
နေပြည်တော် ဧပြီ ၂၈
ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ် မောင်မယ် များကို နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ် ရက်များ အကျိုးရှိစေရန်၊ မိမိ ဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူး နိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်း ပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော် (ရေ)က ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ် သင်တန်း (အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ မြို့နယ်များရှိ သင်တန်းစခန်းများ၌ တစ်ပြိုင် တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့် သင်ကြားပေးလျက်ရှိ သည်။
လေ့ကျင့်သင်ကြားပေး
ထိုသို့ လေ့ကျင့်သင်ကြား လျက်ရှိရာ ယနေ့တွင် တပ်မတော် (ရေ)က ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း များကို မွန်ပြည်နယ် မော်လမြိုင် မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၈၅ ဦး၊ တနင်္သာရီတိုင်း ဒေသကြီး ဟိန်းဇဲမြို့ရှိ ရေကြောင်း လူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၀ ၊ ရန်ကုန်မြို့ရှိ ရေကြောင်း လူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၉၇ ဦး၊ ကိုကိုးကျွန်းမြို့ ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၇၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ရေကြောင်းလူငယ် စခန်းမှ သင်တန်းသား သင်တန်း သူ ၅၀ နှင့် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ ရေကြောင်းလူငယ် စခန်းမှ သင်တန်းသား သင်တန်း သူ ၅၀ တို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြား ပေးလျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်များရှိ တပ်မတော် (ရေ)ရေကြောင်းလူငယ်စခန်း ၁၁ ခုမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။
လေကြောင်းလူငယ်သင်တန်း
အလားတူ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ် သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ် သင်တန်း (အငယ်တန်းအဆင့်) သင်တန်းများကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လေကြောင်း လူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့ရှိ လေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၄၀ ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရှိ လေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၄၀ ၊ မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့ရှိ လေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၄၀ ၊ မိတ္ထီလာမြို့ရှိ လေကြောင်းလူငယ် စခန်းမှ သင်တန်းသား သင်တန်း သူ စုစုပေါင်း ၄၀နှင့် ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ရှိ လေကြောင်း လူငယ်စခန်းမှ သင်တန်းသား သင်တန်းသူစုစု ပေါင်း ၄၀ တို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြား ပေးလျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်များရှိ သင်တန်းစခန်း ၁၇ ခု၌ စုစုပေါင်း သင်တန်းသား သင်တန်းသူအင်အား ၆၈၀ ဖြင့် သက်ဆိုင်ရာ နယ်မြေအသီးသီး အလိုက် လေ့ကျင့်သင်ကြားပေး လျက်ရှိသည်။
ကြည့်ရှုအားပေး
ထိုသို့ ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံ လေကြောင်းလူငယ် သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ် သင်တန်း(အငယ်တန်းအဆင့်)သင်တန်းများ လေ့ကျင့်သင်ကြားပို့ချနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုအားပေး ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်