
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန် အတွက် မိမိတို့စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်ကို ဩဂုတ်လ (၂၅) ရက် (သောကြာနေ့)မှစ၍ ကိုယ်တိုင်ထုတ်ယူကြရန် ဖြစ်ပါသည်။
အဆိုပါ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်ကို ဩဂုတ်လ (၂၅) ရက်မှ စက်တင်ဘာလ (၁၀) ရက် အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ) အောက်ပါတက္ကသိုလ်များတွင် လက်ခံမည်ဖြစ်ပါသည်-
( ၁ ) မြစ်ကြီးနားတက္ကသိုလ်
( ၂ ) လွိုင်ကော်တက္ကသိုလ်
( ၃ ) ဘားအံတက္ကသိုလ်
( ၄ ) ဟားခါးတက္ကသိုလ်
( ၅ ) မုံရွာတက္ကသိုလ်
( ၆ ) ရွှေဘိုတက္ကသိုလ်
( ၇ ) စစ်ကိုင်းတက္ကသိုလ်
( ၈ ) ထားဝယ်တက္ကသိုလ်
( ၉ ) တောင်ငူတက္ကသိုလ်
(၁၀) ပြည်တက္ကသိုလ်
(၁၁) ပဲခူးတက္ကသိုလ်
(၁၂) မကွေးတက္ကသိုလ်
(၁၃) ပခုက္ကူတက္ကသိုလ် (၁၄) မန္တလေးအဝေးသင်တက္ကသိုလ်
(၁၅) မိတ္ထီလာတက္ကသိုလ်
(၁၆) ကျောက်ဆည်တက္ကသိုလ်
(၁၇) မော်လမြိုင်တက္ကသိုလ်
(၁၈) စစ်တွေတက္ကသိုလ်
(၁၉) တောင်ကုတ်တက္ကသိုလ်
(၂၀) ရန်ကုန်အဝေးသင်တက္ကသိုလ်
(၂၁) တောင်ကြီးတက္ကသိုလ်
(၂၂) လားရှိုးတက္ကသိုလ်
(၂၃) ကျိုင်းတုံတက္ကသိုလ်
(၂၄) ပုသိမ်တက္ကသိုလ်
(၂၅) ဟင်္သာတတက္ကသိုလ်
(၂၆) မအူပင်တက္ကသိုလ်
သတ်မှတ်ရက်ကျော်လွန်မှ လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရမည်။
အသေးစိတ်သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၀၁၇-၅၃၇၆၇၇ ၊ ၀၁၇-၅၂၅၆၁၂ နှင့် ၀၁၇-၅၀၃၁၄၇ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းရရှိပါသည်။