
နေပြည်တော် ဖေဖော်ဝါရီ ၂၂
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ နှင့် ပညာရေးဒီဂရီကောလိပ် ပေါင်းစုံ အားကစားပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစားနည်းများ အလိုက် သတ်မှတ်ထားသော အားကစားကွင်း ရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကြသည်။
ကြည့်ရှုအားပေး
ယနေ့နံနက်ပိုင်းတွင် ပညာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် တို့သည် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှုးချုပ်များနှင့် တာဝန် ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ ပြုလုပ်သည့် ပြေးခုန်ပစ် အားကစားပြိုင်ပွဲကို ကြည့်ရှုအားပေးသည်။
ပြေးခုန်ပစ် အားကစားပြိုင်ပွဲ တွင် အမျိုးသား မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား အလျားခုန်ပြိုင်ပွဲ၊ အမျိုးသမီး အလျားခုန်ပြိုင်ပွဲ၊ အမျိုးသားလှံတံ ပစ်ပြိုင်ပွဲနှင့် အမျိုးသမီးလှံတံပစ် ပြိုင်ပွဲများကို ကျင်းပရာ အမျိုးသား မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် မောင်လင်းခိုင်(ရန်ကင်း-EDC)က ပထမ၊ စောဘစိန် (ဘားအံ-EDC)က ဒုတိယ၊ မောင်အာကာလွင် (ထားဝယ်-EDC) က တတိယ ရရှိကြပြီး အမျိုးသမီး မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် မမိုးဝဿန် ထက်(ရန်ကင်း- EDC) က ပထမ၊ မတိုးတိုးဝေ(မကွေး - EDC) က ဒုတိယ၊ မအေးမြတ်သန္တာဖြိုး (ဘိုကလေး-EDC) က တတိယ ရရှိကြသည်။
အမျိုးသား အလျားခုန်ပြိုင်ပွဲ တွင် မောင်ဟိန်းထက်အောင် (ပခုက္ကူ - EDC) က ပထမ၊ မောင်ရဲထက်အောင် (မြောင်းမြ-EDC)က ဒုတိယ၊ မောင်ထွန်းနိုင် ဖုန်းမို(ရန်ကင်း - EDC) က တတိယ ရရှိကြပြီး အမျိုးသမီး အလျားခုန် ပြိုင်ပွဲတွင် မဖူးငုံ (ထားဝယ် - EDC)က ပထမ၊ မသရဖီကျော်(မန္တလေး-EDC) က ဒုတိယ၊ မဇင်ဇင်နိုင် (မုံရွာ-EDC) က တတိယရရှိကြ သည်။
အမျိုးသား လှံတံပစ်ပြိုင်ပွဲ တွင် မောင်စိုးမိုးအောင်(သင်္ဃန်းကျွန်း-EDC)က ပထမ၊ မောင်ဝင်း ဇော်(ဟားခါး-EDC)က ဒုတိယ၊ မောင်ကျော်စွာဦး (ဘားအံ-EDC) က တတိယရရှိကြပြီး အမျိုးသမီး လှံတံပစ်ပြိုင်ပွဲတွင် မသန်းသန်း ဌေး (မုံရွာ - EDC) က ပထမ၊ မဇင်မြတ်မြတ်နိုး (မော်လမြိုင်-EDC)က ဒုတိယ၊ မိအေးမြတ်မွန် (ဘားအံ-EDC)က တတိယရရှိကြ သည်။
ဆုများချီးမြှင့်
ပြိုင်ပွဲများအပြီးတွင် ပညာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်း မြင့်ဦး၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော် ဝင်း၊ ဆရာအတတ်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးဖြူဇင်တို့က ဆုရရှိ သည့် အားကစားမောင်မယ်များကို ဆုများ ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီး များသည် ဝဏ္ဏသိဒ္ဓိအားကစား ကွင်း (B)ရုံတွင် ကျင်းပသည့် အမျိုးသမီးဘော်လီဘော ဗိုလ်လု ပွဲနှင့် အမျိုးသားဘော်လီဘော ဗိုလ်လုပွဲ ပွဲစဉ်များကို ကြည့်ရှု အားပေးသည်။
အဆိုပါ အမျိုးသမီးဘော်လီဘောဗိုလ်လုပွဲစဉ်တွင် လားရှိုး ပညာရေး ဒီဂရီကောလိပ်အသင်း က တောင်ကြီးပညာရေးဒီဂရီကောလိပ်အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရ ဗိုလ်စွဲကာ ပထမရရှိပြီး အမျိုးသား ဘော်လီဘောဗိုလ်လု ပွဲစဉ်တွင် တောင်ကြီးပညာရေး ဒီဂရီကောလိပ်က မိတ္ထီလာပညာ ရေး ဒီဂရီကောလိပ်အသင်းကို သုံးပွဲ - တစ်ပွဲဖြင့် အနိုင်ရ ဗိုလ်စွဲ၍ ပထမဆုရရှိသည်။ ပြိုင်ပွဲအပြီး တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်တို့က ဆုရရှိကြသည့် အသင်းများကို ဆုများချီးမြှင့် ပေးအပ်သည်။
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း လေ့ကျင့် ရေးကွင်းအမှတ်(၃)၌ ကျင်းပပြီး တောင်ကြီးဇုန်အသင်းနှင့် မန္တလေး ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြ ရာ တောင်ကြီးဇုန်ဘောလုံး အသင်းက မန္တလေးဇုန်ဘောလုံး အသင်းကို ငါးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ညနေပိုင်းတွင် မကွေးဇုန် ဘောလုံးအသင်းနှင့် မော်လမြိုင် ဇုန်ဘောလုံးအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်နှင့် တစ်ဖက် အနိုင်ဂိုးသွင်းနိုင်ခြင်း မရှိဘဲ သရေပွဲ ဖြစ်သွားသည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ မှအုပ်စုပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင် ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်