
နေပြည်တော် ဧပြီ ၂၉
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်း အရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများ ပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည် ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိပါ သည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာ ခေတ်မီအကြောင်းအရာများနှင့် ယခုလအတွက်ရေးသားသည့် “စားနပ်ရိက္ခာဖူလုံမှု ရှိဖို့ ဦးစားပေးဆောင်ရွက်ကြပါစို့” မျက်နှာဖုံး ဆောင်းပါးကြီးများပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (ဧပြီလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
၂၀၂၃ ခုနှစ် ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်တွင် ဒေါက်တာ ခင်မောင်ညို၊ ခင်မောင်အေး။ သန့်လွင်ထွန်း (MPA)၊ ပါမောက္ခ ကိုကိုအောင်တို့၏ “စားနပ်ရိက္ခာဖူလုံမှုရှိဖို့ ဦးစားပေး ဆောင်ရွက်ကြပါစို့” မျက်နှာဖုံးဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ (ပညာရေး)၊ ညီညီဖေ၊ ညီမော်သိမ်း၊ ကိုဇော်ဌေး (ယဉ်ကျေးမှု)၊ စန်းနီလာဝင်း၊ မောင်ပေါ်ထွန်း၊ တွဲဖက်ပါမောက္ခ ဦးလွင်မြင့်၊ ထက်ဝေအောင် (စစ်ကိုင်း) တို့၏ လူငယ် ရေးရာဆောင်းပါးများ၊ ကိုရင်ကျော်၏ အတွေးအခေါ် နှင့် တက်ကျမ်းဆိုင်ရာဆောင်းပါး၊ အေးထွန်းမင်း၊ ဦးဟန်ညွန့် (ဥပဒေ) တို့၏ နိုင်ငံတကာနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဆောင်းပါးများ၊ K.M.A၊ သုတကျော်တို့၏ ဒီမိုကရေစီနှင့် ရွေးကောက် ပွဲဆိုင်ရာဆောင်းပါးများ၊ လဲ့လဲ့ဝင်း (သတ္တဗေဒ)၊ ဆန်းသစ်အောင် (မဟာဝိဇ္ဇာ-အင်္ဂလိပ် ဘာသာစကား) တို့၏ သဘာဝပတ်ဝန်းကျင်နှင့် ကလေးအလုပ်သမား ဆိုင်ရာ ဆောင်းပါးများ၊ မြသိန်း၊ ဒေါက်တာ မြင့်သန်း၊ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ ကျန်းမာရေး) တို့၏ မူးယစ်နှင့် ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ မောင်မောင်မြင့်သိန်း (စက်မှု တက္ကသိုလ်) ၏ စီးပွားရေးဆိုင်ရာ ဆောင်းပါး၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊ စိုးစိုး (ပန်းတောင်း)၊ ဆောင်းဝင်းလတ်၊ မော်(သန်လျင်) တို့၏ ကဗျာ၊ ဟာသဝတ္ထုတို၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍ များကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာ ဖြင့် စီစဉ်တင်ဆက်ထားသည်။
အဆိုပါ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ကို တစ်အုပ်လျှင် ကျပ် ၂၅၀၀ နှုန်းဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (တ-၅၅)၊ သပြေကုန်းဈေး နေပြည်တော် ဖုန်း ၀၆၇- ၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေး ဖုန်း ၀၂ - ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေ ဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်