
နေပြည်တော် နိုဝင်ဘာ ၂၅
၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည်တော် ပညာရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အမျိုးသားအောင်ပွဲ နေ့ကျင်းပရေး ဗဟိုကော်မတီအဖွဲ့ဝင်များ တက် ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားအောင်ပွဲ နေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသား တစ်ရပ်လုံး အမျိုးသားအောင်ပွဲ နေ့၏ အဓိပ္ပာယ်နှင့် အနှစ်သာရ များကို ပိုမိုသိရှိနားလည်ပြီး အမျိုးသားရေးစိတ်ဓာတ် ပိုမို ရင့်သန်ခိုင်မာလာစေရေးအတွက် ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်း အနားကို အမျိုးသားနေ့ဆောင်ပုဒ် နှင့် ဦးတည်ချက်များနှင့်အညီ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင် ရွက်သွားကြပါရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် အမျိုးသားအောင် ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူးက ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုး သားအောင်ပွဲနေ့ အခမ်းအနား ကျင်းပပြီးစီးမှု အစီရင်ခံစာ ကို ကောက်နုတ်တင်ပြသည်။ ယင်းနောက် အမျိုးသားအောင်ပွဲ နေ့ ကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာဝင်းထွန်းက ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့စီမံချက်နှင့် စပ်လျဉ်း ၍ ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ တက်ရောက် လာသူများက အမျိုးသားအောင်ပွဲနေ့ကျင်းပရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး အမျိုးသား အောင်ပွဲနေ့ ကျင်းပရေးဗဟို ကော်မတီ ဒုတိယဥက္ကဋ္ဌက ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်