၂၀၂၂ ခုနှစ် (၁၄၈) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အခမ်းအနားကျင်းပ

 

ဒစ်ဂျစ်တယ်နည်းပညာနှင့် အိုင်စီတီနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများက ကမ္ဘာတစ်ဝန်းရှိ စာပို့တိုက်လုပ်ငန်းများအပေါ်  အကျိုးသက်ရောက်မှုရှိ 

 

နေပြည်တော်  အောက်တိုဘာ  ၁၂


“ယနေ့ကျင်းပသည့် အခမ်းအနား သည်     ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union-UPU) ၏ (၁၄၈) နှစ်ပြည့်အခမ်းအနား ဖြစ်ပါကြောင်း   ကမ္ဘာ့စာပို့တိုက် သမဂ္ဂ  (ယူပီယူ)  တွင်    အဖွဲ့ဝင် ၁၉၂ နိုင်ငံရှိပြီး ကမ္ဘာတစ်ဝန်းတွင် စာပို့တိုက်စခန်းပေါင်း ၆၀၀၀၀၀ ကျော်ကို  ချိတ်ဆက်ပေးထားသည့်   တစ်ခုတည်းသော      ကမ္ဘာ့စာပို့ တိုက်    ကွန်ရက်အဖြစ်   ရပ်တည် လျက်ရှိနေပါကြောင်း၊ ဒစ်ဂျစ်တယ် နည်းပညာနှင့် အိုင်စီတီနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများက    ကမ္ဘာ တစ်ဝန်းရှိ စာပို့တိုက်လုပ်ငန်းများ အပေါ်   အကျိုးသက်ရောက်မှုရှိ ကြောင်း ပို့ဆောင်ရေးနှင့်  ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင် စန်း က ပြောကြားသည်။

 


၂၀၂၂ ခုနှစ် (၁၄၈) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့    အထိမ်း အမှတ်အခမ်းအနားကို    ယနေ့ နံနက် ၉  နာရီခွဲက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၂) ပြည် ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌    ကျင်းပရာတွင်    ပြည် ထောင်စုဝန်ကြီးက       ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

 


အထူးထုတ်တံဆိပ်ခေါင်းများ ထုတ်ဝေ


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးက   အိုင်စီတီနှင့်   ဒစ်ဂျစ် တယ်နည်းပညာများ၏    အကူ အညီနှင့်  သမားရိုးကျ    စာပို့တိုက် ဝန်ဆောင်မှုလုပ်ငန်း  (Traditi-onal Post) မှ ခေတ်မီစာပို့တိုက် ဝန်ဆောင်မှု (Postal Moderni-zation)  ကို   ပြောင်းလဲနိုင်ခဲ့ပြီး ထပ်ဆောင်းဝန်ဆောင်မှု (Value Added Services) ကို ဆောင်ရွက် ပေးနိုင်သည့်အတွက်  စာပို့တိုက် လုပ်ငန်းများတွင်    ဝင်ငွေများ တိုးတက်လာသည်ကို   တွေ့ရပါ ကြောင်း၊     စက်မှုနည်းပညာ တိုးတက်ပြောင်းလဲလာမှုနှင့်အတူ သဘာဝဂေဟစနစ် ပျက်စီးလာမှု ကို ကြုံတွေ့လာ၍ ယူပီယူမှ ယခု နှစ်တွင်      ကမ္ဘာ့စာပို့တိုက်နေ့ ဆောင်ပုဒ်ကို   Post for Planet “ကမ္ဘာမြေအတွက်   စာပို့တိုက်” ဟု   ရွေးချယ်ထားပြီး   သဘာဝ ပတ်ဝန်းကျင်   ထိန်းသိမ်းရေးကို အသိပေးဆောင်ရွက်နေသည်ကို ပြောကြားလိုပါကြောင်း၊   မိမိတို့ ဝန်ကြီးဌာနအောက်ရှိ   မြန်မာ့ စာတိုက်လုပ်ငန်းမှလည်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မွန်ပြည်နယ် များတွင်  စာတိုက်များမှ   စာပို့ /  စာဝေချောလမ်းကြောင်းများကို  E-Bikes  များ  သုံးစွဲ၍   ကာဗွန် ထုတ်လုပ်မှု    လျော့နည်းရေးနှင့် လောင်စာဆီအသုံးပြုမှု  လျှော့ချ နိုင်လာသည်ကို   တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊    မြန်မာနိုင်ငံ၏ စာတိုက်ဝန်ဆောင်မှုလုပ်ငန်းအား ခေတ်မီစာပို့တိုက် ဝန်ဆောင်မှုဖြင့် ပြုပြင်ပြောင်းလဲလာပြီး   နိုင်ငံ၏ နေ့ထူး/နေ့မြတ်များနှင့် အထိမ်း အမှတ်များအတွက် အထူးထုတ် တံဆိပ်ခေါင်းများ   ထုတ်ဝေနိုင် ခဲ့ပြီဖြစ်ကြောင်း      ပြောကြားသည်။

