၂၀၂၄ ခုနှစ် ကမ္ဘာ့အစိမ်းရောင်ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ကြား

 

နေပြည်တော်    ဩဂုတ်    ၇


သီရိလင်္ကာနိုင်ငံ၊   Chamber   of Tourism and Industry Sri Lan-ka (CTISL) နှင့် Ras AI Khaimah Chamber of Commerce and Industry  တို့ပူးပေါင်း၍   ၂၀၂၄ ခုနှစ်  အောက်တိုဘာ   ၃  ရက်မှ ၁၃   ရက်အထိ   အာရပ်စော်ဘွား များပြည်ထောင်စု    RAS     AI Khaimah(RAK)   မြို့၌   ကျင်းပ မည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့အစိမ်းရောင် ကုန်စည်ပြပွဲသို့     မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပြခန်းများ ပါဝင် ပြသနိုင်ပါရန်     သီရိလင်္ကာနိုင်ငံ Chamber of Tourism and Indu- stry မှ ဖိတ်ကြားလာသည်။


အဆိုပါ    ကုန်စည်ပြပွဲတွင် ကုန်သွယ်မှု၊   စိုက်ပျိုးရေး၊  ကုန် ထုတ်လုပ်မှု၊   ကျန်းမာရေးစောင့် ရှောက်မှု၊       သိပ္ပံနှင့်နည်းပညာ၊ ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာ (Fin  Tech)၊  Blockchain  နည်း ပညာနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကဏ္ဍများကို လုပ်ငန်းပေါင်း ၂၃၀ ကျော်မှ ပါဝင်ပြသသွားမည်ဖြစ် ကြောင်း၊ ပြပွဲသို့ လူဦးရေ ၁၀၀၀၀ ကျော်   လာရောက်ရန်  မျှော်မှန်း ထားကြောင်း၊   ကုန်စည်ပြပွဲသို့ တက်ရောက်ခြင်းဖြင့် နိုင်ငံတကာ အတွေ့အကြုံနှင့်       နိုင်ငံတကာ အဆက်အသွယ်များရရှိပြီး တက် ရောက်လာသည့်  ခေါင်းဆောင် များနှင့်   တီထွင်သူများ    တွေ့ဆုံ ဆွေးနွေး၍    စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ       ပြုလုပ် နိုင်မည့်အပြင် ဈေးကွက်အမြင်နှင့် စီးပွားရေးချဲ့ထွင်နိုင်မည့်  အခွင့် အရေးများ ရရှိနိုင်မည်ဖြစ်သည်။


သို့ဖြစ်ရာ     မြန်မာနိုင်ငံမှ ကုမ္ပဏီများ ပါဝင်ပြသနိုင်ကြောင်း နှင့် ပါဝင်ပြသလိုသည့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စီးပွား ရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊     ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် moc-tradefair@myantrade.gov.mm၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ တို့သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိ ရသည်။           

စီးပွား/ကူးသန်း