၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၁၂


ပညာရေးဝန်ကြီးဌာန  အဆင့်မြင့် ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်      တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို   ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော် ရှိ           ဝဏ္ဏသိဒ္ဓိ     အားကစားကွင်း၊ အားကစားရုံတို့၌    ကျင်းပလျက် ရှိရာ ယနေ့နံနက်ပိုင်းတွင် စတုတ္ထ နေ့ ပွဲစဉ်များအဖြစ် သက်ဆိုင်ရာ အားကစားနည်းများ        အလိုက် ယှဉ်ပြိုင်ကစားကြသည်။


အမျိုးသားဘောလုံးပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိ        အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း  အမှတ်(၃) ၌ တောင်ကြီးဇုန်အသင်းနှင့် ရန်ကုန် ဇုန်အသင်း၊       ဒဂုံဇုန်အသင်း နှင့်       မော်လမြိုင်ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ      ပညာရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး  ဒေါက်တာ      မိုးဇော်ထွန်း၊      အားကစားနှင့်     လူငယ်ရေးရာ ဝန်ကြီးဌာန     ဒုတိယဝန်ကြီး    ဦးမျိုးလှိုင်၊   ပညာရေးဝန်ကြီးဌာန မှ     ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်  ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊  ပြိုင်ပွဲဝင်အသင်း များ၊  အုပ်ချုပ်သူ၊   နည်းပြများနှင့်  တက္ကသိုလ်ကျောင်းသား ကျောင်းသူ များ တက်ရောက်ကြည့်ရှုအားပေး ကြသည်။


အဆိုပါ  အမျိုးသားဘောလုံး ပွဲစဉ်တွင် တောင်ကြီးဇုန်အသင်း နှင့်    ရန်ကုန်ဇုန်အသင်းတို့သည် တစ်ဖက်နှစ်ဂိုးစီဖြင့်  သရေကျခဲ့ ပြီး မော်လမြိုင်ဇုန်အသင်းက ဒဂုံ ဇုန်အသင်းကို  လေးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။


ထို့အတူ     ဝဏ္ဏသိဒ္ဓိဘောလုံး ကွင်း၌ ပြေးခုန်ပစ်ပြိုင်ပွဲ ဒုတိယ နေ့ ပွဲစဉ်အဖြစ် အမျိုးသား မီတာ ၁၀၀  အပြေးပြိုင်ပွဲ၊  အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ  ၁၅၀၀  အပြေးပြိုင်ပွဲ၊ အမျိုး သမီး မီတာ  ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား  သုံးဆင့်ခုန်ပြိုင်ပွဲနှင့် အမျိုးသမီး   တန်းမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား          လှံတံပစ်ပြိုင်ပွဲ၊ အမျိုးသမီး     လှံတံပစ်ပြိုင်ပွဲ၊ အမျိုးသား မီတာ ၄၀၀ လက်ဆင့် ကမ်း အပြေးပြိုင်ပွဲနှင့် အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်း အပြေး ပြိုင်ပွဲများကို ကျင်းပကြသည်။


