မြစ်ကြီးနား ဇွန် ၁၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား)၏ စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်) မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ဇွန် ၁၁ ရက် နံနက် ၁၀ နာရီတွင် စိုက်ပျိုးရေး သိပ္ပံ (မြစ်ကြီးနား) ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်က မိရိုးဖလာစိုက်ပျိုး နည်းစနစ်မှ ခေတ်မီတိုးတက် သော စိုက်ပျိုးနည်းစနစ်များကို တောင်သူများထံ ဖြန့်ဝေပေးနိုင် သည့် အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များ ဖြစ်လာ မည့် မောင်/ မယ်များအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ဦးတည်ချက်များတွင် စိုက်ပျိုးရေး ကို အခြေခံ၍ ဘက်စုံဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်တပ် တစ်အား ပါဝင်ဆောင်ရွက်ကြ မည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာအောင် ကြိုးစားကျင့်ကြံ နေထိုင်သွားရမည် ဖြစ်ကြောင်းနှင့် ပညာရည်ထူးချွန်သော မိမိတို့ ပြည်နယ်အတွက် စိုက်ပျိုးရေး ပညာရှင်များ ဖြစ်လာစေ ရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းအားပေး ပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ကြီး ဦးမျိုးသန့်နှင့် ၂၀၁၉-၂၀၂၀ ပညာ သင်နှစ် စိုက်ပျိုးရေးဒီပလိုမာ တတိယနှစ် ကျောင်းသားတစ်ဦး တို့က ပထမနှစ် ကျောင်းသား ကျောင်းသူများအား ကြိုဆို နှုတ်ခွန်း ဆက်စကားပြောကြား ပြီး ပထမနှစ် ကျောင်းသား တစ်ဦး က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၁၉-၂၀၂၀ ပညာသင်နှစ် (၂၀၂၂) ခုနှစ် ဒုတိယနှစ် သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ပထမ၊ ဒုတိယနှင့် တတိယဆုရ ကျောင်းသား ကျောင်းသူများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့် ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပထမနှစ် နှင့် တတိယနှစ် ကျောင်းသား ကျောင်းသူများ၏ တိုင်းရင်းသား ရိုးရာ အကအလှများ၊ သရုပ်ဖော် တေးသီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ ပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းနှင့် အကအဖွဲ့များအတွက် ထောက်ပံ့ ငွေကျပ် ငါးသိန်း၊ ပြည်နယ်စိုက်ပျိုး ရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး က ထောက်ပံ့ငွေကျပ် သုံးသိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီး ချုပ်သည် ဇွန် ၁၀ ရက် ညနေပိုင်း က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းရှိ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ပြုလုပ်ကျင်းပသည့်World Aquaculture Society မှ ဒါရိုက် တာ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာ မေမြတ်နိုးလွင် (ငါးမွေးမြူရေး ပညာရှင်)က ငါးမွေးမြူရေးနှင့် ပတ်သက်သည့် အကြောင်းအရာ များနှင့် စပ်လျဉ်း၍ တောင်သူများ နှင့် မွေးမြူရေးလုပ်ငန်းရှင်များ အား အသိပညာဗဟုသုတများကို ဖြန့်ဝေနိုင်ရေး ဆွေးနွေးဟောပြော ပွဲသို့ တက်ရောက်သည်။
ဟောပြောပွဲတွင် ပြည်နယ် ဝန်ကြီးချုပ်က ကချင်ပြည်နယ် အနေဖြင့် ဒေသတွင်းဆန်စပါး ကို တိုးတက်ထုတ်လုပ်နိုင်ရန်နှင့် အားစိုက်လုပ်ကိုင်ရန် လိုအပ်သကဲ့ သို့ သားငါးများ မွေးမြူခြင်း လုပ်ငန်းကိုလည်း ခေတ်နှင့် အညီ မွေးမြူထုတ်လုပ်နိုင်ရန် လုပ်ဆောင်သွားရမည် ဖြစ် ကြောင်း၊ မိမိတို့ ပြည်နယ်သည် သဘာဝကပေးထားသော မြစ်၊ ချောင်း၊ အင်း၊ အိုင်များ ပေါကြွယ်ဝ သည့်အပြင် ရေအရည်အသွေးနှင့် ရာသီဥတု ကောင်းမွန်သော ကြောင့် ငါးမွေးမြူရေးလုပ်ငန်းကို နိုင်ငံတကာနည်းတူ နည်းစနစ်ကျ မွေးမြူနိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားရမည် ဖြစ်ကြောင်း၊ ယနေ့ ငါးမွေးတောင်သူများ အတွက် အရှေ့တောင်အာရှတွင် လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူ သည့် နည်းလမ်းများ ပြောင်းလဲ ကျင့်သုံးနိုင်ရေးနှင့် ကျန်စနစ်များ နှင့် နှိုင်းယှဉ်လျက် အားနည်းချက်၊ အားသားချက်များကို ပညာရှင် က မျှဝေသွားမည်ဖြစ်သည့် အတွက် တောင်သူများအနေဖြင့် မိမိတို့ သိလိုသည်များကို ပွင့်ပွင့် လင်းလင်းဖြင့် မေးမြန်းဆွေးနွေး ရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။
ထို့နောက် မိုးညှင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း က ငါးမွေးမြူရေးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောသွား မည့် World Aquaculture Society မှ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်သူ ဒေါက်တာမေမြတ်နိုးလွင် (ငါးမွေးမြူရေးပညာရှင်) ၏ အတ္ထု ပ္ပတ္တိကို မိတ်ဆက်တင်ပြ ပြီး ဒေါက်တာမေမြတ်နိုးလွင်က ငါးမွေးမြူရေးနှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများတွင် လှောင်အိမ်စနစ်ဖြင့် မွေးမြူရေး စနစ်၏ အားသာချက်များ နှင့် နည်းစနစ်ကျ မွေးမြူနိုင် လျှင် အကျိုးဖြစ်ထွန်းနိုင်မည့် အကြောင်းအရာများကို နိုင်ငံ တကာ မွေးမြူရေးလုပ်ငန်းများ နှင့် နှိုင်းယှဉ်သုံးသပ်ဆွေးနွေး ဟောပြောသည်။ ထို့နောက် တက်ရောက်လာကြသည့် ငါးမွေး တောင်သူများက သိလိုသည်များ ကို အပြန်အလှန် ဆွေးနွေးခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေး ပညာရှင်နှင့်အဖွဲ့တို့ အား အမှတ်တရ ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)



