၂၀၂၃ ခုနှစ် မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်

 

အနောက်တောင်မုတ်သုံလေဝင်ရောက်ခြင်း၊ ဆုတ်ခွာခြင်းအ‌ခြေအနေ
၁။    အနောက်တောင်မုတ်သုံလေသည်  ၂၀၂၃ ခုနှစ် ဇွန်လ (၁ - ၆)  ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်  နယုန်လဆန်း ၁၄ ရက်နေ့မှ  နယုန်လပြည့်ကျော်  ၄ ရက်နေ့) အတွင်း   မြန်မာနိုင်ငံ  တစ်ဝန်းလုံး သို့ ဝင်ရောက်ဖွယ်ရာရှိပြီး ၂၀၂၃ ခုနှစ်   အောက်တိုဘာလ   ပထမ ရက်သတ္တပတ် (မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ်  တော်သလင်းလပြည့် ကျော်ခန့်)တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားဖွယ် ရာရှိသည်။
မိုးဦးကာလ ခန့်မှန်းချက်
၂။    မိုးဦးကာလသည်  ၂၀၂၃   ခုနှစ်   မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်သည့်နေ့မှ ဇွန်လကုန်  အထိ ဖြစ်သည်။   မိုးဦးကာလအတွင်း  ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌ဝန်း လေးကြိမ်  ဖြစ်ပေါ်နိုင်ပြီး   နှစ်ကြိမ်တွင်  ပိုမို အားကောင်းလာကာ  မုန်တိုင်းငယ်အဖြစ်သို့   ရောက်ရှိနိုင်သည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအနည်း ငယ်မှ အားအသင့်အတင့်  ရှိနိုင်သည်။  မိုးရွာသွန်းမှုအ‌ခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊   ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်   ချင်းပြည်နယ်တို့တွင်    ရွာသွန်းမြဲအောက်   လျော့နည်းနိုင်ပြီး  နေပြည်တော်၊   မန္တလေးတိုင်းဒေသကြီး၊   မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊  ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊  ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။
၃။    မိုးဦးကာလ မေလနှင့် ဇွန်လတို့တွင် ဧရာဝတီမြစ်၊ ချင်းတွင်း မြစ်၊ ဒုဋ္ဌဝတီမြစ်၊  မြစ်သာမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊   သောင်ရင်းမြစ်၊  ငဝန်မြစ်၊  တိုးမြစ်၊   ကုလားတန်မြစ်၊ လေးမြို့မြစ်နှင့် ဘီးလင်းမြစ်တို့ တစ်လျှောက်ရှိ မြို့များတွင် မြစ်ရေ များသည် လက်ရှိရေမှတ်များ၏အထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။
မိုးလယ်ကာလ ခန့်မှန်းချက်
၄။    မိုးလယ်ကာလသည်    ၂၀၂၃   ခုနှစ်    ဇူလိုင် ၁ ရက်မှ သြဂုတ် လကုန်အထိ ဖြစ်သည်။   မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ် အော်တွင် လေဖိအားနည်းရပ်ဝန်း လေးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်  တွင်   ပိုမိုအားကောင်းလာကာ   မုန်တိုင်းငယ်အဖြစ်သို့    ရောက်ရှိ နိုင်သည်။   ယင်းကာလအတွင်း  အနောက်တောင်မုတ်သုံလေသည် အားကောင်းနိုင်သည်။  မိုးရွာသွန်းမှုအ‌ခြေအနေမှာ   မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး   နေပြည်တော်၊   စစ်ကိုင်းတိုင်းဒေသကြီး၊   မန္တလေးတိုင်း  ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊  ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲ ခန့် မိုးထစ်ချုန်းရွာနိုင်သည်။
၅။    မိုးလယ်ကာလ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ဧရာဝတီမြစ်ရေ သည် ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊  စစ်ကိုင်းမြို့၊  မြင်းမူမြို့၊  ပခုက္ကူမြို့၊  ညောင်ဦးမြို့၊  ဆိပ်သာမြို့၊  ဟင်္သာတမြို့နှင့်  ဇလွန်မြို့တို့တွင်   တစ်ကြိမ်ခန့်စီ၊   ချင်းတွင်းမြစ်ရေသည်   ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊  ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့်မုံရွာမြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေသည် ကလေး  မြို့တွင် တစ်ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် တစ်ကြိမ် ခန့်၊   စစ်တောင်းမြစ်ရေသည်တောင်ငူမြို့နှင့်   မဒေါက်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည်  ရွှေကျင်မြို့တွင် တစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည်    ပဲခူးမြို့တွင်    တစ်ကြိမ်ခန့်၊  သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့်  ဘားအံမြို့တို့တွင် တစ်ကြိမ်ခန့်စီ၊   သောင်ရင်းမြစ် ရေသည် မြဝတီမြို့တွင် တစ်ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း  မြို့၊ သာပေါင်းမြို့နှင့်  ပုသိမ်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊  တိုးမြစ်ရေသည်  မအူပင်မြို့တွင် တစ်ကြိမ်ခန့်၊ ကုလားတန်မြစ်ရေသည်  ကျောက်တော် မြို့တွင်   တစ်ကြိမ်ခန့်၊   လေးမြို့မြစ်ရေသည်   မြောက်ဦးမြို့တွင် တစ်ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည်  ဘီးလင်းမြို့တွင်  တစ်ကြိမ်ခန့်  ယင်းမြို့များ၏  စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိ နိုင်သည်။