ယင်းပြိုင်ပွဲများ၏ အမျိုးသား မီတာ  ၁၀၀  အပြေးပြိုင်ပွဲတွင် မောင်စောရန်နိုင်        (ဟင်္သာတ တက္ကသိုလ်)က ပထမ၊ မောင်ကောင်း ခန့်ဇော် (တောင်ငူတက္ကသိုလ်)က ဒုတိယ၊   မောင်အောင်ကျော်မင်း (ဒဂုံတက္ကသိုလ်)  က    တတိယ၊ အမျိုးသမီး  မီတာ ၁၀၀ အပြေး ပြိုင်ပွဲတွင် မဆုချမ်းမြေ့ကျော်(ဒဂုံ တက္ကသိုလ်) က ပထမ၊    မသိမ့် သဉ္ဇာဦး (ဒဂုံတက္ကသိုလ်)က ဒုတိယ၊ မသီရိညို   (စစ်ကိုင်းပညာရေး တက္ကသိုလ်)ကတတိယ၊ အမျိုးသား မီတာ  ၁၅၀၀  အပြေးပြိုင်ပွဲတွင် မောင်ကျော်လွင်ဦး(ဟင်္သာတ တက္ကသိုလ်)က ပထမ၊ မောင်ကောင်း မြတ်ကျော် (မော်လမြိုင်တက္ကသိုလ်) က ဒုတိယ၊    မောင်ခန့်ဝဿန် ဝင်းလွင် (တောင်ကြီးတက္ကသိုလ်) က တတိယ၊  အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွင် မသီရိနိုင် (ရတနာပုံတက္ကသိုလ်) က ပထမ၊ မယိမ်းတန့်        (မြစ်ကြီးနား တက္ကသိုလ်)က ဒုတိယ၊  မဖြိုးဖြိုး အောင်  (တောင်ကြီးတက္ကသိုလ်)က တတိယ၊ အမျိုးသား သုံးဆင့် ခုန်ပြိုင်ပွဲတွင် မောင်ဝေယံကျော် (ဟင်္သာတတက္ကသိုလ်) က  ပထမ၊ မောင်ဟိန်းမင်းထက် (တောင်ကြီး တက္ကသိုလ်)က ဒုတိယ၊ မောင်နေ ဝင်းဦး    (ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်)က တတိယ၊ အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲတွင်    မအေး အေးဖြူ(တောင်ကြီးတက္ကသိုလ်)က ပထမ၊ မခင်မိုးဝေ(တောင်ကြီး တက္ကသိုလ်)က ဒုတိယ၊   မထက် ထက်နိုင်(မိတ္ထီလာတက္ကသိုလ်) က တတိယဆု ရရှိကြသည်။ 

ထို့ပြင်   အမျိုးသားလှံတံပစ် ပြိုင်ပွဲတွင် မောင်နန်းထက်မောင် (မန္တလာတက္ကသိုလ်)  က   ပထမ၊ မောင်ချမ်းငြိမ်း (ရန်ကုန်ပညာရေး တက္ကသိုလ်)    က      ဒုတိယ၊ မောင်အောင်ဖုန်းမြင့်     (မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်) က တတိယ၊    အမျိုးသမီးလှံတံပစ် ပြိုင်ပွဲတွင်    မဇာနည်ဝင်း   (ဒဂုံ တက္ကသိုလ်)က ပထမ၊ မအိရွှေစင် (ဒဂုံတက္ကသိုလ်)    က    ဒုတိယ၊ မသက်ထက်သံစဉ်     (ဘားအံ တက္ကသိုလ်)က တတိယ၊ အမျိုးသား မီတာ    ၄၀၀     လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတွင်      ရတနာပုံ တက္ကသိုလ်အသင်းက ပထမ၊    ဒဂုံ တက္ကသိုလ်အသင်းက     ဒုတိယ၊ တောင်ကြီးတက္ကသိုလ်  အသင်းက တတိယ၊ အမျိုးသမီးမီတာ ၄၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် ရတနာပုံ    တက္ကသိုလ်အသင်းက ပထမ၊  ဒဂုံတက္ကသိုလ်အသင်းက ဒုတိယနှင့် မော်လမြိုင်တက္ကသိုလ် အသင်းက   တတိယဆု   ရရှိခဲ့ကြ သည်။


အဆိုပါ  ပြိုင်ပွဲများအပြီးတွင် တာဝန်ရှိသူများသည်    ဆုရရှိသူ များကို  ဂုဏ်ပြုဆုများ  ပေးအပ် ချီးမြှင့်ကြသည်။
အလားတူ တက္ကသိုလ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီ ဘောပြိုင်ပွဲများကို    နံနက်ပိုင်း တွင်   ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C)ရုံ၌လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး   စားပွဲတင်တင်းနစ် ပြိုင်များကို  ဝဏ္ဏသိဒ္ဓိအားကစား ကွင်း  (B) ရုံ၌      လည်းကောင်း၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ကို     ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌       လည်းကောင်း ယှဉ်ပြိုင်       ကစားခဲ့ကြကြောင်း သတင်းရရှိသည်။  


  သတင်းစဉ်