ္ဘာ့စာတတ် မြောက်မှု ကွန်ကရက်တစ်ခု ကို ကျင်းပခဲ့ပြီး စာမတတ်သူ ပပျောက်ရေးအတွက် ဝိုင်းဝန်း ဆွေးနွေးအဖြေရှာခဲ့သည့် စက် တင်ဘာ ၈ ရက်ကို နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အဖြစ် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ၁၉၆၄ ခုနှစ်တွင် စာတတ်မြောက်ရေး လှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့ ပြီး ၁၉၆၅ ခုနှစ်မှ ၁၉၆၈ ခုနှစ် အတွင်း သက်ကြီးစာမတတ်သူ ပပျောက်ရေးအတွက် စာမတတ် သူဦးရေ ရာခိုင်နှုန်းများသည့် မြို့နယ်များတွင် အသုံးလုံး သင်တန်းများကို တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ လုပ်အားပေး စေတနာရှင်များနှင့် အတူ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း၊ တိုင်းဒေသကြီးအစိုးရ အနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းပါ လုပ်ငန်း စဉ်များကို အလေးထား ဆောင် ရွက်လျက်ရှိကြောင်းနှင့် ၂၁ ရာစု ပညာခေတ်တွင် စာတတ်မြောက် ရေးသည် အားလုံးနှင့်သက်ဆိုင် သည့်အတွက် အရေး၊ အဖတ် အတွက် အသုံးလုံးကျေရုံသာမက အဘက်ဘက်မှ နှံ့စပ်သိမြင်သည့် ပညာရှင်များဖြစ်အောင် ကြိုးပမ်း ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစန်း အောင်က UNESCO ညွှန်ကြားရေး မှူးချုပ်၏ နိုင်ငံတကာစာတတ် မြောက်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အဆင့် အထက်တန်း၊ အလယ် တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆု များ ချီးမြှင့်ခဲ့ပြီးနောက် နိုင်ငံ တကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ပြခန်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရ သည်။
သတင်းစဉ်