၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆို

 

နေပြည်တော်   မတ်   ၈


၂၀၂၃   ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသ ကြီးနှင့်   ပြည်နယ်အသီးသီး၌  ယနေ့ စတင်ကျင်းပ လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း၌လည်း   သက်ဆိုင်ရာ  စာစစ်ဌာနများအလိုက် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင် စွာ ဝင်ရောက်ဖြေဆိုကြသည်။ 


နံနက်ပိုင်းမှ        စတင်၍ တက္ကသိုလ်ဝင်    စာမေးပွဲဝင်ရောက် ဖြေဆိုကြမည့်       ကျောင်းသား ကျောင်းသူများသည်       မိမိတို့ ဖြေဆိုကြမည့်   စာစစ်ဌာနများသို့ အချိန်မီ          ရောက်ရှိလာကြရာ တာဝန်ကျ  ဆရာ ဆရာမများက စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများကို စနစ်တကျ    ဆောင်ရွက်ပေးကြသည်။ 


တက္ကသိုလ်ဝင်     စာမေးပွဲသို့ နေပြည်တော်ကောင်စီ    နယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ   စာစစ်ဌာန နှစ်ခု၌    စာရင်းရှိ   ကျောင်းသား ကျောင်းသူ ၁၈၁ ဦးတွင် ဖြေဆိုသူ ၁၇၁ ဦး၊     လယ်ဝေးမြို့နယ်ရှိ စာစစ်ဌာန  ၁၀ ခု၌    စာရင်းရှိ ကျောင်းသား  ကျောင်းသူ ၁၄၇၇ ဦးတွင်   ဖြေဆိုသူ   ၁၃၄၄    ဦး၊ ဇမ္ဗူသီရိမြို့နယ်ရှိ      စာစစ်ဌာန ခြောက်ခု၌    စာရင်းရှိ    ကျောင်းသား ကျောင်းသူ ၁၀၅၃ ဦးတွင် ဖြေဆို သူ ၉၀၁ ဦး၊   ပျဉ်းမနားမြို့နယ်ရှိ စာစစ်ဌာန  လေးခု၌     စာရင်းရှိ ကျောင်းသား   ကျောင်းသူ ၁၂၇၆ ဦးတွင်     ဖြေဆိုသူ  ၁၁၆၆  ဦး၊ ပုဗ္ဗသီရိမြို့နယ်ရှိ      စာစစ်ဌာန ငါးခု၌    စာရင်းရှိ ကျောင်းသား ကျောင်းသူ ၉၈၆ ဦးတွင် ဖြေဆိုသူ ၉၀၃ ဦး၊   ဇေယျာသီရိမြို့နယ်ရှိ စာစစ်ဌာန လေးခု၌     စာရင်းရှိ ကျောင်းသား ကျောင်းသူ ၈၄၆ ဦး တွင် ဖြေဆိုသူ ၇၅၈ ဦး၊ ဥတ္တရသီရိ မြို့နယ်ရှိ စာစစ်ဌာန ခြောက်ခု၌ စာရင်းရှိ ကျောင်းသား ကျောင်းသူ ၃၇၄  ဦးတွင် ဖြေဆိုသူ ၃၄၉ ဦး၊ တပ်ကုန်းမြို့နယ်ရှိ    စာစစ်ဌာန နှစ်ခု၌  စာရင်းရှိ  ကျောင်းသား ကျောင်းသူ ၉၂၅ ဦးတွင် ဖြေဆိုသူ ၈၄၁ ဦး  စုစုပေါင်း ကျောင်းသား ကျောင်းသူ ၆၄၃၃ ဦး  ဝင်ရောက် ဖြေဆိုလျက်ရှိပြီး    ဖြေဆိုသည့် ရာခိုင်နှုန်းအနေဖြင့် ၉၀ ဒသမ ၃၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။ 


အမှတ်  (၆)     အခြေခံပညာ အထက်တန်းကျောင်းမှ  ကျောင်း အုပ်ဆရာကြီး          ဦးဝင်းခိုင်က “ကျွန်တော့်အနေနဲ့   ဒီနှစ်စာမေးပွဲ မှာ   အမှတ် (၃)  အခြေခံပညာ အထက်တန်းကျောင်းခွဲမှာ ကြီးကြပ် ရေးမှူးအဖြစ်    တာဝန်ယူထားပါ တယ်။        စာမေးပွဲဖြေဆိုဖို့ လျှောက်ထားသူ   ၃၂   ဦး   ရှိတဲ့ အနက်     ၂၉  ဦး    လာရောက် ဖြေဆိုပြီး    သုံးဦး   ပျက်ကွက် ဖြစ်ပါတယ်။      တက္ကသိုလ်ဝင် စာမေးပွဲတွေကို    မတ် ၈ ရက်မှာ ကျင်းပမယ်လို့ မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနက  တရားဝင်ထုတ်ပြန် ပြီးနောက် စာမေးပွဲဖြေဖို့ သုံးပတ် အလိုမှာ စာဖြေကတ်တွေ   ထုတ် ပေးပါတယ်။     နှစ်ပတ်အလိုမှာ တာဝန်ကျတဲ့ ကျောင်းမှာ ဖြေဆိုသူ တွေအတွက်  စနစ်တကျ   ပြင်ဆင် ပါတယ်။   တစ်ပတ်အလိုမှာတော့ စာမေးပွဲ   လုပ်ရိုးလုပ်စဉ်တွေကို စီစဉ်ဆောင်ရွက်ပါတယ်။ 


