
နေပြည်တော် မတ် ၅
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့်အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၉ ဒသမ ၂ သန်းကျော်အနက် မဲစာရင်း မှားယွင်းနေမှု ပဏာမစိစစ်ချက်အရ ၁၀ ဒသမ ၄ သန်းကျော် ဖြစ်ပွားခဲ့မှုအပေါ် နစ်နာသည့် ပါတီများ၊ ပါဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများနှင့် တပ်မတော်တို့က UEC၊ လွှတ်တော်၊ အစိုးရတို့ထံ ဥပဒေနှင့်အညီ တောင်းဆိုခြင်းအပြင် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအထိ ၂ ကြိမ်တိုင်တိုင် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်မှုမရှိဘဲ တတိယအကြိမ် လွှတ်တော်အသစ်ခေါ်ယူ၍ အစိုးအသစ်ဖွဲ့စည်းရန် ကြိုးပမ်းလာခဲ့သည်။ သို့ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်မှစ၍ အာဏာသုံးရပ်အား ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ ဆောင်ရွက်ခဲ့ပြီး ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း ခဲ့သည်။
ရက်အလိုက်ဖော်ပြပါဆန္ဒဖော်ထုတ်မှုများတွင် အစောပိုင်းကာလ များ၌ ဆန္ဒဖော်ထုတ်သူအများစုမှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှု အသွင်ဆောင်သော်လည်း ဖေဖော်ဝါရီ ၉ ရက်နောက်ပိုင်းတွင် အကြမ်းဖက်ဆူပူမှုအသွင်(Riot)၊ ၎င်းမှ မင်းမဲ့စရိုက်ဆန်သော လူအုပ်စု (Anarchy Mob) အသွင်ဖြင့် မြို့ကြီးအချို့တွင် အကြမ်းဖက် လုပ်ရပ်များဆောင်ရွက်လာသည်ကို တွေ့ရသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၄၁၇) အရ အရေးပေါ်အခြအနေကြေညာသည့် ကာလ အတွင်း ပုဒ်မ (၄၁၃) ပါ လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့် (Martial Law)ထုတ်ပြန်ခြင်းနှင့် ပုဒ်မ(၄၂၀)အရ နိုင်ငံသားများ မူလအခွင့် အရေးကို ကန့်သတ်နိုင်ခြင်း စသဖြင့် ပြုလုပ်နိုင်သော်လည်း ထိုကဲ့သို့ ဆောင်ရွက်ခြင်းမပြုခဲ့ဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အညင်သာဆုံးနည်းများဖြင့်သာ ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ခဲ့သည်။
ပြောင်းလဲသုံးစွဲလာခဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အား ဖျက်သိမ်းခြင်းမပြုဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၇၊ ပုဒ်မ ၄၁၈ တို့အရ ဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းဆောင်ရွက်မှုဖြစ်စဉ် အပေါ် နိုင်ငံတကာမှ ဖေဖော်ဝါရီ ၃ ရက်အထိ Military Coup အဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့သော်လည်း နောက်ပိုင်းတွင် State Emergency အဖြစ် ပြောင်းလဲသုံးစွဲလာခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥပဒေနှင့်အညီ စီမံ အုပ်ချုပ်မှုဆောင်ရွက်ရာတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို မလို လားသူအုပ်စုအချို့က အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် ရည်ရွယ် ချက်ဖြင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်း