၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဌနန္ဒက”မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

နေပြည်တော်  ဩဂုတ်  ၂၃
ရခိုင်ပြည်နယ်      တောင်ကုတ်မြို့နယ်ရှိ     မြန်မာ့သစ်လုပ်ငန်း   ဆင်ဝိုင်းမှ    ဆင်မ   ဇာနန်းလှ၊ အသက် ၃၃ နှစ်က  ဆင်ဖြူ တော် (အထီး)ကလေး တစ်စီးအား ၂၀၂၂ ခုနှစ်    ဇူလိုင်   ၂၃   ရက်    နံနက်မင်္ဂလာ အချိန်   ၆ နာရီခွဲတွင်    မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ    မွေးဖွားစ တွင်     အရပ်အမြင့်  ၂ ပေ ၅ လက်မ၊  ကိုယ်လုံး  လုံးပတ်  ၃  ပေ     ၁  လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၈၀ ခန့် ရှိသည်။
ဆင်ဖြူတော်ကလေး၏    ဘွဲ့နာမံ တော်မှာ  “ရဌနန္ဒက”  ဖြစ်ပြီး   အဆိုပါ ဆင်ဖြူတော်လေးသည် ရတနာဆင်ဖြူ တော်များ၏         ကြန်အင်လက္ခဏာ ၈ ချက်အနက်  မျက်လုံးပုလဲရောင်ဖြစ် ခြင်း၊     ကျောကုန်းမှာ   ငှက်ပျောကိုင်း သဏ္ဌာန်ဖြစ်ခြင်း၊    အမွေးအဖြူရောင် ဖြစ်ခြင်း၊     အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသား အရေ   ပန်းရောင်ဖြစ်ခြင်း၊  ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄  ခုစီပါရှိခြင်း၊    နားကြီးခြင်း  စသည့် ရတနာဆင်ဖြူတော်များ၏   ကြန်အင် လက္ခဏာ ၇ ချက်ကိုက်ညီသော  ဆင်ဖြူ တော်လေး ဖြစ်သည်။
အထက်ပါ       ဆင်ဖြူတော်လေး “ရဌနန္ဒက”မှာ ယခုအသက် ၂ နှစ်၊ ၁ လ သားအရွယ်တွင်     အရပ်အမြင့်  ၄ ပေ ၇   လက်မ   ကိုယ်လုံး   လုံးပတ်  ၇  ပေ ၄ လက်မ၊ ကိုယ်အလေးချိန် ၁၄၁၉ ပေါင် ရှိလာပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်း စောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော် ရှိ      ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ      ကျန်းမာ ပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော် လေး   “ရဌနန္ဒက”မှာ   ငယ်စဉ်ကတည်း ကပင်   လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော် လေးဖြစ်ပြီး          ပိုမိုယဉ်ပါးလာစေရန်    ဆင်နှင့်  လူသားတို့အကြား ကောင်းမွန် စွာ     ဆက်ဆံတတ်စေရန်    လေ့ကျင့် သင်ကြားခြင်းစနစ်    “Peace Human  and  Elephant  Interaction Training” ဖြင့်    လေ့ကျင့်သင်ကြားပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။ သတင်းစဉ်