၂၀၂၃ ခုနှစ် မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား(EV) ပြပွဲဖွင့်ပွဲ ပြည်သူ့ရင်ပြင်၌ စည်ကားစွာကျင်းပ

 

ရန်ကုန်   ဩဂုတ်  ၄


၂၀၂၃  ခုနှစ်  မိုးရာသီဈေးရောင်းပွဲတော်၊  စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား(EV) ပြပွဲ  ဖွင့်ပွဲကို  ယနေ့နံနက်ပိုင်းက   ရန်ကုန်တိုင်း ဒေသကြီး  ဒဂုံမြို့နယ်ရှိ   ပြည်သူရင်ပြင်၌ ကျင်းပသည်။
ဦးစွာ  ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီး ချုပ်   ဦးစိုးသိန်းက   အမှာစကားပြောကြား သည်။


ထို့နောက်၂၀၂၃ ခုနှစ် မိုးရာသီ ဈေးရောင်း ပွဲတော်၊  စက်မှုထုတ်ကုန်ပြပွဲကို  စည်ပင် သာယာရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး    ဦးမျိုးမြင့်အောင်နှင့်  စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများက လည်းကောင်း၊ လျှပ်စစ် (EV) ကားပြပွဲကို  ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော် ဦး၊  မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ  ဦးအေးဝင်း နှင့် တာဝန်ရှိသူများကလည်းကောင်း ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက     စက်မှုထုတ်ကုန်ပစ္စည်းများ နှင့်  လျှပ်စစ်  (EV)   ကားများ၊ အားသွင်းစက်များ ပြသထားရှိမှုများကို  လိုက်လံကြည့်ရှုအားပေးကြ သည်။


အဆိုပါဈေးရောင်းပွဲနှင့် ပြပွဲတွင်    ရန်ကုန်တိုင်း ဒေသကြီး၏ စက်မှုဇုန်  ၂၉  ဇုန်မှ  ထုတ်ကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ နေပြည်တော်ကောင်စီအပါ အဝင် အခြားတိုင်းဒေသကြီးနှင့်    ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်း    အရောင်းဆိုင်ခန်းများ၊  အသေးစား၊  အငယ်စား၊   အလတ်စား   (MSME) ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊    မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ Digital economy coner   နည်းပညာပြခန်းများ၊ မြန်မာနိုင်ငံ    ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)နှင့်  ညီနောင်အသင်းများမှ   အရောင်းပြခန်းများ၊ မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များ အသင်းမှ   ပြခန်းများ၊  အခြားအသင်းအဖွဲ့များမှ    ပြခန်းများနှင့်ပုဂ္ဂလိက လုပ်ငန်းရှင်များမှ   ပြခန်းများ ခင်းကျင်းပြသမည်ဖြစ်သည်။


ထို့ပြင်  မြန်မာနိုင်ငံ   ဆန်စပါးအသင်းချုပ်နှင့် လက်လီရောင်းချသူများအသင်းက   ဆန်ကိုလည်း ကောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်   ဆီလုပ်ငန်းရှင် များအသင်းက စားသုံးဆီကိုလည်းကောင်း၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ   ဟင်းသီး ဟင်းရွက်နှင့် အသီးအနှံများကို  သက်သာသောနှုန်း ထားဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့်   ဈေး လာရောက်ဝယ်ယူသူများအား Dancer အကများ၊ ရှိုးပွဲများ၊ ဒီဂျေများဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး     အတွင်းပတ်လမ်းမှ မော်တော်ယာဉ်များဖြင့် ဝင်ရောက် ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိသည်။


အဆိုပါ ဈေးရောင်းပွဲတော်ကို ဩဂုတ် ၄ ရက်မှ ၆ ရက်အထိနံနက် ၉ နာရီမှ ည ၇နာရီအထိ ပြသ ရောင်းချမည်ဖြစ်ကြောင်းနှင့်   ဆိုင်ခန်းရောင်းချ မည့်သူများနှင့်      ဈေးလာရောက်ဝယ်ယူကြသူများ   စားသောက်ရေးအတွက်  တန်ဖိုးသင့်ထမင်းဆိုင်များ  ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)