ရပ်ဆိုင်း၍ ငွေကြေးစီးဆင်းမှု ပြတ်တောက်စေရန်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း များ ရပ်ဆိုင်းသွားရန် ကြိုးပမ်းခဲ့သလို ရုံးလုပ်ငန်းယန္တရားရပ်တန့် စေရန် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း စည်းရုံး၍ Red Ribbon Compaign ဖြင့်စတင်ပြီးနောက်ပိုင်း Civil DisobedienceMovement (CDM) လှုပ်ရှားမှုကို အရှိန်မြှင့်ဆောင်ရွက်လာခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက်အထိ ဆန္ဒဖော်ထုတ်လှုပ်ရှားမှုကို အေးချမ်းစွာ ဆန္ဒ ဖော်ထုတ်မှုအသွင်ဖြင့် ဆောင်ရွက်ရာမှ CDM အရှိန်မြှင့်မှုမှတစ်ဆင့် အုပ်စုဖွဲ့ အကျပ်ကိုင်၊ ခြိမ်းခြောက်၊ ဖိအားပေးမှု စသည့် ဆူပူမှုအသွင်သို့ ဦးတည်ပြောင်းလဲလာ၍လည်း ပြည်သူများအနေဖြင့် မဖြစ်သင့် မဖြစ်ထိုက်သည်များ မဖြစ်ပေါ်စေရေး ကြိုတင်သတိပေးသည့် အနေဖြင့် ဖေဖော်ဝါရီ ၈ ရက်မှ စတင်ကာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို အုပ်စုဖွဲ့ဆူပူမှုအသွင်သို့ ရောက်ရှိလာနိုင်သည့် မြို့ကြီးအချို့တို့တွင် ထုတ်ပြန်ခဲ့ရသည်။
အနိမ့်ဆုံးအဆင့်ဖြင့် ဖြေရှင်းဆောင်ရွက်
ဖေဖော်ဝါရီ ၉ ရက်တွင် နေပြည်တော် သပြေကုန်းအဝိုင်းတွင် CDM ခြိမ်းခြောက်အကျပ်ကိုင်မှုတွင် ပါဝင်ခြင်းမရှိသည့် နိုင်ငံ့ဝန်ထမ်း များ၏ ကြို၊ ပို့ ယာဉ်ကြီးများအား လူအုပ်စုကြီးဖြင့် ကားလမ်းပြည့် ပိတ်ဆို့နှောင့်ယှက်ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်း၊ မော်လမြိုင်မြို့ တွင် ရန်ကုန်သို့ ထွက်ခွာမည့် မီးရထားမထွက်နိုင်စေရန် အုပ်စုဖွဲ့၍ ရထားလမ်းပေါ်ပိတ်ဆို့ ဟန့်တားနှောင့်ယှက်ခြင်း၊ မွန်ပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ယာဉ်တန်းအား အကြမ်းဖက်ရန် ကြိုးပမ်းလာခဲ့ခြင်း၊ မန္တလေးမြို့တွင် မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်း၊ ၇၆ x ၇၈ လမ်းနေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူအုပ်စု မှ ညှပ်ပူးညှပ်ပိတ်ပြုလုပ်၍ တုတ်၊ ခဲ၊ လေးခွ၊ ဂျင်ကလိများဖြင့် ပစ်ခတ်နှောင့်ယှက်ဖျက်ဆီးခြင်း၊ တာဝန်ချိန် ရဲဝန်ထမ်းတစ်ဦးအား ရဲဝန်ထမ်းမှန်းသိလျက် အကြောင်းမဲ့၊ ဥပဒေမဲ့လုပ်ရပ်အဖြစ် ဖမ်းဆီး ရိုက်နှက်ခဲ့မှုကြောင့် အဆိုပါရဲဝန်ထမ်း သေဆုံးခဲ့ခြင်း စသောဆူပူ အကြမ်းဖက်မှုအသွင် အုပ်စုဖွဲ့၍ ရမ်းကားမှုများ ပြုလုပ်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်းနှင့် အညီ အနည်းဆုံး အင်အား အနိမ့်ဆုံးအဆင့်ဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ရသည်။ ဖြေရှင်းမှု အတွင်း နေပြည်တော်၌ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး ဆူပူ အကြမ်းဖက်သူအချို့ ထိခိုက်ဒဏ်ရာရရှိကာ အချို့အား ဖမ်းဆီး ထိန်းသိမ်းခဲ့ရသည်။ ဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လုပ်ငန်းစဉ်များနှင့်အညီဆောင်ရွက်