 


ထို့နောက်    ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်    အခမ်းအနား ကျင်းပရခြင်းနှင့်     စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။    ထို့ နောက် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန   ညွှန်ကြားရေးမှူးက ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့ စာပို့တိုက်  သမဂ္ဂဌာနချုပ် (UPU) ညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့ လာသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့စာပို့ တိုက်နေ့သဝဏ်လွှာကို ဖတ်ကြား သည်။  ဆက်လက်၍   ကမ္ဘာ့စာပို့ တိုက်နေ့အထိမ်းအမှတ် မှတ်တမ်း Video Clip ကို ပြသသည်။

 


ယင်းနောက် ကမ္ဘာ့စာပို့တိုက် နေ့အထိမ်းအမှတ်  အခမ်းအနား တွင် (၅၁) ကြိမ်မြောက် အသက် (၁၅) နှစ်နှင့်အောက် နိုင်ငံတကာ လူငယ်များ     ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်)  ၌  ပထမဆု ရရှိသော  နေပြည်တော်   ပြည် ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ် မှ  မောင်မိုးထက်အောင်၊  (ဝဲပုံ) ဒုတိယဆုရရှိသော  နေပြည်တော်    ပြည်ထောင်စုနယ်မြေ ပျဉ်းမနား မြို့မှ မသက်မှူးခင်၊ တတိယဆု ရရှိသော  မကွေးတိုင်းဒေသကြီး မကွေးမြို့မှ    မခင်ခင်ဦးသာနှင့် အထူးဆုရရှိသူ   နှစ်ဦးတို့ကို ပြည်ထောင်စုဝန်ကြီးက  ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်သည်။ 

 


ဆက်လက်၍   (၅၁)  ကြိမ် မြောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ      (ပြည်တွင်း အဆင့်)  ဆုရရှိသူများကိုယ်စား ပထမဆုရှင် မောင်မိုးထက်အောင် က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်၊၊

 


ပြခန်း၊ ပြကွက်များ 
ကြည့်ရှုအားပေး


အခမ်းအနားအပြီးတွင် ပြည် ထောင်စုဝန်ကြီးက အစည်းအဝေး သို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ပြီး တာဝန်ရှိသူများ၊ ဆုရကျောင်း သား/ ကျောင်းသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ ထို့နောက် (၁၄၈) နှစ်မြောက်ကမ္ဘာ့ စာပို့တိုက်နေ့   အထိမ်းအမှတ် ပြခန်းတွင် မှတ်တမ်းဓာတ်ပုံများ နှင့် ပြခန်း၊ ပြကွက်များကို ကြည့်ရှု အားပေး၍     လိုအပ်သည်များ မှာကြားသည်။ 

 


(၁၄၈) နှစ်မြောက် ကမ္ဘာ့စာပို့ တိုက်နေ့ အခမ်းအနားကို ကမ္ဘာ အနှံ့ရှိ ကမ္ဘာ့စာပို့တိုက် သမဂ္ဂအဖွဲ့ ဝင်နိုင်ငံများက    နိုင်ငံအလိုက် အသီးသီး  ကျင်းပခဲ့ကြောင်းနှင့်  မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့ စာပို့တိုက်နေ့    အခမ်းအနားကို ၁၉၈၆ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပ လာခဲ့ခြင်းဖြစ်ကြောင်း        သိရသည်။


သတင်းစဉ်