၂၀၂၂ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု သေနတ်ပစ်အားကစားအသင်းထံ အောင်နိုင်ရေးအလံပေးအပ်

 

နေပြည်တော် စက်တင်ဘာ  ၁၄


၂၀၂၂ ခုနှစ် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဒိုင်း၊   တပ်မတော် (ကြည်း၊ ရေ၊ လေ)    သေနတ်ပစ် အားကစားပြိုင်ပွဲသို့   ဝင်ရောက် ယှဉ်ပြိုင်မည့်      နေပြည်တော် တိုင်းစစ်ဌာနချုပ်    ကိုယ်စားပြု သေနတ်ပစ် အားကစားအသင်းထံ အောင်နိုင်ရေး  အလံပေးအပ်ခြင်း ကို       ယနေ့နံနက်ပိုင်းတွင် နေပြည်တော်    ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်     နယ်မြေခံ သင်တန်းကျောင်း    ရေဆင်းခန်းမ ၌   ပြုလုပ်ရာ   တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်းနှင့်      တာဝန်ရှိသူများ၊ တပ်နယ်၊   တပ်ရင်း၊  တပ်ဖွဲ့မှူး များနှင့် ပြိုပွဲဝင်အားကစားသမား များ တက်ရောက်ကြသည်။

 


ဦးစွာ      တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုသေနတ်ပစ်အားကစား အသင်းမှ    တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲဝင်ရောက်  ယှဉ်ပြိုင်နိုင်ရေး၊ စခန်းသွင်း    လေ့ကျင့်ဆောင်ရွက် နေမှုအခြေအနေများနှင့်    ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်         အစီ အစဉ်များကို ရှင်းလင်းပြောကြား သည်။      ထို့နောက်      တိုင်းမှူးက အမှာစကားပြောကြားပြီး အောင် နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ကို ပေးအပ်ခဲ့ရာ တာဝန်ရှိသူများ က လက်ခံရယူသည်။  

 


ယင်းနောက်    တိုင်းမှူးက  တိုင်းစစ်ဌာနချုပ်      ကိုယ်စားပြု    ဝင်ရောက်ယှဉ်ပြိုင်မည့်   အားကစား သမားများနှင့်      တာဝန်ရှိသူများကို ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက် ပြီး          နေ့လယ်စာ     အတူတကွ သုံးဆောင်ခဲ့ကြောင်း    သတင်းရရှိ သည်။       

 သတင်းစဉ်