၂၀၂၃ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

 

နေပြည်တော်   ဧပြီ    ၂၆


ကျောင်းသား ကျောင်းသူမျိုးဆက် သစ်    လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလ အတွင်း အသိပညာများ   ဖွံ့ဖြိုး တိုးတက်စေရန်၊    အားလပ်ရက် များ အကျိုးရှိစေရန်၊ မိမိဝါသနာ ပါသည့် ပညာရပ်များကို လေ့လာ ဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော် အတွက်      ရေကြောင်းပညာ၊ လေကြောင်းပညာ    ကျွမ်းကျင် သော   အနာဂတ်မျိုးဆက်သစ် လူငယ်များ  ပေါ်ထွန်းလာစေရန် ရည်ရွယ်၍      တပ်မတော်(ရေ) က   ရေကြောင်းလူငယ်အခြေခံ နှင့်     တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က    အခြေခံ လေကြောင်း    လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံ လေကြောင်း  လူငယ်သင်တန်း (အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ  ၂၄  ရက်တွင်  သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ   သင်တန်း စခန်းများ၌    တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး     လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

 


ထိုသို့   လေ့ကျင့်သင်ကြား လျက်ရှိရာ ယနေ့တွင် တပ်မတော် (ရေ) က     ရေကြောင်းလူငယ် အခြေခံနှင့်   တန်းမြင့်သင်တန်း များကို   ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့ရှိ   ရေကြောင်း လူငယ်စခန်းမှ   သင်တန်းသား သင်တန်းသူစုစုပေါင်း   ၇၁  ဦး၊ ရခိုင်ပြည်နယ်    ကျောက်ဖြူမြို့ ရှိ  ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား  သင်တန်းသူ  စုစု ပေါင်း   ၅၀  နှင့်   စစ်တွေမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ  သင် တန်းသား သင်တန်းသူစုစုပေါင်း ၆၁ ဦးတို့ကို သက်ဆိုင်ရာနယ်မြေ အသီးသီးမှ တာဝန်ရှိသူ နည်းပြ များက   လေ့ကျင့်သင်ကြားပေး လျက်ရှိပြီး   သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ    တပ်မတော်(ရေ)ရေကြောင်းလူငယ်စခန်း  ၁၁  ခုမှ သင်တန်းသား သင်တန်းသူ စုစု ပေါင်း ၇၁၂  ဦးတို့ကို   လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

 


အလားတူ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ် သင်တန်း  (အကြီးတန်းအဆင့်) နှင့်   အခြေခံလေကြောင်းလူငယ်  သင်တန်း   (အငယ်တန်းအဆင့်) သင်တန်းများကို    ရှမ်းပြည်နယ် (တောင်ပိုင်း)      တောင်ကြီးမြို့ ရှိ       လေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ စုစု ပေါင်း  ၄၀၊  ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့ရှိ  လေကြောင်း လူငယ်စခန်းမှ     သင်တန်းသား သင်တန်းသူ   စုစုပေါင်း ၄၀၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရှိ   လေကြောင်းလူငယ်စခန်းမှ သင်တန်းသား   သင်တန်းသူ   စုစု ပေါင်း ၄၀ နှင့် မန္တလေးတိုင်းဒေသ ကြီး  မိတ္ထီလာမြို့ရှိ   လေကြောင်း လူငယ်စခန်းမှ    သင်တန်းသား  သင်တန်းသူ  စုစုပေါင်း  ၄၀  တို့ကို  သက်ဆိုင်ရာ   နယ်မြေအသီးသီး မှ   တာဝန်ရှိသူ   နည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး      သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်း ၁၇ ခု၌ စုစုပေါင်း သင်တန်းသား     သင်တန်းသူ  အင်အား  ၆၈၀  ဖြင့် သက်ဆိုင်ရာ   နယ်မြေအသီးသီးအလိုက်     လေ့ ကျင့်သင်ကြားပေးလျက်ရှိသည်။

 


ထိုသို့   ရေကြောင်းလူငယ် အခြေခံနှင့်  တန်းမြင့်သင်တန်း များ၊ အခြေခံလေကြောင်းလူငယ် သင်တန်း  (အကြီးတန်းအဆင့်) နှင့်  အခြေခံလေကြောင်းလူငယ် သင်တန်း  (အငယ်တန်းအဆင့်) သင်တန်းများ  လေ့ကျင့်သင်ကြားပို့ချနေမှုများကို    သက်ဆိုင်ရာ တာဝန်ရှိသူများက   သွားရောက် ကြည့်ရှုအားပေးကာ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။  

သတင်းစဉ်