၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူများ ထိုင်းနိုင်ငံလေ့လာရေးခရီး သွားရောက်

 

နေပြည်တော်     ဇူလိုင်    ၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား  ကျောင်းသူ   ၃၃ ဦးသည် ကြီးကြပ်သူ ဆရာ ဆရာမများ၊ တာဝန်ရှိသူများ နှင့်အတူ   ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့  လေ့လာရေးခရီး သွားရောက်ခဲ့ကြရာ ဒေသစံတော်ချိန်  နံနက် ၈ နာရီ ၅ မိနစ်တွင်  ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြကာ မော်တော်ယဉ် များဖြင့် မြဘုရားသို့ သွားရောက်ဖူးမြော်ကြသည်။ 

 


ထိုမှတစ်ဆင့်     ထိုင်းနိုင်ငံ ဆိုင်ရာ       မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့် တာဝန်ရှိသူများက  ကြိုဆိုနှုတ်ဆက်ကြကာ လေ့လာ ရေးခရီးစဉ်နှင့်      ပတ်သက်၍ ရှင်းလင်းပြောကြားပြီး   ထူးချွန် ကျောင်းသား   ကျောင်းသူများ လေ့လာရေးအဖွဲ့ကို နေ့လယ်စာ ဖြင့်         တည်ခင်းဧည့်ခံသည်။ ယင်းနောက် ထူးချွန်ကျောင်းသားကျောင်းသူများအဖွဲ့သည်  Siam Paragon ရှိ Siam Ocean World သို့ သွားရောက် ကြည့်ရှုလေ့လာ ကြသည်။

 


ဆက်လက်၍     Madame Tussauds       Museum     သို့ သွားရောက်လေ့လာကာ အဆိုပါ ပြတိုက်၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ယင်းနောက် Holiday Inn Hotel သို့ ရောက်ရှိ ခေတ္တအနားယူကြပြီး  Asiatique သို့   သွားရောက်လည်ပတ်ကြရာ Chao   Phraya   River   Cruise  စီး၍   မြစ်ကြောင်းတစ်လျှောက် လှည့်လည်ကြည့်ရှုကြသည်။

 


ထူးချွန်     ကျောင်းသား ကျောင်းသူများ လေ့လာရေးအဖွဲ့ သည် ဇူလိုင် ၅ ရက်တွင် ထိုင်းနိုင်ငံ  ရှိ    ASSUMPTION  University သို့     သွားရောက်လေ့လာကာ ပတ္တရားကမ်းခြေသို့        ဆက်လက် သွားရောက်ပြီး ပတ္တရားကမ်းခြေ တွင်      အပန်းဖြေကြသည်။ ဆက်လက်၍    ပတ္တရားရေပေါ် ဈေးနှင့် တောင်ပေါ်ဘုရားများသို့ သွားရောက်လေ့လာခဲ့ကြသည်။ ယင်းနောက် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာ၍   Baiyoke Tower   ပေါ်တွင်   ဘန်ကောက် မြို့၏    ညရှုခင်းကို    ကြည့်ရှုကြ သည်။

 


၂၀၂၂ ခုနှစ် တက္တသိုလ်ဝင် စာမေးပွဲတွင် ဘာသာတွဲအသီးသီး တွင် အမှတ်အများဆုံးဖြင့် ထူးချွန် စွာ အောင်မြင်ခဲ့ကြသည့် ထူးချွန် ကျောင်းသား      ကျောင်းသူများ ကို  ချီးမြှင့်ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက် နှင့်အညီ ပညာရေးဝန်ကြီးဌာနက ပြည်ပနိုင်ငံ အတွေ့အကြုံကောင်း များရရှိရေး၊      နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေ ရေးအတွက်    စီစဉ်ပို့ဆောင်ပေး ခြင်းဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်