
နေပြည်တော် ဇွန် ၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံ ပညာကျောင်းများကို ယနေ့တွင်လည်း ဆက်လက် ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်း အလိုက် သင်ခန်းစာများ သင်ကြား ပို့ချပေးလျက်ရှိသည်။
ပြည်ထောင်စု နယ်မြေ နေပြည်တော်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီး သင်ကျောင်း စုစုပေါင်း ၂၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၁၄ ကျောင်း စုစုပေါင်း ၇၉၉ ကျောင်း တို့ ပြန်လည်ဖွင့်လှစ်ပြီး ယနေ့ တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၂၀၂၇၀ တက်ရောက် ပညာသင်ကြားလျက်ရှိသည်။
နိုင်ငံအဝန်း၌ နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်း များ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း များတွင်လည်း ကျောင်းသား ကျောင်းသူများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များအညီ နှင့်အေးချမ်းစွာ တက်ရောက် ပညာသင်ကြားလျက်ရှိရာ ယနေ့ တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၅၀၇၀၉၇ ဦး တက်ရောက် ပညာသင်ကြား လျက်ရှိကြောင်းနှင့် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများကို သင်ရိုးညွှန်း တန်းစာအုပ်များ အခမဲ့ထုတ်ပေး ပြီး ကျောင်းဝတ်စုံနှင့် ဗလာ စာအုပ်များကို အခမဲ့ပေးအပ်လျက် ရှိကြောင်း သိရသည်။
ကြိုတင်ပြင်ဆင်ပေးထား
ယခုကဲ့သို့ အခြေခံပညာ ကျောင်းများ စနစ်တကျ ဖွင့်လှစ် နိုင်ရေးအတွက် ပညာရေးဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်း များမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စာသင်ခုံ များ နေရာချထားခြင်း၊ စာသင် ချိန်များအား စနစ်တကျစီမံထား ခြင်း၊ ကျောင်းကြို / ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများဥပဓိရုပ်ကောင်းမွန်စေရေး စသည့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်း များကို ဆောင်ရွက်ပေးထား ကြသည်။
အေးချမ်းစွာပညာသင်ကြားနိုင်
ဆရာ ဆရာမများ၊ ကျောင်း သား ကျောင်းသူများ၊ ကျောင်း သားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့ များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထု လုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးလျက်ရှိသည်။
အားပေးစကားပြောကြား
ယင်းသို့ ဆောင်ရွက်ပေးနေ မှုများကို ပြည်ထောင်စုဝန်ကြီး များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ဝန်ကြီးချုပ် များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီး များ၊ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးကြပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး အားပေးစကားများ ပြောကြားခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်