၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ကြေညာချက်

 

၁။    ၂၀၂၃ - ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ      ဆေးတက္ကသိုလ် များ၊  သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်တစ်ခုခုသို့   ပထမဦးစားပေး    လျှောက်ထားလိုသူများ အနေဖြင့် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့(အဆင့်မြင့်ပညာ ဦးစီးဌာန) မှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ် ဖြင့် လျှောက်ထားရမည်ဖြစ်သည်။
၂။    ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် များ၊ သူနာပြုတက္ကသိုလ်များနှင့် အခြေခံကျန်းမာရေးတက္ကသိုလ်သို့  ပထမဦးစားပေး     လျှောက်ထားသူများသည်     တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ကို ပညာရေးဝန်ကြီးဌာနအောက်ရှိ လျှောက်လွှာ တင်သွင်းရန်    သတ်မှတ်ထားသောတက္ကသိုလ်  (၂၆)  ခုသို့  ပေးပို့ လျှောက်ထားရမည်ဖြစ်သည်။
၃။    ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့  ပထမဦးစားပေး  လျှောက်ထားသူများအတွက်မူ  တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ကို  အောက်ဖော်ပြပါ လျှောက်လွှာလက်ခံမည့် နေရာ(၈)ခုအနက် တစ်ခုခုသို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည် ဖြစ်သည်-
    (က)    ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန
        (နေပြည်တော်)
    (ခ)    ဆေးတက္ကသိုလ်(၁)ရန်ကုန်
    (ဂ)    ဆေးတက္ကသိုလ်(၂)ရန်ကုန်
    (ဃ)    ဆေးတက္ကသိုလ်၊မန္တလေး
    (င)    ဆေးတက္ကသိုလ်၊မကွေး
    (စ)    ဆေးတက္ကသိုလ်၊တောင်ကြီး
    (ဆ)    သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)
    (ဇ)    သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)
၄။    ဆေးတက္ကသိုလ်များ၊    သွားဘက်ဆိုင်ရာ   ဆေးတက္ကသိုလ် များနှင့်    ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏         ဝင်ခွင့်ရွေးချယ် ရေးကို  တက္ကသိုလ် ဝင်ခွင့်လမ်းညွှန်စာအုပ်တွင်  ဖော်ပြထားသည့် အတိုင်း ရွေးချယ်မည် ဖြစ်သဖြင့်  တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် စာအုပ် ကို   သေချာစွာဖတ်ရှုပြီးမှသာ  ဝင်ခွင့်လျှောက်ထားရန်   ဖြစ်ပါ ကြောင်းနှင့်    တက္ကသိုလ်  ဝင်ခွင့်လျှောက်လွှာစာအိတ်ကို  ဩဂုတ် လ (၂၅) ရက်မှ စက်တင်ဘာ လ (၁၀) ရက်အထိ စနေနေ့၊ တနင်္ဂနွေ နေ့နှင့် ရုံးပိတ်ရက်များအပါ အဝင်  (ပိတ်ရက်မရှိ)  လက်ခံမည်ဖြစ်ပါ ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

        ကျန်းမာရေးဝန်ကြီးဌာန
        (၁၇-၈-၂၀၂၃)