၂၀၂၂ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

 

မုံရွာ   စက်တင်ဘာ   ၁၄


၂၀၂၂   ခုနှစ်    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ် အောက်  အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

 


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်    တာဝန်ရှိသူများက      ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသား/အမျိုးသမီး မီတာ ၁၀၀  လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ   ယှဉ်ပြိုင်နေမှုကို   ကြည့်ရှုအားပေး သည်။

 


ထို့နောက်  ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး အားကစားနှင့်  ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူး  ဦးကျော်မင်းသန်းက အမျိုးသား/အမျိုးသမီး  အလျားခုန်ပြိုင်ပွဲတွင်   ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော    အားကစားသမားများအား ဆုတံဆိပ်များကို   လည်းကောင်း၊  အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)  ကျောင်းအုပ်ကြီး ဦးအောင် ဇော်လွင်က    အမျိုးသား/အမျိုးသမီး   သုံးဆင့်ခုန် ပြိုင်ပွဲတွင်   ပထမ၊   ဒုတိယ၊   တတိယဆုရရှိသော  အားကစားသမားများအား        ဆုတံဆိပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အမျိုးသား/အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော      အားကစားသမားများအား ဆုတံဆိပ်များကို   လည်းကောင်း       ဆုများချီးမြှင့်သည်။ 

 


ဆက်လက်၍   မုံရွာခရိုင်  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးက   အမျိုးသား/  အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတွင်    ပထမ၊  ဒုတိယ၊  တတိယ ဆုရရှိသော   အားကစားသမားများအား ဆုတံဆိပ် များကို  လည်းကောင်း၊    တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး  ဦးကျော်စိန်က     အမျိုးသား/ အမျိုးသမီး  သံပြားပစ်ပြိုင်ပွဲတွင်    ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော     အားကစားသမားများအား ဆုတံဆိပ်များကို   လည်းကောင်း၊   တိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းက  အမျိုးသား/ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိ သော     အားကစားသမားများအား     ဆုတံဆိပ် များကို  လည်းကောင်း  ဆုများချီးမြှင့်သည်။

 


ဆက်လက်ပြီး     တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက အမျိုးသား/ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊   တတိယဆုရရှိ သော အားကစားသမားများအား ဆုတံဆိပ်များကို လည်းကောင်း၊  တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး     ဦးစိုင်းနိုင်နိုင်ကျော်က    အမျိုးသား/ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင်   ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော   အားကစားသမား များအား    ဆုတံဆိပ်များကို    လည်းကောင်း၊ တိုင်းဒေသကြီး         သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက  အမျိုးသား/အမျိုးသမီး သံလုံးပစ် ပြိုင်ပွဲတွင်  ပထမ၊ ဒုတိယ၊   တတိယဆုရရှိသော အားကစားသမားများအား        ဆုတံဆိပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး  စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက  အမျိုးသား/ အမျိုးသမီး မီတာ ၄၀၀ ပြိုင်ပွဲတွင်  ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား       ဆုတံဆိပ်များကို လည်းကောင်း ဆုများချီးမြှင့်သည်။

 


ယင်းနောက်  တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က  အမျိုးသား/ အမျိုးသမီး မီတာ ၈၀၀ ပြိုင်ပွဲတွင်  ပထမ၊  ဒုတိယ၊  တတိယဆုရရှိသော အားကစားသမားများအား        ဆုတံဆိပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမျိုးသား/ အမျိုးသမီး မီတာ ၁၅၀၀ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော    အားကစားသမားများအား ဆုတံဆိပ်များကို လည်းကောင်း၊  တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက အမျိုးသား/ အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော    အားကစားသမားများအား ဆုတံဆိပ်များကို  လည်းကောင်း      ဆုများချီးမြှင့် သည်။

 


ထို့နောက်         တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသား/ အမျိုးသမီး     တံခွန်စိုက်ဆုရရှိသော မြို့နယ်များအား တံခွန်စိုက်ဆုတံဆိပ်နှင့် ငွေသား ဆုများကို   ပေးအပ်ချီးမြှင့်ပြီး    စုပေါင်းတံခွန်စိုက် ဆုရရှိသော အင်းတော်မြို့နယ် အမျိုးသား/အမျိုးသမီး အသင်းအား ဆုပေါင်းတံခွန်စိုက်ဆုနှင့် ငွေသားဆု ငွေကျပ် ငါးသိန်း ပေးအပ်ချီးမြှင့်သည်။
                 

တိုင်းဒေသကြီး (ပြန်/ဆက်)