၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း (၁၇-၆-၂၀၂၂)ရက်၊ သောကြာနေ့နံနက် ထုတ်ပြန်ကြေညာမည်

 

၁။    ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို (၁၇-၆-၂၀၂၂)ရက်၊ သောကြာနေ့ နံနက် (၀၆:၀၀)အချိန်၌ ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။

 


၂။     အဆိုပါအောင်စာရင်းများကို  သက်ဆိုင်ရာ   မြို့နယ်အသီးသီးရှိ   စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ပါသည်။

 


၃။      အောင်စာရင်းထုတ်ပြန်မည့်(၁၇-၆-၂၀၂၂) ရက်နေ့၊ နံနက်(၄) နာရီတွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည် ဖြစ်ပါသည်။

 


၄။    တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို  Website  မှ   အသိပေးထုတ်ပြန်ကြေညာသည့်အပြင် ဝေးလံသောဒေသများရှိ  စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ်ကောင်းစွာ မရရှိသော စာစစ် ဌာနများ၏ အောင်စာရင်းများကို  မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်းထွက်သည့်နေ့ တွင် ကြေညာပေးပါမည်။

 

၅။    သက်ဆိုင်ရာစာစစ်ဌာနများတွင် အောင်စာရင်းကြည့်ရှုရန်  လာရောက်ရာတွင်  ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်  ထိန်းချုပ်ရေးဆိုင်ရာ  စည်းကမ်းများကို စနစ်တကျ  လိုက်နာဆောင်ရွက်ခြင်းဖြင့်   မိဘပြည်သူများက   ပူးပေါင်းဆောင်ရွက်  ကူညီပေးကြပါရန် ပန်ကြားအပ်ပါသည်။

 


၆။    အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိလာပါက မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် ( ၀၁ - ၆၅၃၅၀၉ )နှင့် ( ၀၉  - ၄၃၁၄၀၂၂၆  )တို့ထံသို့ အောင်စာရင်းထုတ်ပြန်ကြေညာမည့် (၁၇-၆-၂၀၂၂) ရက်နေ့ (သောကြာနေ့) တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
ပညာရေးဝန်ကြီးဌာန