မိုးနှောင်းကာလ ခန့်မှန်းချက်
၆။    မိုးနှောင်းကာလသည်   ၂၀၂၃  ခုနှစ်    စက်တင်ဘာ    ၁   ရက်  မှ     အနောက်တောင်မုတ်သုံလေ    မြန်မာနိုင်ငံ    တစ်ဝန်းလုံးမှ    ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိ    ဖြစ်သည်။    မိုးနှောင်းကာလ  အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်   ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ  မုန်တိုင်းငယ် အဖြစ်သို့  ရောက်ရှိနိုင်သည်။  ယင်းကာလအတွင်း အနောက်တောင်  မုတ်သုံလေသည်  အားအနည်းငယ်မှ အားအသင့်အတင့်  ရှိနိုင်သည်။  မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊   ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊  ကချင်ပြည်နယ်၊   ရှမ်းပြည်နယ်၊   ချင်းပြည်နယ်၊   ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။ 
၇။    မိုးနှောင်းကာလ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့၊ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်  တစ်ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေသည်  ကလေးမြို့တွင်  တစ်ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် တစ်ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေ သည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေ သည် ရွှေကျင်မြို့တွင် တစ်ကြိမ်ခန့်၊   သံလွင်မြစ်ရေသည်  ဘားအံ  မြို့တွင် တစ်ကြိမ်ခန့်၊  သောင်ရင်းမြစ်ရေသည်   မြဝတီမြို့တွင်  တစ် ကြိမ်ခန့်၊  ငဝန်မြစ်ရေသည်     ငါးသိုင်းချောင်းမြို့နှင့်   သာပေါင်းမြို့ တို့တွင်တစ်ကြိမ်ခန့်စီနှင့်တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ကြိမ်ခန့်      ယင်းမြို့များ၏    စိုးရိမ်ရေမှတ်အသီးသီးအထက်သို့    ကျော်လွန် ရောက်ရှိနိုင်သည်။
၂၀၂၃ ခုနှစ် မိုးဦးကာလအတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်
၂၀၂၃ ခုနှစ် မိုးဦးကာလ သတ်မှတ်ခြင်း
၈။    ၂၀၂၃ ခုနှစ်    မိုးဦးကာလသည်    မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ   စတင်ဝင်ရောက်သည့်နေ့မှ   ၂၀၂၃  ခုနှစ် ဇွန်လကုန်အထိ ဖြစ်သည်။
၂၀၂၃ ခုနှစ် မုတ်သုံလေ ဝင်ရောက်နိုင်မှုအ‌ခြေအနေ
၉။    အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်သို့ အောက်ပါအတိုင်း ဝင်ရောက်ဖွယ်ရာ ရှိပါသည်-
(က)     မေလ (၁၃ - ၁၈) ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်း ဒေသများ၊
( ခ)    မေလ (၁၉ - ၂၄) ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊
( ဂ)    မေလ (၂၅ - ၃၁) ရက်နေ့အတွင်း မြန်မာနိုင်ငံ အလယ် ပိုင်းဒေသများနှင့်
(ဃ)    ဇွန်လ (၁ - ၆) ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း  ဒေသများ၊
ဘင်္ဂလားပင်လယ်အော်အခြေအနေ
၁၀။    ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌ဝန်း  လေးကြိမ်  ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ  မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်သည်။   ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည်  အားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်သည်။
မိုးအခြေအနေ
၁၁။    မိုးရွာသွန်းမှုအ‌ခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊   ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်    ချင်းပြည်နယ်တို့တွင်  ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး  နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊   ဧရာဝတီတိုင်းဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့်   မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။
မြစ်ရေအခြေအနေ
၁၂။    မိုးဦးကာလ မေလနှင့် ဇွန်လတို့တွင် ဧရာဝတီမြစ်၊ ချင်းတွင်း မြစ်၊ ဒုဋ္ဌဝတီမြစ်၊ မြစ်သာမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊  ငဝန်မြစ်၊ တိုးမြစ်၊  ကုလားတန်မြစ်၊  လေးမြို့မြစ်နှင့် ဘီးလင်းမြစ်တို့တစ်လျှောက်ရှိ မြို့များတွင် မြစ်ရေ များသည်   လက်ရှိရေမှတ်များ၏အထက်   မြင့်တက်လာနိုင်သော် လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့   ရောက်နိုင်ဖွယ် မရှိပါ။                               

မိုး/ဇလ