၂၀၂၀ ပြည့်နှစ်အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆု ချီးမြှင့်ပွဲ ကျင်းပ

 

ရန်ကုန်  ဇူလိုင်  ၈


၂၀၂၀   ပြည့်နှစ်အတွက်   ပခုက္ကူ ဦးအုံးဖေ        တည်ထောင်သော ပခုက္ကူစာပေ   တစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊  ပခုက္ကူဦးအုံးဖေပညာရည်ချွန်ဆုနှင့်       ပခုက္ကူ ဦးအုံးဖေ  စာကြည့်တိုက်စာအုပ်ဆု ချီးမြှင့်ပွဲအခမ်းအနားကို  ယနေ့ နံနက်  ၁၀  နာရီတွင်   ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ      ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန   စုပေါင်း ခန်းမ၌ ကျင်းပသည်။ 

 


အမှာစကားပြောကြား


ရှေးဦးစွာ           ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက    အဖွင့် အမှာစကား  ပြောကြားရာတွင်  ဆရာကြီး ဦးအုံးဖေလှူဒါန်းခဲ့သည့် စာပေရန်ပုံငွေ     ပမာဏသည် ယင်းခေတ်          ယင်းအချိန်က နိုင်ငံတော်မှာ  မကြုံစဖူး  စံပြု လောက်ပြီး  စာပေကဏ္ဍအတွက် တန်ဖိုးမဖြတ်နိုင်သည့်   အကျိုး သက်ရောက်မှုများ       ရရှိစေပါ ကြောင်း၊  မြန်မာစာပေ  မြင့်မား  တိုးတက်ရေးနှင့် ကြွယ်ဝဖွံ့ဖြိုးရေး တွင်  ထိရောက်သည့်  အထောက် အကူတစ်ရပ်လည်း ဖြစ်ပါကြောင်း။

 


နိုင်ငံတော်   ဝန်ကြီးချုပ်က   ပြည်သူများ စာပေဖတ်ရှုလေ့လာ နိုင်ရေးနှင့်  စာအုပ်စာပေ ပိုမိုဖွံ့ဖြိုး ထွန်းကားလာရေးအတွက်ကြိုးပမ်း ဆောင်ရွက်ကြရန်  လမ်းညွှန်ထား ပါကြောင်း၊   စာအုပ်စာပေ  လူ့ မိတ်ဆွေဆိုသည့်  စကားအတိုင်း လူငယ်များ ဘဝတိုးတက်ရေးနှင့် အတွေးအခေါ်   အယူအဆမှန်ကန် ရေးကိုအားပေးသည့်         စာအုပ် စာပေကောင်းများ၊  ပြည်သူတို့၏ အသိအမြင်          မှန်ကန်ရေး နှင့် အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူ   ဖြစ်စေမည့် စာအုပ်စာပေများ၊   အမျိုးသား ယဉ်ကျေးမှု    စရိုက်လက္ခဏာ များ မပျောက်ပျက်စေရေးအတွက် ခေတ်ကာလ       အခြေအနေနှင့် လိုက်လျောညီထွေသည့်တိုင်းကျိုး ပြည်ပြုစာပေများကို ဆက်လက် ရေးသားပေးကြပါဟု စာပေပညာ ရှင်များကို    မေတ္တာရပ်ခံအပ်ပါ ကြောင်း၊   ပြည်သူများအတွေး အခေါ်   အယူအဆမှန်ကန်စေရေး  စာပေလေ့လာဖတ်ရှုစေရေး အတွက် စာပေပညာရှင်ကြီးများ က   ဝိုင်းဝန်းဖော်ဆောင်ပေးကြ စေလိုပါကြောင်း။

 


ကြိုးစားဆောင်ရွက်နေ


နိုင်ငံတော်ကလည်း  ယနေ့ အနာဂတ်လူငယ်များကို ပြုပြင် ဆောင်ရွက်ရန်အတွက်  Short term, Long term အစီအစဉ် များနှင့်  ကြိုးစားဆောင်ရွက်နေပါ ကြောင်း၊   ယခုလောလောဆယ် လူငယ်လူရွယ်များ၏   စာရိတ္တ ကောင်းမွန်စေရေးနှင့်   စိတ်နေ သဘောထား မှန်ကန်ကောင်းမွန် စေရေးအတွက်   မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်  ဗုဒ္ဓဘာသာဝင် များ၏ အခြေခံ ၃၈ ဖြာမင်္ဂလာကို ရိုက်ကူးထုတ်လွှင့်    ပြသနေပါ ကြောင်း၊ နိုင်ငံတော်အဆင့် “ဆို၊ က၊ ရေး၊ တီး” ပြိုင်ပွဲကြီးကိုလည်း လာမည့်   အောက်တိုဘာလတွင် ကျင်းပရန် စီစဉ်လျက်ရှိပါကြောင်း။

