၂၀၂၃ ခုနှစ် မေလ လပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ
၁။    အနောက်တောင်မုတ်သုံလေသည်  မေလ  (၁၃ - ၁၈) ရက် အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့  လည်းကောင်း၊ မေလ (၁၉ - ၂၄) ရက်အတွင်း   မြစ်ဝကျွန်းပေါ်ဒေသများသို့  လည်းကောင်း၊  မေလ (၂၅ - ၃၁) ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့   လည်းကောင်း     အသီးသီးဝင်ရောက်နိုင်သည်။   ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်‌ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင်     ပိုမိုအားကောင်းလာကာ    မုန်တိုင်းငယ်အဖြစ်သို့  ရောက်ရှိနိုင်သည်။  ယင်းကာလအတွင်း    အနောက်တောင်မုတ်သုံလေ သည် အားအနည်းငယ်မှ  အားအသင့်အတင့်  ရှိနိုင်သည်။  ကပ္ပလီ ပင်လယ်ပြင်နှင့်  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်  အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်သည်။
မိုးအခြေအနေနှင့် မိုးရွာရက်
၂။    မိုးရွာသွန်းမှုအ‌ခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊   ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်   ချင်းပြည်နယ်တို့တွင်  ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး  နေပြည်တော်၊  မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊   ဧရာဝတီတိုင်းဒေသကြီး၊   တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယား  ပြည်နယ်၊ ကရင်ပြည်နယ်နှင့်   မွန်ပြည်နယ်တို့တွင်  ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။ 
၃။    တနင်္သာရီတိုင်းဒေသကြီး၊   ကချင်ပြည်နယ်၊  ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့်  မွန်ပြည်နယ်တို့တွင်    ၁၇  ရက်မှ   ၂၂ ရက်ခန့်၊    စစ်ကိုင်းတိုင်းဒေသကြီး   အထက်ပိုင်း၊   ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း)၊     ရန်ကုန်တိုင်းဒေသကြီး၊    ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် မြောက်ပိုင်း)၊  ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်   ၁၁ ရက်မှ  ၁၆ ရက် ခန့်နှင့်  နေပြည်တော်၊  စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊   မကွေးတိုင်းဒေသကြီးနှင့်   ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တို့တွင်   ၅   ရက်မှ  ၁၀ ရက်ခန့်   မိုးထစ်ချုန်းရွာနိုင် သည်။ 
နေ့အပူချိန် 
၄။    နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊  ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် မေလ ပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် နှင့်အထက် ပိုနိုင်ပြီး   ပဲခူးတိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊  ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ ပျမ်းမျှ အပူချိန်ခန့်သာ ရှိနိုင်သည်။ 
မြစ်ရေအခြေအနေ
၅။    ၂၀၂၃ ခုနှစ် မေလအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင်  ရှစ်ပေမှ  ၁၀ ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ငါးပေမှ ခုနစ်ပေခန့်  လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်။ 
၆။    ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၅ ပေမှ ၈ ပေခန့်လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်။ 
၇။    မြစ်သာမြစ်ရေသည် ကလေးမြို့တွင် သုံးပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေ သည် သီပေါမြို့တွင် နှစ်ပေခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် လေးပေ  မှ ခြောက်ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့ တို့တွင် နှစ်ပေမှ သုံးပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် နှစ်ပေ   ခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် နှစ်ပေမှ လေးပေ ခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့် ဘားအံမြို့တို့တွင်  သုံးပေ မှလေးပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် သုံးပေခန့်၊ ငဝန် မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် နှစ်ပေမှ လေးပေခန့်၊   တိုးမြစ်ရေသည်   မအူပင်မြို့တွင် သုံးပေခန့်၊  ကုလားတန်မြစ်ရေသည်  ပလက်ဝမြို့နှင့်  ကျောက်တော်မြို့တို့တွင် တစ်ပေမှ သုံးပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် တစ်ပေ ခန့် နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် သုံးပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်သည်။           

 မိုး/ဇလ