
တိုကျို စက်တင်ဘာ ၁၉
ဗြိတိန်ပညာရေးဆိုင်ရာ သတင်း အချက်အလက် ဝန်ဆောင်မှု ကုမ္ပဏီက ထုတ်ပြန်လိုက်သော ၂၀၂၃ ခုနှစ် နိုဗယ်ဆုအလားအလာ ရှိသူစာရင်းတွင် ဂျပန်နိုင်ငံမှ သုတေသီနှစ်ဦး ပါဝင်လျက်ရှိပြီး တစ်ဦးမှာ ဂျပန်သုတေသနပညာ ရှင်ဖြစ်ပြီး နောက်တစ်ဦးမှာ ဂျပန် မျိုးနွယ်တစ်ဦးဖြစ်ကြောင်း သိရ သည်။ ယခုနှစ် နိုဗယ်ဆုရရှိသူများ ကို အောက်တိုဘာ ၂ ရက်တွင် ကြေညာမည်ဖြစ်သည်။
ကလာရီဗိတ် လေ့လာဆန်းစစ် ချက် (Clarivate Analytics) က ထုတ်ပြန်လိုက်သော စာရင်းတွင် နိုင်ငံပေါင်း ငါးနိုင်ငံမှ ဩဇာအရှိန် အဝါကြီးမားသော သုတေသန ပညာရှင် ၂၃ ဦး ပါဝင်သည်။ ကမ္ဘာတစ်ဝန်းထုတ်ပြန်ထားသော စာတမ်းပေါင်း ၅၈ သန်းကို အသေးစိတ် စိစစ်ပိုင်းခြားပြီး ဆန်ခါတင် ရွေးချယ်စာရင်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ယာနာဂီဆာဝ မာဆာရှီသည် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာ ကဏ္ဍတွင် နိုဗယ်ဆုရမည်ဟု ထင်ကြေးပေးခံနေရသည်။
ယာနာ ဂီဆာဝသည် ဂျပန် နိုင်ငံ ဆူကူဘာတက္ကသိုလ် (Integrative Sleep Medicine) ဆိုင်ရာ နိုင်ငံတကာအင်စတီကျု ၏ ညွှန်ကြားရေးမှူးတစ်ဦး ဖြစ်သည်။
ယာနာဂီဆာဝသည် အိပ်စက် ခြင်းကိုထိန်းချုပ်သည့် ဦးနှောက် အတွင်း လျှို့ဝှက်တည်ရှိနေသည့် အိုရီဇင် (orexin) ဟုခေါ်သော အာရုံကြောအချက်ပြ ပစ္စည်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ယခုလိုတွေ့ရှိခြင်းသည် အိပ်စက် ခြင်း ကစဉ့်ကလျားဖြစ်စဉ်ကို ပိုမိုနားလည်စေမည်ဖြစ်ပြီး အိပ် မပျော်ရောဂါအတွက် ဆေးဝါးများ ဖော်ထုတ်ရာတွင် အကူအညီဖြစ် စေမည်ဖြစ်သည်။
ကာတာအိုကာ ကာဇူနိုရီသည် ဓာတုဗေဒဆိုင်ရာ နိုဗယ်ဆု အတွက် ဆန်ခါတင်ရွေးချယ် ခံထားရသူဖြစ်သည်။ ကာတာ အိုကာသည် ဂျပန်နိုင်ငံ စက်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကာဝါ ဆာကီ အင်စတီကျု နာနိုဆေး ပညာ တီထွင်ဆန်းသစ်မှုဌာန၏ ညွှန်ကြားရေးမှူးချုပ် တစ်ဦး ဖြစ်သည်။
ကာတာအိုကာသည် နာနို စက်ဟုခေါ်သော ဆေးဝါးသယ် ဆောင်ရေး ပစ္စည်းတစ်မျိုးကို တီထွင်ခဲ့ပြီး အဆိုပါစက်သည် ကင်ဆာကုသရာတွင် အလွန် အသုံးဝင်မည်ဖြစ်သည်။
လွန်ခဲ့သော နှစ်များအတွင်း ကလာရီဗိတ်က ဖော်ပြခဲ့သော သုတေသန ပညာရှင်များအနက် ၇၁ ဦးမှာ နိုဗယ်ဆုများ ရရှိခဲ့ သည်။
အင်န်အိတ်ချ်ကေ