၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလထုတ် သုတပဒေသာစာစောင် ထွက်ရှိ

 

နေပြည်တော် နိုဝင်ဘာ ၂၁


၁၉၇၃  ခုနှစ်     ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး  နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော    သုတ ပဒေသာစာစောင်ကို မျက်နှာ ဖုံးဒီဇိုင်း၊     အကြောင်းအရာ နှင့်   စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများ  ပြုလုပ်ပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း ရှိ   လူငယ်များကို   ဦးတည် ပရိသတ်အဖြစ်ထားကာ လစဉ် ထုတ်ဝေလျက်ရှိသည်။  နိုင်ငံ တကာထုတ် စာအုပ်စာစောင် များမှ  ကောင်းနိုးရာ   ခေတ်မီ အကြောင်းအရာများနှင့် ယခု လအတွက်  အထူးပြုရေးသား သည့် “လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်” မျက်နှာဖုံး ဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာစာစောင်   (နိုဝင် ဘာလ)    ကို      ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊   စာပေ ဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။

 


နိုဝင်ဘာလထုတ်    သုတ ပဒေသာစာစောင်တွင် ဒေါက်တာ ခင်မောင်ညို၊ ဒေါက်တာ ခိုင်ခိုင် ဝင်း တို့၏ “လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်”  မျက်နှာဖုံး ဆောင်းပါးများ၊ မောင်မောင်မြင့် သိန်း       (စက်မှုတက္ကသိုလ်)၊ မောင်ပေါ်ထွန်း၊ တွဲဖက်ပါမောက္ခ ဦးလွင်မြင့်၊ အောင်မြတ်စည်သူ တို့၏ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာဆောင်းပါးများ၊ စိုးစိုး (ပန်းတောင်း)၊ ညီမော်သိမ်း၊ ကျော်ရှင်းတို့၏    နိုင်ငံတကာ ဆိုင်ရာ ဆောင်းပါးများ၊ စောနိုင် (အသုံးချဘောဂဗေဒ)၊ ပါမောက္ခ ကိုကိုအောင် (သိပ္ပံစာရေးဆရာ ကိုကိုအောင်) တို့၏ စီးပွားရေး ဆိုင်ရာဆောင်းပါးများ၊ အေးထွန်း မင်း၊ ထီလာစိုးမြင့်ထယ်တို့၏ သိပ္ပံ နှင့်နည်းပညာဆိုင်ရာ ဆောင်းပါး များ၊ ကိုဇော်ဌေး (ယဉ်ကျေးမှု)၊ မိုမိုကိုတို့၏        အမုန်းစကား နှင့်  ကလေးအလုပ်သမားဆိုင်ရာ ဆောင်းပါးများ၊ မြသိန်း၊ ရဲထက် ဇော်၊ လဲ့လဲ့ဝင်း (သတ္တဗေဒ) တို့၏ သဘာဝ ပတ်ဝန်းကျင်ရှုထောင့် ဆိုင်ရာဆောင်းပါးများ၊ ဒေါက်တာ မြင့်သန်း (သန္ဓေသား)၊ ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာ ရေး)တို့၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ ဦးဘသန်း (မဟာ ဝိဇ္ဇာ)၊ ဆောင်းဝင်းလတ်၊ ခိုင်ဇော် (ဒဿန)၊ ခြယ်မှုန်းသီ၊ နိုင်သောင်း ထွဋ်၊  သန့်ဝင့်သော်၊  ကျော်ဝင်း ဟိန်း (ပခုက္ကူ)၊ မော်(သန်လျင်)တို့၏ ကဗျာ၊ ဟာသ၊ ဖြစ်ရပ်မှန်၊ ဝတ္ထုတိုနှင့် အထွေထွေကဏ္ဍများ ကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက် ထားသည်။

 


အဆိုပါ    သုတပဒေသာ စာစောင်ကို     တစ်အုပ်လျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် စာပေ ဗိမာန်     စာအုပ်အရောင်းဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၁၄ ၆၈၁၊    စာပေဗိမာန်    စာအုပ် အရောင်းဆိုင်၊   အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန် မြို့၊   စာပေဗိမာန်   စာအုပ် အရောင်းဆိုင်၊  ၈၆  လမ်း၊  ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ၀၂- ၄၀၃၀၁၈၆၊ ရန်ကုန် မြို့ရှိ     စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ   ထွန်းဦးစာပေ၊  နဂါးစာပေနှင့်  မြို့အသီးသီးရှိ   စာပေဗိမာန်ကိုယ်စားလှယ်များ ထံ  ဝယ်ယူ ရရှိနိုင်ပြီး  လက်ကား မှာယူလိုပါက    စာပေဗိမာန်   စာအုပ်အရောင်းဆိုင်    အမှတ်  (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉၀၃၁၊ ၀၁- ၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သိရသည်။


သတင်းစဉ်