
နေပြည်တော် မတ် ၂၉
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့ မွန်းလွဲပိုင်း တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဒုတိယနေ့ အုပ်စုပတ်လည် ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိကွင်းအမှတ် (၁) သို့ ရောက်ရှိပြီး အုပ်စု (၁) ကွန်ပျူတာ တက္ကသိုလ် (အထက်မြန်မာပြည်) ပွဲစဉ်ဖြစ်သည့် အသင်း (ခ) ကွန်ပျူတာတက္ကသိုလ် (မန္တလေး၊ လားရှိုး၊ တောင်ကြီး) နှင့် အသင်း (ဂ) ကွန်ပျူတာတက္ကသိုလ် (မကွေး၊ မိတ္ထီလာ) များမှ ကျောင်းသား အားကစားသမားများ၏ ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးသည်။
အဆိုပါ ပွဲစဉ်တွင် အသင်း (ခ)မှ အသင်း (ဂ) ကို ငါးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် ဝဏ္ဏသိဒ္ဓိကွင်းအမှတ် (၃) ၌ အုပ်စု (၃) နည်းပညာ တက္ကသိုလ် (အထက်မြန်မာပြည်) ပွဲစဉ်ဖြစ်သည့် အသင်း (ခ) နည်းပညာတက္ကသိုလ် (ကျောက် ဆည်၊ တောင်ကြီး၊ လားရှိုး၊ ပင်လုံ၊ ကျိုင်းတုံ) နှင့် အသင်း (ဂ) နည်းပညာ တက္ကသိုလ် (မန္တလေး၊ ရတနာပုံ ဆိုက်ဘာ စီးတီး၊ ကလေး၊ မုံရွာ၊ စစ်ကိုင်း) တို့ ပြိုင်ပွဲ (ဝဲပုံ) ယှဉ်ပြိုင်နေမှုများ ကို ကြည့်ရှုအားပေးသည်။
အဆိုပါ ပွဲစဉ်တွင် အသင်း(ခ) က အသင်း (ဂ) ကို နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။
သတင်းစဉ်