ဖေဖော်ဝါရီ ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး မန္တလေးဘူတာ ကြီးဝန်းကျင်၌ အများပြည်သူခရီးသွားများ၊ မီးရထားဖြင့် ခရီးသွားလာ ခြင်းမရှိစေရေး မီးရထားသံလမ်းများအား ကွန်ကရစ်ဘလောက်တုံးများ၊ သံလမ်းဟောင်းများ ပိတ်ဆို့တားဆီးခြင်းနှင့် သံလမ်းလွှဲများအကြား အတားအဆီးအမာများထည့်၍ ခရီးသည်များ အသက်အန္တရာယ် ဖြစ်စေသည်အထိ အုပ်စုဖွဲ့ရမ်းကားမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းရာ အကြမ်းဖက်ဆူပူသူလူအုပ်စုမှ တုတ်၊ ဓားများဖြင့် အန္တရာယ်ပြုခြင်း၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်း ၌ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဧရာဝတီဌာနခွဲပိုင် ခရီးသည်တင် ရေယာဉ်နှစ်စီးမထွက်ခွာစေရေး CDM လှုပ်ရှားမှုမှ အကြမ်းဖက်အသွင် ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တုတ်၊ ဓားများဖြင့် တိုက်ခိုက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရန်ရည်ရွယ်ချက်ဖြင့် အုပ်စုဖွဲ့ဝိုင်းရံ ပိတ်ဆို့လာခြင်း၊ ပိတ်ဆို့ခံရသည့်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကူညီနိုင် ရေး ထပ်မံသွားရောက် ပူးပေါင်းသည့် လုံခြုံရေးအဖွဲ့များကိုလည်း ထပ်မံဝိုင်းပတ်ပိတ်ဆို့ကာ ဂျင်ကလိ၊ တုတ်၊ ဓား၊ မှိန်း၊ သံမူလီ စသည့် အသက်အန္တရာယ်ထိခိုက်စေသော လုပ်ဆောင်မှုများဖြင့် ပြင်းထန်စွာ အကြမ်းဖက်လာ၍ အကြမ်းဖက်မှုဖြိုခွဲရေး လုပ်ငန်းစဉ်များနှင့်အညီ မလွှဲသာမရှောင်သာ ဆောင်ရွက်ခဲ့ရသည်။ ဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးယာဉ် ၅ စီး ပျက်စီးခဲ့ကာ အကြမ်းဖက်သူ ၂ ဦးသေဆုံးခဲ့သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင်လည်း အရပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွား၍ စိုးရိမ်ဒဏ်ရာရရှိမှုနှင့် ညမထွက်ရအချိန်ဖြစ်မှုအပေါ် ဒဏ်ရာရမိသားစုက နယ်မြေခံရဲတပ်ဖွဲ့ အား ဆေးရုံပို့ပေးရန် အကူအညီ တောင်းခံမှုကြောင့် ကူညီပို့ဆောင် ပေးစဉ် လုံခြုံရေးတပ်ဖွဲ့များအပေါ် အနီးကပ် တုတ်၊ဓားများဖြင့် သေစေ နိုင်သည်အထိ အကြမ်းဖက်အန္တရာယ်ပြုလာခြင်းကြောင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက် ဆူပူသူတစ်ဦး သေဆုံးခဲ့သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံ အုပ်ချုပ်မှု ယန္တရားပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရုံးမတက်နိုင်ရေးအုပ်စုဖွဲ့၍ အကြမ်းဖက်ပိတ်ဆို့ ဟန့်တားခြင်း၊ ဆူပူဆန္ဒပြခြင်း၊ အုပ်ချုပ်ရေးမှူးရုံးအချို့အား သော့အထပ်ထပ်ခတ်ခြင်း၊ ဝင်၊ ထွက် ပေါက်များကို နည်းမျိုးစုံဖြင့် ပိတ်ဆို့ခြင်းအပြင် ရွှေပြည်သာမြို့နယ်အတွင်း ညအချိန် အုပ်ချုပ် ရေးမှူးရုံး ဖွင့်လှစ်ထားမှုအပေါ် ရုံးခန်းအတွင်းရှိ အုပ်ချုပ်ရေးမှူးနှင့် အရပ်သားအချို့အား NLD ထောက်ခံ သည့် ရန်လိုအကြမ်းဖက်အုပ်စု တစ်စုမှ တုတ်၊ ဓားများဖြင့် အကြောင်းမဲ့ ဝင်ရောက်တိုက်ခိုက်ခြင်းများ ဖြစ်ပေါ် လာခဲ့သည်။ အလားတူ လူမှုကွန်ရက်များမှ ဖေဖော်ဝါရီ ၂၂ ရက်တွင် အငြိမ်းစားလစာထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းများအား ဘဏ်များသို့ မသွားရောက်နိုင်ရန်လမ်းတွင် ပိတ်ဆို့တားဆီးရေး၊ ဘဏ်တွင် ငွေမထုတ်နိုင်ရေးအတွက် နည်းမျိုးစုံဟန့်တားနှောင့်ယှက် ကြရေး လှုံ့ဆော်ဆောင်ရွက်လာသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ သတိပေးချက်များ ထုတ်ပြန်တားမြစ်ခဲ့၍ အငြိမ်းစား ဝန်ထမ်းများအနေဖြင့် အေးချမ်းစွာ ပင်စင်လစာများ ထုတ်ယူနိုင်ခဲ့ သည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး မြို့၊ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နှင့် ငပုတောမြို့၊ ရခိုင် ပြည်နယ် တောင်ကုတ်မြို့၊ မွန်ပြည်နယ် သုဝဏ္ဏဝတီမြို့နှင့် သံဖြူဇရပ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံသည့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသူများကိုလည်း NLD ပါတီဝင်များ ဆူပူ အကြမ်း ဖက်မှုကို အားပေးအားမြှောက်ပြုသူများ၊ ပြည်ပအားကိုး ပုဆိန်ရိုး များက နည်းမျိုးစုံဖြင့် ဟန့်တားနှောင့်ယှက်ခြင်း၊ အေးချမ်းစွာဆန္ဒ ဖော်ထုတ်ပြီးနောက် လူစုခွဲကြသည့် အချိန်များ၌ နေရာအချို့တွင် လူတစ်ဦးချင်း၊ ယာဉ်များအား တုတ်၊ ဓားများဖြင့် အနီးကပ် ရန်စ တိုက်ခိုက်နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ လူတစ်ဦးချင်းစီ၏ အရှက် သိက္ခာကျဆင်းစေသည့် လူအုပ်စုအတွင်း အင်္ကျီ၊ လုံချည်၊ ဘောင်းဘီ အဓမ္မဆွဲချွတ်ခြင်း၊ အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်ခြင်း၊ ကတုံး ရိတ်ခြင်းစသည့် အကြမ်းဖက်မှုများအား ဆိုးရွားစွာ ပြုမူဆောင်ရွက် ခဲ့ကြရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ဖြစ်စဉ်နေရာအလိုက် ဖြေရှင်းပေးခဲ့ရသည်။
တရားဥပဒေကို ကြီးမားစွာ ဖောက်ဖျက်မှုများ
NLD လိုလားထောက်ခံသူများနှင့် ပြည်ပအားကိုးပုဆိန်ရိုးများ အနေဖြင့် ဝန်ထမ်းများနှင့်ပြည်သူတို့အား CDM နှင့် လူထုလှုပ်ရှားမှု အသွင်ဆောင်ရွက်ရန် နည်းအမျိုးမျိုးဖြင့် ဖိအားပေးဆောင်ရွက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်းဖြင့် ပူးပေါင်းပါဝင်စေခြင်း၊ ပါဝင် ခြင်းမရှိသူများအား အုပ်စုဖွဲ့လျက် လူတစ်ဦးစီ၏ ကိုယ်ပိုင် လွတ်လပ် ခွင့်နှင့် လူ့အခွင့်အရေးဆုံးရှုံးစေသော၊ ဂုဏ်သိက္ခာညှိုးနွမ်းထိခိုက်စေသော အပြုအမူများဖြင့် ဖိအားပေးခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ Public Punishment အဖြစ် အရှက်သိက္ခာကျစေခြင်းများ ပြုလုပ် လာခဲ့သည်။ နိုင်ငံတကာအဘိဓာန်များတွင် အဓိပ္ပာယ်ဖွင့်ဆိုမှုအရ CDM သည် မည်သည့်အစိုးရ၊ မည်သည့်ဌာန၊ မည်သည့် စီးပွားရေး အဖွဲ့အစည်းများတွင်မဆို အကြမ်းမဖက် လှုပ်ရှားမှုဖြစ်သော်လည်း ဥပဒေနှင့် မညီညွတ်သောလုပ်ရပ်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် CDM