၂၀၂၃ ခုနှစ် ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

 

နေပြည်တော်    မေ    ၁၇


၂၀၂၃ ခုနှစ်  “ကမ္ဘာ့သွေးတိုးရောဂါနေ့”  အထိမ်းအမှတ်အခမ်းအနား ကို  ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ  ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်      ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်း က ၂၀၂၃  ခုနှစ်     “ကမ္ဘာ့သွေးတိုး ရောဂါနေ့”      အထိမ်းအမှတ် ဆောင်ပုဒ်မှာ    “Measure   Your Blood    Pressure    Accurately, Control   It,     Live  Longer” “သက်ရှည်ကျန်းမာနေနိုင်ဖို့၊  စနစ် တကျ သွေးပေါင်တိုင်းကာထိန်းညှိ စို့” ဖြစ်ကြောင်း၊   ဆောင်ပုဒ်၏ ဦးတည်ချက်သည် ပြည်သူလူထု အတွင်း     သွေးတိုးရောဂါနှင့် ပတ်သက်၍ အသိပညာမြှင့်တင် ရန်၊ သွေးပေါင်ချိန်ကို စနစ်တကျ နည်းလမ်းမှန်စွာ တိုင်းတာတတ် စေရန်နှင့် ထိရောက်သောကုသမှု များ      ရယူတတ်စေရန်    ဖြစ် ကြောင်း။

 


၂၀၂၃   ခုနှစ်     မတ်လတွင် ကမ္ဘာ့ကျန်းမာရေး  အဖွဲ့ကြီးက ထုတ်ပြန်ထားသည့်    အချက် အလက်များအရ    ယနေ့   ကမ္ဘာ တစ်ဝန်း၌ အသက် ၃၀ နှင့် ၇၉နှစ် အကြား       အသက်အုပ်စုတွင် သွေးတိုးရောဂါရှိသူ ၁ ဒသမ ၂၈ ဘီလီယံခန့်       ရှိသည်ကို သိရ ကြောင်း၊   အဆိုပါ    လူဦးရေ၏ ၄၆ ရာခိုင်နှုန်းသည် မိမိတို့တွင် သွေးတိုးရောဂါရှိမှန်း  သတိမပြုမိ သည့်   အခြေအနေတွင်    ရှိနေ ကြောင်း။

 


မကူးစက်နိုင်သော   ရောဂါ များ     ကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍     ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင်တစ်ခုသည်     သွေးတိုး ရောဂါအပါအဝင်    မကူးစက်နိုင် သောရောဂါ ဖြစ်ပွားသေဆုံးမှုကို ၂၀၁၀ ပြည့်နှစ်မှ ၂၀၃၀ ပြည့်နှစ် အတွင်း ၃၃ ရာခိုင်နှုန်း လျှော့ချ ရန်ဖြစ်ကြောင်း၊ အဆိုပါ ပန်းတိုင် ကိုပြည့်မီစေရန် သွေးတိုးရောဂါ စစ်ဆေးပေးခြင်း၊      အချိန်နှင့် တစ်ပြေးညီ ထိရောက်သော ကုသ မှုပေးခြင်းသည် လွန်စွာအရေးကြီး သော အခန်းကဏ္ဍများ ဖြစ်သကဲ့ သို့ ပြည်သူလူထုအကြား သွေးတိုး ရောဂါအန္တရာယ်နှင့် နောက်ဆက် တွဲ       ကျန်းမာရေးဆိုးကျိုးများ ဆိုင်ရာ   အသိပညာမြှင့်တင်ခြင်း လုပ်ငန်းသည်     အရေးကြီးသော လုပ်ငန်းစဉ်တစ်ခု     ဖြစ်ကြောင်း ပြောကြားသည်။ 

 


ထို့နောက်  ၂၀၂၃ ခုနှစ် ကမ္ဘာ့ သွေးတိုးရောဂါနေ့ အထိမ်းအမှတ်  မှတ်တမ်းဗီဒီယိုနှင့်      နေအိမ်၌ စနစ်တကျ        သွေးပေါင်ချိန် တိုင်းတာခြင်း  သရုပ်ပြဗီဒီယိုကို ပြသပြီး    မြန်မာနိုင်ငံ   သွေးတိုး ရောဂါအဖွဲ့    အထွေထွေအတွင်း ရေးမှူး ပါမောက္ခဒေါက်တာရဲမြင့် က   “သွေးတိုးရောဂါအကြောင်း သိကောင်းစရာ”     ခေါင်းစဉ်ဖြင့် ကျန်းမာရေးပညာပေး ဟောပြော သည်။ 

 


ယင်းနောက်  ဒုတိယဝန်ကြီး သည် ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ် အခမ်းအနားပြခန်း ကို ကြည့်ရှုသည်။ (ဝဲပုံ)
အခမ်းအနားသို့ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီး များ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊  မြန်မာ နိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့မှ ဥက္ကဋ္ဌနှင့်     ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ သွေးတိုးရောဂါအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် ဆေးရုံအုပ်ကြီး များ၊  ပါမောက္ခ/ဌာနမှူးများ၊ အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ နှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။


သတင်းစဉ်