၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒသမတန်း(Grade-10) လူရည်ချွန် ကျောင်းသား ကျောင်းသူများ တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းသို့ ရောက်ရှိ

 

နေပြည်တော်   ဧပြီ   ၂၇


ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများကို စံနမူနာထားကာ ကျောင်းသားလူငယ်များကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လူရည်ချွန်စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင်  အဋ္ဌမတန်း လူရည်ချွန် ၁၆၀၊ ဒသမတန်းလူရည်ချွန် ၁၆၀ ၊ ဧကာဒသမတန်း လူရည်ချွန် ၁၅၈ ဦး  စုစုပေါင်း ၄၇၈ ဦးကို မွေးထုတ်နိုင်ခဲ့သည်။ 

 


အဆိုပါလူရည်ချွန်မောင်မယ်များသည်  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စုရပ်စခန်းမှ သက်ဆိုင်ရာလူရည်ချွန်အပန်းဖြေစခန်းမှူးများ၊ ကြီးကြပ်ဆရာဆရာမများ လိုက်ပါလျက် ပုဂံ၊ တောင်ကြီး၊ ငွေဆောင် လူရည်ချွန်စခန်းအသီးသီးသို့ လေ့လာရေးခရီးစဉ် စတင်ထွက်ခွာကြသည်။  

 


၂၀၂၂-၂၀၂၃   ပညာသင်နှစ် ဒသမတန်း(Grade-10) လူရည် ချွန် ကျောင်းသား ကျောင်းသူများ သည်    တောင်ကြီး    လူရည်ချွန် အပန်းဖြေစခန်းမှူး      ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် ဦးဆောင်၍ စတင်ထွက်ခွာကြပြီး နံနက် ၁၀ နာရီတွင် ကလောမြို့သို့ ရောက်ရှိကာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့်    အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ နှင့် ကျောင်းသား ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ က လမ်းဘေးဝဲယာတစ်လျှောက် အလံငယ်များ ဝှေ့ယမ်းနှုတ်ဆက် ၍လည်းကောင်း၊     ဘင်ခရာ၊ ပန်းဖွားအကများနှင့် ရှမ်းအိုးစည် ဗုံမောင်း တီးမှုတ်၍လည်းကောင်း ကြိုဆိုကြသည်။    

 

ထို့နောက် လူရည်ချွန်   မောင်မယ်များသည် ကလောမြို့ အမှတ် (၁)  အခြေခံ ပညာ   အထက်တန်းကျောင်းသို့ ရောက်ရှိပြီး နေ့လယ်စာသုံးဆောင် ကြသည်။

 


ယင်းနောက်        တောင်ကြီး လူရည်ချွန်       အပန်းဖြေစခန်း သို့       ဆက်လက်ထွက်ခွာကြ ပြီး  ပြည်ထောင်စုလမ်းမဘေးရှိ အောင်ပန်းဗျူးပွိုင့်တွင်   ခေတ္တ ရပ်နား၍    အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။

 


ထို့နောက် ဆက်လက်ထွက်ခွာ ပြီး မွန်းလွဲ ၂ နာရီတွင် လူရည်ချွန် စခန်းဖွင့်လှစ်ထားသည့်တောင်ကြီး မြို့ အမှတ်  (၁)  အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိ ကြရာ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများက    လှိုက်လှိုက် လှဲလှဲ  ကြိုဆိုခဲ့ကြကြောင်း သိရ သည်။


သတင်းစဉ်