လှုပ်ရှားမှုကို လှုံ့ဆော်သူများ၊ အတင်းအဓမ္မ ဖိအားပေးသူများ၊ ဥပဒေဘောင်အတွင်းက လုပ်ဆောင် နေသည့် ဝန်ထမ်းများကို လူမှုဝန်းကျင်တွင် အပြစ်ရှိသူများအဖြစ် ဥပဒေမဲ့ထိုးနှက်ချက်များလုပ်ဆောင်နေမှုများသည် တရားဥပဒေကို ကြီးမားစွာ ဖောက်ဖျက်မှုများပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ CDM လှုပ်ရှားမှုနှင့် လုပ်ဆောင်မှုများကို အမှန်တရားအဖြစ်ပုံသွင်းပြီး တရားဝင်စေ့ဆော်နေမှုများကိုလက်မခံကြရန် တိုက်တွန်းအပ်ပါသည်။
ယနေ့ လက်ရှိအခြေအနေများကို သုံးသပ်ကြည့်မည်ဆိုပါက CDM ဆိုသည့် မျက်နှာဖုံးအောက်တွင် Protect ဆန္ဒဖော်ထုတ်ခြင်း၊ Riot အကြမ်းဖက်လှုံ့ဆော်ဆန္ဒပြခြင်း၊ ယင်းမှတစ်ဆင့် Anarchy Mob မင်းမဲ့စရိုက်အသွင် အကြမ်းဖက်အဖျက်လုပ်ငန်းများ လုပ်ဆောင် ခြင်းတို့ကို အဆင့်ဆင့် လုပ်ဆောင်လာသည်ကို တွေ့ရှိရမည်ဖြစ်ပါ သည်။ ထိုကဲ့သို့ ဥပဒေချိုးဖောက်မှုများအပေါ် တရားဥပဒေစိုးမိုးရေး အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
ထို့အပြင် အချို့မြို့ကြီးများတွင် မီးကွင်းပစ်ခြင်း၊ အဆိပ်ခတ်ခြင်း စသော ကောလာဟလများဖြင့် အများပြည်သူကို ထိတ်လန့်တုန်လှုပ် စေ၍ နိုင်ငံကြီးအချို့တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းကာလဖြစ်စဉ် များကဲ့သို့ ရပ်ရွာနှင့် လမ်းလုံခြုံရေးကို ရပ်ရွာအစီအစဉ်ဖြင့်သာ ဆောင်ရွက်နေရသည်ဟု လုံခြုံရေးယန္တရားကျိုးပျက်နေသည့်အသွင် ဖန်တီးလာခြင်းနှင့် မြို့ကြီးများတွင် ငြိမ်းချမ်းစွာဆန္ဒပြရာမှ မင်းမဲ့ စရိုက်ဆန်သော ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက် လာသဖြင့် ဖေဖော်ဝါရီ ၂၆ ရက်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ နှင့် အုပ်စုဖွဲ့အကြမ်းဖက်မှုတို့၏ ပြစ်မှုဆိုင်ရာ အကြောင်းခြင်းရာ များနှင့် ကျခံရနိုင်သော ပြစ်ဒဏ်များကို ဖော်ပြလျက် ထုတ်ပြန်ထား သည့်ဥပဒေများကို လေးစားလိုက်နာကြရန်နှင့် မလိုက်နာပါက မလွှဲ မရှောင်သာ အရေးယူရမည်ဖြစ်ကြောင်း သတိပေးချက်များကို MRTV နှင့် MWD တီဗွီသတင်း၊ နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်ပေးခဲ့သည်။
ထိုသို့ထုတ်ပြန်ခဲ့သော်လည်း ဖေဖော်ဝါရီ ၂၇၊ ၂၈ ရက်တို့တွင် အကြမ်းဖက်လူအုပ်စုများသည် သတိပေးချက်များကို လိုက်နာမှုမရှိဘဲ အကြမ်းဖက်လုပ်ရပ်များအပြင် လုံခြုံရေးတပ်ဖွဲ့များအား ထိပ်တိုက် ရင်ဆိုင်၍ အသက်အန္တရာယ်ဖြစ်စေသည်အထိ တုတ်၊ဓား၊ ဂျင်ကလိ၊ သံလက်သီးကွင်းများ၊ ဘေ့စ်ဘောရိုက်တုတ်များ စသည်တို့ဖြင့် ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်သော ထိပ်တိုက်ရင်ဆိုင်အကြမ်းဖက်ခြင်း၊ အပြစ်မဲ့ပြည်သူအချို့၏ နေအိမ်၊ ဈေးဆိုင်များနှင့် နိုင်ငံပိုင်ယာဉ် ယန္တရား၊ ယာဉ်ထိန်း ကင်းရုံတို့အား ဖျက်ဆီးခြင်း၊ အသက်အန္တရာယ် ခြိမ်းခြောက်မှုဆောင်ရွက်ခြင်းအပြင် တိုက်ခန်းများအပေါ်မှ ရေနွေးပူ ဖြင့် လောင်းချခြင်း