
နေပြည်တော် ဒီဇင်ဘာ ၂၂
၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြသ ရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဒီဇင်ဘာ ၁၇ ရက်မှ စတင်ကျင်းပ လာခဲ့ရာ ယနေ့တွင် ပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ သည်။
ယနေ့တွင် ကျောက်စိမ်း အတွဲအမှတ် (၅၀၁) မှ (၇၈၀) အထိ ကျောက်စိမ်းအတွဲ ၂၈၀ ကို တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ အတွဲပေါင်း ၂၂၈ တွဲ ရောင်းချနိုင်ခဲ့ သည်။
ယခု ပြပွဲအတွင်း ပုလဲအတွဲ ၃၃၀ နှင့် ကျောက်စိမ်းအတွဲ ၇၈၀ ကို ပြသရောင်းချပေးခဲ့ရာ ပြည်တွင်း/ပြည်ပ ရတနာ ကုန်သည်များသည် ပြသထား သည့် ပုလဲအတွဲများနှင့် ကျောက် စိမ်းအတွဲများကို လွတ်လပ်စွာလေ့လာကြည့်ရှုခဲ့ကြပြီး ပုလဲအတွဲ ပေါင်း ၃၃၀ နှင့် ကျောက်စိမ်းအတွဲ ပေါင်း ၆၂၂ တွဲကို ရောင်းချပေးနိုင် ခဲ့ကြောင်း ပြပွဲဗဟိုကော်မတီထံမှ သိရသည်။
ကျင်းပနိုင်ခဲ့
မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင် ကျင်းပလာခဲ့ရာ နိုင်ငံခြားငွေဖြင့် ရောင်းချသည့်ပြပွဲ ၉၅ ပွဲ၊ မြန်မာ ကျပ်ငွေဖြင့် ရောင်းချသည့်ပြပွဲ ၁၉ ပွဲ ကျင်းပနိုင်ခဲ့ပြီး ယခုကျင်းပ သည့် ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြပွဲသည် နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ၉၆ ပွဲမြောက်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်