၂၀၂၇ - ၂၀၂၈ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ဝါသီးနှံ ဧက ၇၄၇၀၀၀ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   မတ်   ၃၀
စိုက်ပျိုးရေး၊     မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး    ဦးမင်းနောင် သည် ယမန်နေ့  နံနက်ပိုင်းတွင် မကွေးမြို့ရှိ    စိုက်ပျိုးရေးသုတေ သနဦးစီးဌာန   ဒေသသုတေသန ဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက် နေမှုများကို    ကြည့်ရှုစစ်ဆေး ပြီး  ဒေသသုတေသနဌာနများနှင့် စိုက်ပျိုးပညာပေး   ဝန်ထမ်းများ အနေဖြင့် တောင်သူများ အသုံးပြု လျက်ရှိသည့်    သီးနှံမျိုးများကို မျက်ခြည်မပြတ်လေ့လာ၍ လိုအပ် ချက်အလိုက် မျိုးမြှင့်ပေးခြင်းနှင့် မျိုးလဲလှယ်ပေးခြင်း လုပ်ငန်းများ ကို ဆောင်ရွက်ပေးရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။
ဆွေးနွေးမှာကြား
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန ပိုင် တမာပိုးသတ်ဆေး စက်ရုံအား ပုဂ္ဂလိကလုပ်ငန်းရှင်က ငှားရမ်း၍ တမာပိုးသတ်ဆေး ထုတ်လုပ်နေ မှုကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်း ဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေး မှာကြားသည်။
ထို့နောက်   မကွေးမြို့နယ် မိကျောင်းရဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း   ခန်းမ၌ ကျေးရွာတောင်သူများကို ခင်မင် ရင်းနှီးစွာ    တွေ့ဆုံ၍    ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှု     တိုးတက် မြင့်မားရေး၊     ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ    ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်   တိုင်း ဒေသကြီးဝန်ကြီးတို့က ရွှေတောင် (၈)မျိုးသန့်ချည်မျှင်ရှည်ဝါ မျိုးစေ့ များ ၊ ဆင်းရွှေ ကြာ-၂ နေကြာ မျိုးစေ့များနှင့် စမုံနက် နှမ်းမျိုးစေ့ များကို     တောင်သူများအား ထောက်ပံ့ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည်  မကွေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်  ဦးတင့်လွင်နှင့် အတူ မကွေးမြို့ စုပေါင်းရုံးအစည်း အဝေးခန်းမ၌     ကျင်းပသည့် ဝါသီးနှံ    စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊     လုပ်ငန်းရှင်များ နှင့်    တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သဘာဝချည်မျှင်လုပ်ငန်းအခြေခံ MSME စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး လာရေးအတွက် အရေးအပါဆုံး စက်မှုကုန်ကြမ်း   သီးနှံဖြစ်သည့် ဝါသီးနှံစိုက်ပျိုးမှုကို     အားပေး မြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက် အတိုင်းထွက်ရှိအောင် ဆောင်ရွက် ၍   နိုင်ငံအတွင်း    ဖူလုံမှုမှသည် ပြည်ပသို့    တင်ပို့နိုင်သည်အထိ ကြိုးပမ်း   ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တိုင်းဒေသ ကြီး ပြည်နယ်ခြောက်ခု၏  ဝါသီးနှံ စိုက်ပျိုးရေးဇုန်  ၁၉   ခု၌    ဝါ ၆၁၂၇၁၂ ဧက စိုက်ပျိုးထုတ်လုပ် ရန် စီမံဆောင်ရွက်ထားပြီး နှစ်စဉ် တိုးတက်စိုက်ပျိုးသွားမည်    ဖြစ် ကြောင်း၊ ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါသီးနှံစိုက်ပျိုးဧရိယာ     ဧက ၇၄၇၀၀၀ စိုက်ပျိုးထုတ်လုပ်နိုင် ရေးနှင့်   တစ်ဧက   အထွက်နှုန်း ဝါပိဿာ  ၇၀၀  ရရှိရေးအတွက် ဇုန်အလိုက် တာဝန်ခံများ တာဝန် ပေးအပ်ထားကြောင်း၊    မကွေး တိုင်းဒေသကြီး၏       ဝါသီးနှံ စိုက်ပျိုးရေးဇုန်လေးခုတွင် ဧက နှစ်သိန်း   ခြောက်သောင်းကျော် လျာထား   ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊      ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှု   ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ  အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံ ရနိုင်သည့်အခက်အခဲ၊   အဟန့် အတားများကို ဆက်စပ်ဆောင်ရွက် လျက်ရှိသော   ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊   တောင်သူများ စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှား နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
နှီးနှောဖလှယ်
ဆက်လက်၍   မကွေးတိုင်း ဒေသကြီး       ဝန်ကြီးချုပ်က တောင်သူများအနေဖြင့်    ယနေ့  တွေ့ဆုံပွဲတွင် ဝါသီးနှံထုတ်လုပ်မှု ဆိုင်ရာ     အတွေ့အကြုံများကို နှီးနှောဖလှယ်ပြီး ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှု  တိုးတက်မြင့်မားရေး ညှိနှိုင်းအဖြေရှာ    ဖော်ထုတ်သွား ကြစေလိုကြောင်း   ပြောကြားကာစိုက်ပျိုးရေးဦးစီးဌာန  ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း က    ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ အရည်အသွေးကောင်း ဝါမျိုးများ အသုံးပြုနိုင်ရေး စီမံဆောင်ရွက် ထားရှိမှုနှင့် မျိုးစေ့ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ရန်   လိုအပ် ချက်များ၊   သီးနှံအရည်အသွေး၊ အထွက်နှုန်း၊ ဈေးကွက်အခြေအနေ နှင့်  တောင်သူများ၏   ရေရှည် အကျိုးစီးပွားဖြစ်ထွန်းရေး သတိပြု ဆောင်ရွက်ရမည့်  အချက်များကို ဆွေးနွေးတင်ပြသည်။
ယင်းနောက်        ဝါစိုက်ပျိုး ထုတ်လုပ်သူများအသင်း တာဝန် ရှိသူများနှင့် ဝါစိုက်တောင်သူများ က   ဒေသ၏   ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှု    အတွေ့အကြုံများ၊ ဝါသီးနှံ      စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာ လိုအပ်ချက် များကို တင်ပြကြရာ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သုတေသီ များ၊ စိုက်ပျိုးရေးဦးစီးဌာန ပညာ ရှင်များက   ဖြေကြားဆွေးနွေး ကြပြီး    ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးသည်။
 အထွက်နှုန်းတိုးတက်ရေး
မကွေးတိုင်း     ဒေသကြီး၌ ဝါသီးနှံကို ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၁၇၂၇၉၃ ဧက၊ ၂၀၂၃-၂၀၂၄ ခုနှစ် တွင် ၂၁၇၄၁၆ ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၄-၂၀၂၅   ခုနှစ်တွင်   ဝါသီးနှံ စိုက်ပျိုးရေးဇုန်လေးခု သတ်မှတ် ၍ ဧက ၂၆၆၈၀၀   စိုက်ပျိုးရန် လျာထား   ဆောင်ရွက်လျက်ရှိ ကြောင်း၊ ၂၀၂၆-၂၀၂၇   ခုနှစ်တွင် ဧက ၃၅၀၀၀၀ အထိ စိုက်ပျိုးရန် ရည်မှန်းထားရှိကြောင်း၊ ဝါသီးနှံ များ    စိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေး      ပြည့်မီသော သွင်းအားစုများ      အပြည့်အဝ အသုံးပြုခြင်းဖြင့်    အထွက်နှုန်း တိုးတက်ပြီး     ဝါအရည်အသွေး ထုတ်လုပ်မှု    တိုးတက်လာစေ ရန် ပြည်ထောင်စုဝန်ကြီးဌာန၏ အားပေးကူညီမှု၊ တိုင်းဒေသကြီး အစိုးရ၏   အနီးကပ်ကြီးကြပ်မှု ဖြင့်  စီမံဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။   သတင်းစဉ်