
နေပြည်တော် ဩဂုတ် ၁၆
“၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးမောင် မောင်အုန်း၊ ဦးမြင့်ကြိုင်၊ ဦးမင်း သိန်းဇံနှင့် ဒေါက်တာဌေးအောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးစန်းလွင်၊ ဦးမြင့်စိုး၊ ဦးမျိုးလှိုင် နှင့် ဦးဇော်အေးမောင်၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်း များမှ အုပ်ချုပ်သူ/ နည်းပြများ နှင့် အားကစားသမားများ တက်ရောက်ကြသည်။
နံနက်ပိုင်းတွင် ဂျူဒိုပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး)အသင်း လိုက် ရှုံး/ထွက်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ကြ ပြီး (အမျိုးသား)တတိယလုပွဲ ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီး အသင်း နှင့် ရခိုင်ပြည်နယ်အသင်း တို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင် ပြည်နယ်အသင်းက လေးပွဲ-သုံးပွဲ ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ် အသင်းနှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီး အသင်းက လေးပွဲ-သုံးပွဲဖြင့် လည်းကောင်း၊ (အမျိုးသမီး)တတိယလုပွဲ ပွဲစဉ် တွင် ရှမ်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပဲခူးတိုင်း ဒေသကြီးအသင်းက လေးပွဲ-နှစ်ပွဲ ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ် အသင်းနှင့် မန္တလေးတိုင်းဒေသ ကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ ကြရာ မန္တလေးတိုင်းဒေသကြီး အသင်းက ငါးပွဲ - တစ်ပွဲဖြင့် လည်းကောင်း အနိုင်ရရှိကြသည်။
မွန်းလွဲပိုင်းတွင် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ကျင်းပရာ (အမျိုးသား) အသင်းလိုက်ပြိုင်ပွဲ တွင် ကချင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး ကချင် ပြည်နယ်အသင်းက ငါးပွဲ-တစ်ပွဲ ဖြင့် လည်းကောင်း၊ (အမျိုးသမီး)အသင်းလိုက်ပြိုင်ပွဲတွင် ဧရာဝတီ တိုင်းဒေသကြီးအသင်းနှင့် ကချင် ပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ကချင်ပြည်နယ် အသင်းက ငါးပွဲ-တစ်ပွဲဖြင့် လည်း ကောင်း အနိုင်ရရှိကြသည်။
ပြိုင်ပွဲများ အပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ(အမျိုးသား) အသင်းလိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယ ဆုရရှိသည့် ကချင်ပြည်နယ် အသင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်း၊ ရခိုင်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ကို မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းက လည်းကောင်း၊ (အမျိုးသမီး) အသင်းလိုက်ပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိသည့် ကချင် ပြည်နယ်အသင်း၊ ဧရာဝတီတိုင်း ဒေသကြီးအသင်း၊ ပဲခူးတိုင်းဒေသ ကြီးအသင်း၊ မန္တလေးတိုင်းဒေသ ကြီးအသင်းနှင့် အမျိုးသား(-၇၃)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယ ဆုရရှိကြသူများကို တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က လည်းကောင်း၊ အမျိုးသား (-၈၁) ကီလိုတန်း ပြိုင်ပွဲနှင့် အမျိုးသား (-၉၀) ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊တတိယ နှင့် ပူးတွဲတတိယဆု ရရှိကြ သူများကို အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်ကောင်း၊ အမျိုးသား (+၉၀) ကီလိုတန်း ပြိုင်ပွဲနှင့် အမျိုးသမီး (-၆၃)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယ ဆုရရှိကြသူများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက လည်းကောင်း၊ အမျိုးသမီး(-၇၀)ကီလိုတန်းနှင့်(+၇၀)ကီလိုတန်း ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိ ကြသူများကို ဥပဒေရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစန်းလွင် က လည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြိုင်ပွဲတွင် (အမျိုးသား)အကောင်းဆုံးဆုနှင့် (အမျိုးသမီး) အကောင်းဆုံးဆု ရရှိသည့် မောင်ဖြိုးသက်ဇော် (ကချင်)နှင့် မတင်ဇာမြင့်(ကချင်)တို့ကို ဟိုတယ်နှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်က Trophy နှင့် ဂုဏ်ပြုချီးမြှင့် ငွေကျပ် တစ်သိန်းစီကို လည်း ကောင်း၊ ရွှေလေးခု၊ ငွေငါးခုဖြင့် အမျိုးသားတံခွန်စိုက်ဆု ရရှိ သည့် ကချင်ပြည်နယ်အသင်းကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကလည်းကောင်း၊ ရွှေခုနစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခု ဖြင့် အမျိုးသမီး တံခွန်စိုက်ဆု ရရှိသည့် ကချင်ပြည်နယ်အသင်း ကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကလည်းကောင်း၊ ရွှေ ၁၁ ခု၊ ငွေခုနစ်ခု၊ ကြေးနှစ်ခုဖြင့် စုပေါင်း တံခွန်စိုက်ရရှိသည့် ကချင် ပြည်နယ်အသင်းအား ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း က လည်းကောင်း တံခွန်စိုက်ဆုများ အား ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာ နိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌက တံခွန် စိုက်ဆုရရှိသည့် ကချင်ပြည်နယ် အသင်းကို ထပ်မံဂုဏ်ပြု ချီးမြှင့် ငွေကျပ် ၁၀ သိန်း ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်