၂၀၂၃ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

 

နေပြည်တော်  ဧပြီ  ၂၉


ကျောင်းသား       ကျောင်းသူ မျိုးဆက်သစ် လူငယ်မောင်မယ် များကို   နွေရာသီ   ကျောင်းပိတ် ရက်ကာလအတွင်း    အသိပညာ များ      ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များ ကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်း ပညာ၊ လေကြောင်းပညာကျွမ်းကျင် သော   အနာဂတ်  မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍     တပ်မတော် (ရေ) က     ရေကြောင်းလူငယ်အခြေခံ နှင့်       တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က     အခြေခံ လေကြောင်းလူငယ်  သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံ လေကြောင်း   လူငယ်သင်တန်း (အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင်    သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ      သင်တန်း စခန်းများ၌ တစ်ပြိုင်တည်း စတင် ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။

 


ထိုသို့    လေ့ကျင့်သင်ကြား လျက်ရှိရာ   ယနေ့တွင်   တပ်မ တော်(ရေ)က ရေကြောင်းလူငယ် အခြေခံနှင့်   တန်းမြင့်သင်တန်း များကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံရေကြောင်း လူငယ်စခန်း မှ   သင်တန်းသား   သင်တန်းသူ စုစုပေါင်း ၃၀၊ မန္တလေးတိုင်းဒေသ ကြီး   မန္တလေးမြို့ရှိ ရေကြောင်း လူငယ်စခန်းမှ     သင်တန်းသား သင်တန်းသူ စုစုပေါင်း ၅၀၊ ရခိုင် ပြည်နယ် စစ်တွေမြို့ရှိရေကြောင်း လူငယ်စခန်းမှ    သင်တန်းသား သင်တန်းသူ   စုစုပေါင်း ၆၁ ဦး နှင့် ကျောက်ဖြူမြို့ရှိ ရေကြောင်း လူငယ်စခန်းမှ     သင်တန်းသား သင်တန်းသူ စုစုပေါင်း ၅၀ တို့ကို သက်ဆိုင်ရာ    နယ်မြေအသီးသီး မှ    တာဝန်ရှိသူ   နည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာ  မြို့နယ်အသီးသီးရှိ တပ်မတော်(ရေ)     ရေကြောင်း လူငယ်စခန်း ၁၁ခု၌ သင်တန်းသား သင်တန်းသူ   စုစုပေါင်း   ၇၁၂ ဦး တို့ကို   လေ့ကျင့်သင်ကြားပေး လျက်ရှိသည်။
အလားတူ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ် သင်တန်း   (အကြီးတန်းအဆင့်)နှင့်  အခြေခံလေကြောင်းလူငယ် သင်တန်း   (အငယ်တန်းအဆင့်)  သင်တန်းများကို        ရန်ကုန် တိုင်းဒေသကြီး    မင်္ဂလာဒုံမြို့ရှိ လေကြောင်း     လူငယ်စခန်းမှ သင်တန်းသား     သင်တန်းသူ စုစုပေါင်း ၄၀၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ   လေကြောင်းလူငယ် စခန်းမှ  သင်တန်းသား သင်တန်း သူ   စုစုပေါင်း ၄၀၊  တနင်္သာရီ တိုင်းဒေသကြီး        မြိတ်မြို့ရှိ လေကြောင်း    လူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၄၀၊ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့ရှိ     ဟုမ္မလင်းလေကြောင်း လူငယ်စခန်းမှ     သင်တန်းသား သင်တန်းသူ ၄၀တို့ကို သက်ဆိုင် ရာ နယ်မြေအသီးသီးမှ တာဝန်ရှိ သူ   နည်းပြများက   လေ့ကျင့် သင်ကြားပေးလျက်ရှိပြီး    သက် ဆိုင်ရာ     မြို့နယ်များရှိ     တပ်မ တော်(လေ) လေကြောင်းလူငယ် စခန်း   ၁၇  ခု၌   သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၈၀ တို့ကို လေ့ကျင့်သင်ကြား    ပေးလျက် ရှိသည်။

 


ထိုသို့     ရေကြောင်းလူငယ် အခြေခံနှင့်    တန်းမြင့်သင်တန်း များ၊ အခြေခံလေကြောင်းလူငယ် သင်တန်း     (အကြီးတန်းအဆင့်)နှင့်  အခြေခံလေကြောင်းလူငယ် သင်တန်း     (အငယ်တန်းအဆင့်)သင်တန်းများ လေ့ကျင့်သင်ကြားပို့ချနေမှုများကို    သက်ဆိုင်ရာ တာဝန်ရှိသူများက   သွားရောက် ကြည့်ရှုအားပေးကာ လိုအပ် သည် များ  ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။  

သတင်းစဉ်