၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

 

နေပြည်တော်   ဇွန်   ၂၃
တက္ကသိုလ်   လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ ဟူသော ဦးတည်ချက်ဖြင့်    ၂၀၂၃   ခုနှစ်  ဝန်ကြီးဌာနပေါင်းစုံ    တက္ကသိုလ် များ ဘောလုံးပြိုင်ပွဲ   ဒုတိယနေ့ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၃)၌  ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး   ဝန်ကြီးဌာန အသင်းနှင့်   ကျန်းမာရေးဝန်ကြီး ဌာနအသင်းတို့    ယှဉ်ပြိုင်ကစား ကြရာ    ကျန်းမာရေးဝန်ကြီးဌာန အသင်းက ခုနစ်ဂိုး - ခြောက်ဂိုး ဖြင့် အနိုင်ရရှိသည်။
ညနေပိုင်းတွင်လည်း   ပညာ ရေးဝန်ကြီးဌာန  (ခ)အသင်းနှင့် နယ်စပ်ရေးရာ      ဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် သုံးဂိုးစီ သရေရလဒ်ဖြင့် ပြိုင်ပွဲပြီးဆုံးသည်။
ယနေ့     ယှဉ်ပြိုင်ကစားကြ သည့်  ပွဲစဉ်များသို့ ကျန်းမာရေး ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊  အားကစား နှင့်        လူငယ်ရေးရာဝန်ကြီး ဌာန   ဒုတိယဝန်ကြီး  ဦးမျိုးလှိုင်၊ သက်ဆိုင်ရာ     ဝန်ကြီးဌာနများ မှ     ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့်  တာဝန်ရှိသူ များ၊     ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊   သက်ဆိုင် ရာ    ဝန်ကြီးဌာနများမှ   ဝန်ထမ်း မိသားစုများ   လာရောက်ကြည့်ရှု အားပေးကြသည်။
၂၀၂၃   ခုနှစ်    ဝန်ကြီးဌာန ပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲကို      ထူးချွန်ထက်မြက် သည့်   တက္ကသိုလ်ကျောင်းသား အားကစားသမားများကို ရွေးချယ် လေ့ကျင့်၍   ၂၀၂၄    ခုနှစ်  အင်ဒို နီးရှားနိုင်ငံ၌   ကျင်းပမည့်  (၂၁)ကြိမ်မြောက် အာဆီယံတက္ကသိုလ် များ   အားကစားပြိုင်ပွဲ  (ASEAN University Games-AUG) အပါ အဝင်  နိုင်ငံတကာပြိုင်ပွဲများတွင်     ပါဝင်    ယှဉ်ပြိုင်သွားစေမည်ဖြစ် ကြောင်း သိရသည်။    သတင်းစဉ်