၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ   ၂၈


၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌  ကိုဗစ်-၁၉  ကာကွယ်တားဆီးရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

 


အခမ်းအနားသို့     ပညာရေးဝန်ကြီးဌာန      ပြည် ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး များဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  ကျင်းပရေး ဗဟိုကော်မတီဝင်များဖြစ်ကြသော     နေပြည်တော် ကောင်စီဝင်နှင့် အမြဲတမ်းအတွင်းဝန်များ၊ ပညာရေး ဝန်ကြီးဌာနရှိ    ဦးစီးဌာနများမှ    ညွှန်ကြားရေးမှူး  ချုပ်များနှင့်    ဒုတိယအမြဲတမ်း     အတွင်းဝန်များ၊ အဆင့်မြင့်    ပညာဦးစီးဌာနရှိ    တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် ပညာရေးမှူးများ၊   အခြေခံပညာ   အထက်တန်း ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများက အွန်လိုင်း စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

 


ရှေးဦးစွာ  ဥဩဘသောင် သီဆိုသော အမျိုးသား နေ့ သီချင်းဖြင့် ဂုဏ်ပြုတင်ဆက်သည်။
ထို့နောက်   ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံ တော်အစိုးရ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့  ပေးပို့ သည့်    သဝဏ်လွှာကို      ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး        ဒေါက်တာညွန့်ဖေ   က ဖတ်ကြားသည်။

 


ယင်းနောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပ နှင့် တစ်သက်တာပညာရေးဦးစီးဌာနက စီစဉ်ရိုက်ကူး သည့်    မြန်မာ့ကျောင်းသီချင်းဗီဒီယိုကို    ပြသကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။            

                           
သတင်းစဉ်