၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ကျင်းပမည်

 

နေပြည်တော်    ဩဂုတ်    ၁၀
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊  အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့  ပူးပေါင်းကျင်းပ သည့် “၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်  (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ” ကို  ဩဂုတ်  ၁၃ ရက်မှ  ၁၉  ရက်အထိ နေပြည်တော်  ဝဏ္ဏသိဒ္ဓိအားကစားကွင်း  ဖူဆယ်အားကစားရုံ၌ ကျင်းပသွားမည် ဖြစ်ပြီး ပြိုင်ပွဲဝင် အမျိုးသား ၁၅ သင်း၊ အမျိုးသမီး ၁၄ သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်၍   အားကစားကို   စိတ်ပါဝင်စားသည့်   မိဘ ပြည်သူများအနေဖြင့်      မည်သူမဆို  (အခမဲ့)     လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။            

သတင်းစဉ်