စသည့်လုပ်ရပ်များအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဥပဒေနှင့်အညီ လူစုလူဝေးကြီးကြပ်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်မှ မိမိကိုယ်ကိုမိမိ ခုခံကာကွယ်ခွင့်အထိ အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များကို အသုံးပြု၍ ဆူပူအကြမ်းဖက်မှုများကို မလွှဲ မရှောင်သာ အကြိမ်ကြိမ် သတိပေးပြီးမှသာ ဖြိုခွဲခဲ့ရသည်။ ဖေဖော် ဝါရီ ၂၇၊ ၂၈ ရက်တို့တွင် ဆူပူအကြမ်းဖက်သူအချို့ကို ထိန်းသိမ်းခဲ့ ရပြီး ထားဝယ်မြို့တွင် ၄ ဦး၊ ပဲခူးမြို့တွင် ၂ ဦး၊ မကွေးမြို့တွင် ၁ ဦး၊ ရန်ကုန်တွင် ၃ ဦး နှင့် မန္တလေးတွင် ၁ ဦး သေဆုံးခဲ့ရသည်။ မန္တလေး တွင် ထိန်းသိမ်းထားသူများမှ တစ်ဦးမှာ COVID-19 ရောဂါဖြင့် ထပ်မံ သေဆုံးခဲ့၍ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထု အေးချမ်းစွာ နေထိုင်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အချို့ မြို့ကြီးများတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထား သော်လည်း ဖေဖော်ဝါရီ ၈ ရက်အထိ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုများအပေါ် စိတ်ရှည်သည်းခံစွာဖြင့် စောင့်ကြည့်ခြင်း၊ သတိပေးခြင်း များသာ ဆောင်ရွက်ခဲ့သည်။ ဖေဖော်ဝါရီ ၂၂ ရက်နောက်ပိုင်း အများ ပြည်သူ၏ တည်ငြိမ်အေးချမ်းစွာ နေထိုင်စားသောက်ရေးအပေါ် ထိခိုက်စေသော အကြမ်းဖက်ဆူပူခြင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားနှင့် စီမံခန့်ခွဲရေးယန္တရားအား အဓမ္မနည်းဖြင့် အကျပ်ကိုင် ခြိမ်းခြောက်ဟန့်တားလာခြင်း၊ လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်နှင့် အရှက်သိက္ခာ၊ လူ့အခွင့်အရေးကို ဆုံးရှုံးထိခိုက်စေသော ဆိုးရွား သည့်အုပ်စုဖွဲ့အကြမ်းဖက်ခြင်း၊ ဖျက်ဆီးခြင်း၊ ထိပ်တိုက်ရင်ဆိုင် လာခြင်းတို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အဆင့်ဆင့် သတိပေးချက်ထုတ်ပြန်ခြင်း၊ အကြမ်းဖက်အုပ်စုအား ဖြိုခွဲရာတွင်လည်း အနည်းဆုံးအင်အားဖြင့်သာ လူစုခွဲခြင်း ဆောင်ရွက်ခဲ့ရသည်။
အရေးပေါ်ကာလသတ်မှတ်ပြီးချိန်မှစတင်၍ အကြမ်းဖက်ဆူပူမှု များကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံကြီးအချို့ဆူပူရမ်းကား အကြမ်းဖက် သည့်လူအုပ်စုများကို ဖြိုခွဲသည့်ပုံစံများထက် ပိုမိုပျော့ပျောင်းသည့် မလွှဲမရှောင်သာသော အခြေအနေမျိုးတွင်သာ အနည်းဆုံးအင်အား တို့ဖြင့် ထိခိုက်ဒဏ်ရာရမှု အနည်းဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လည်း ပြည်သူများအနေဖြင့် NLD ပါတီဝင်များ၊ ထောက်ခံဝန်းရံသူ များနှင့် ပြည်ပအားကိုး ပုဆိန်ရိုးများ၏ သွေးထိုးစည်းရုံးလှုံ့ဆော်မှု များကို လက်သင့်မခံဘဲ မိမိတို့၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်များကိုသာ အေးချမ်းတည်ငြိမ်စွာ လုပ်ကိုင်ဆောင်ရွက်ကြ ရန်နှင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အား လေးစားလိုက်နာ ကြရန် ဖြစ်ပါသည်။
သတင်းစဉ်