
မုံရွာ ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ ငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ သတ်မှတ်ကာလ ပြီးစီးရေး ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်း အဝေးခန်းမ၌ ကျင်းပရာ အစည်း အဝေးသို့ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအားလုံးအနေဖြင့် ဘတ်ဂျက်နှစ် တစ်နှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများ ကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် အကောင်အထည် ဖော် ဆောင်ရွက်သွားကြရန်မှာ ကြားလိုကြောင်း၊ တာဝန်ရှိသူ များအားလုံးအနေဖြင့် လုပ်ငန်း များအပေါ် ကြပ်မတ်၊ စစ်ဆေး၊ တွန်းအားပေး ဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း၊ တည် ဆောက်ရေး လုပ်ငန်းများ၏ ဆောင်ရွက်ရန်ကာလသည် နှစ်လ သာ ကျန်ရှိတော့သည့်အတွက် အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး အကောင်အထည်ဖော် ဆောင် ရွက်သွားကြရန်နှင့် အရည် အသွေးအဆင့်မီစွာ အမြန်ဆုံး ပြီးစီးရန် ဌာနဆိုင်ရာများအနေ ဖြင့် ဝိုင်းဝန်းကြိုးပမ်း ကြပ်မတ် ဆောင်ရွက်သွားကြရန် တိုက် တွန်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက မိမိတို့ ဌာနများအလိုက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်း အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြ သည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ ငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ သတ်မှတ်ကာလ ပြီးစီးရေးနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေး တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)