“ကျွန်တော်    တာဝန်ကျတဲ့ ကျောင်းမှာ     စာမေးပွဲဖြေဆိုခန်း နှစ်ခန်း၊ စာမေးပွဲ ရုံးခန်း တစ်ခန်း၊ အရန်စာဖြေခန်း တစ်ခန်း၊ ကျန်းမာ ရေး စောင့်ရှောက်ခန်းတစ်ခန်း စုစုပေါင်း    ငါးခန်းထားရှိပါတယ်။ စာမေးပွဲဖြေဆိုခန်း     တစ်ခန်းကို လူဦးရေ  ၃၀  စာ ထားရှိပါတယ်။ စာမေးပွဲမှာ ဘာသာတွဲ ၁၊ ဘာသာ တွဲ   ၂  နဲ့   ဘာသာတွဲ ၇  ဆိုပြီး အတွဲ   သုံးတွဲ     ဖြေဆိုကြပါတယ်။ ကျောင်းသား    ကျောင်းသူတွေ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ကြဖို့ စနစ်တကျ   ပြင်ဆင်ဆောင်ရွက် ထားပါတယ်။  အားလုံးဖြေဆိုနိုင် ကြပါစေလို့လည်း  ဆုမွန်ကောင်း တောင်းအပ်ပါတယ်”  ဟု   ပြော သည်။ 


အမှတ်   (၇)   အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်း အုပ်ဆရာမကြီး   ဒေါ်ခင်မြင့်ရီက “တက္ကသိုလ်ဝင်စာမေးပွဲ  ဖြေဆိုဖို့  လျှောက်ထားသူ ၄၇၆ ဦး   ရှိပါ တယ်။            ကျွန်မကျောင်းမှာ စာဖြေဆိုခန်းအနေနဲ့    ၁၆   ခန်း ရှိပါတယ်။  စာဖြေခန်းတစ်ခန်းမှာ ကျောင်းသား    ကျောင်းသူ   ၃၀ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။   Hall  ခန်းမကိုတော့  ကြီးကြပ်ရေးမှူး ရုံးခန်းအဖြစ်    ပြင်ဆင်ထားပါ တယ်။ နောက်ပြီး အရန်စာဖြေခန်း တစ်ခန်း   ပြင်ဆင်ထားတဲ့အပြင် ကျောင်းသား    ကျောင်းသူများ စာမေးပွဲ    ဖြေဆိုနေစဉ်အတွင်း ကျန်းမာရေး      တစ်စုံတစ်ရာ ချို့ယွင်းလာရင်    ကုသပေးနိုင်ဖို့  ကျန်းမာရေးခန်း    တစ်ခန်းကို လည်း         ပြင်ဆင်ထားပါတယ်။ စာမေးပွဲ    စည်းမျဉ်းစည်းကမ်းနဲ့ အညီ ကျောင်းသား ကျောင်းသူ တွေ    စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ဖို့    အားလုံးပြင်ဆင် ထားပါတယ်” ဟု ပြောသည်။ 


ကျောင်းသား  ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်         ကာလ အတွင်း ဘေးအန္တရာယ်ကင်းရှင်း စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ် များအလိုက်  အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ   တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့နှင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံ ရေးဆိုင်ရာ   ကိစ္စရပ်များကိုလည်း စနစ်တကျ    စီမံဆောင်ရွက်ထား ကြောင်း သိရှိရသည်။ 


၂၀၂၃   ခုနှစ်   တက္ကသိုလ်ဝင် စာမေးပွဲကို တစ်နိုင်ငံလုံး  အတိုင်း အတာဖြင့် ယနေ့  မတ် ၈ ရက်မှ ၁၈ ရက်အထိ တစ်နေ့တစ်ဘာသာ နှုန်းဖြင့်  နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ  ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ 


အောင်ရဲသွင်
ဓာတ်ပုံ - ကိုကြီးထိန်