
နေပြည်တော် မေ ၉
ကျောင်းသား ကျောင်းသူ မျိုးဆက်သစ် လူငယ်မောင်မယ် များကို နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ် ရက်များအကျိုးရှိစေရန်၊ မိမိ ဝါသနာပါသည့် ပညာရပ်များကို လေ့လာ ဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်း ပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ် သင်တန်း (အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်က သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင် တည်း စတင်ဖွင့်လှစ်ခဲ့ပြီးလေ့ကျင့် သင်ကြားပေးလျက်ရှိသည်။
ထိုသို့ လေ့ကျင့်သင်ကြား လျက်ရှိရာ ယနေ့တွင် တပ်မတော် (ရေ)က ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ ကို ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယားရေကြောင်း လူငယ် သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူ ၉၇ ဦး၊ ကိုကိုးကျွန်း မြို့ရှိ ရေကြောင်းလူငယ်သင်တန်း စခန်းမှ သင်တန်းသား သင်တန်း သူ၇၁ ဦး၊ မွန်ပြည်နယ် မော်လမြိုင် မြို့ရှိ ရေကြောင်းလူငယ်သင်တန်း စခန်းမှ သင်တန်းသား သင်တန်း သူ ၈၅ ဦးနှင့် တနင်္သာရီတိုင်းဒေသ ကြီး ဟိန်းဇဲမြို့ရှိ ရေကြောင်း လူငယ်သင်တန်းစခန်းမှ သင်တန်း သား သင်တန်းသူ ၆၀ တို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်များရှိ တပ်မတော်(ရေ) ရေကြောင်း လူငယ်သင်တန်းစခန်း ၁၁ ခု၌ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့် သင်ကြားပေးလျက်ရှိ သည်။
အလားတူ တပ်မတော်(လေ)က မိတ္ထီလာမြို့ရှိ လေကြောင်း အတတ်သင် လေတပ်စခန်းဌာန ချုပ်နှင့် မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ်တို့၌ သင်တန်း စခန်း ၁၇ ခုတို့မှ စခန်းသွင်း လေ့ကျင့်သင်ကြားပေးလျက်ရှိရာ အခြေခံလေကြောင်း လူငယ် သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ် သင်တန်း (အငယ်တန်းအဆင့်) သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၈၀တို့သည် ယနေ့တွင် လေယာဉ်မောင်းသင် ကျောင်းရှိ Flight Line နှင့် လေကြောင်းထိန်း ဌာနတို့တွင် တပ်မတော်(လေ)၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို လက်တွေ့ကွင်းဆင်း လေ့လာခြင်း များဆောင်ရွက်ကြပြီး RC Simul-ator မောင်းနှင်ခြင်း၊ RC လေယာဉ်/ ရဟတ်ယာဉ်/ Droneများလေ့ကျင့် ပျံသန်းခြင်းတို့ကို သက်ဆိုင်ရာ နည်းပြများ၏ ကြီးကြပ်မှုဖြင့် လေ့ကျင့် သင်ကြားခဲ့ကြ သည်။
ထိုသို့ ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံ လေကြောင်းလူငယ် သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံ လေကြောင်းလူငယ် သင်တန်း (အငယ်တန်းအဆင့်)သင်တန်းများ လေ့ကျင့်သင်ကြားပို့ချနေမှုများကို သက်ဆိုင်ရာတာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီးလိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်