 


ထို့အပြင်  နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရ မြန်မာ့ ယဉ်ကျေးမှုနှင့်   ဆီလျော်သည့် နိုင်ငံတကာအဆင့်မီ  စာဆိုဗိမာန် အဆောက်အအုံကို    ရန်ကုန်မြို့ ၌   တည်ဆောက်သွားမည်ဖြစ် သကဲ့သို့  ရန်ကုန်နှင့်မန္တလေးတွင် လည်း   အနုပညာဗဟိုဌာန (Art Centre)  များကိုလည်း   တည် ဆောက်လျက်ရှိပါကြောင်း။

 


ယနေ့       ဆုချီးမြှင့်ခံရသည့် စာပေပညာရှင်များက   အမျိုး ဘာသာ၊   သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သည့်၊ နိုင်ငံ ၏ပုံရိပ်ကို   မြှင့်တင်ဖော်ပြနိုင် သည့်   စာကောင်းပေမွန်များကို  ဆက်လက် ရေးသားဖွဲ့ဆိုနိုင်ကြပါ စေ၊ မျိုးဆက်သစ်ကလောင်ရှင်များ ကိုလည်း စေတနာကောင်းဖြင့် လက်ဆင့်ကမ်းနိုင်ကြပါစေ၊ ပညာ ရည်ချွန်ဆုရသည့်  ကျောင်းသား ကျောင်းသူများကလည်း ပညာ ရည်ချွန်ဆုရသည့်   ယနေ့မှစ၍ နောက်နောင်ပညာရေးဘဝ  ပိုမို မြင့်မားအောင်၊        မိမိအတွက် သာမက ပတ်ဝန်းကျင်၊   တိုင်းပြည် နှင့်လူမျိုးအကျိုးအတွက်ပါ သယ်ပိုး ထမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြပါစေ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးစေရေး တစ်ထောင့် တစ်နေရာ မှ   ကူညီပံ့ပိုးနေသည့်   ပခုက္ကူ ဦးအုံးဖေ    တည်ထောင်သော ပခုက္ကူစာပေဆုကြီးသည်လည်း နောင်နှစ်ပေါင်း များစွာတိုင်အောင် အဓွန့်ရှည်တည်တံ့ ခိုင်မြဲပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

 


ထို့နောက်  မြန်မာနိုင်ငံစာရေး ဆရာအသင်းဥက္ကဋ္ဌ၊      ပခုက္ကူ စာပေဆု   ရန်ပုံငွေကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ    ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က  ဆုချီးမြှင့် ခြင်းနှင့်စပ်လျဉ်း၍        ရှင်းလင်း ပြောကြားသည်။

 


ဆုပေးအပ်ချီးမြှင့်


ယင်းနောက်  ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ပခုက္ကူစာပေတစ်သက်တာ စာပေ ဆုရ  ဒေါက်တာမျိုးသန့်တင်နှင့် ဦးညွန့်ဆွေ   (မောင်ဆွေသက်)တို့အား  ဆုပေးအပ်ချီးမြှင့်သည်။

 


ဆက်လက်၍   ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်  ဦးစိုးသိန်း က ဝတ္ထုရှည် ပထမဆုရတင်တော်၊ ဒုတိယဆုရ   မျှဝေ  (ဥက္ကံ) နှင့် တတိယဆုရ           မေသနပ်ခါး (ကိုယ်စား) မိသားစုဝင် တစ်ဦးတို့ အား လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန         ဒုတိယဝန်ကြီး ဦးရဲတင့်က  ဝတ္ထုတိုပေါင်းချုပ်   ပထမဆုရ        ရွှေညောင်မြေ မောင်စန်းမြင့်(ကိုယ်စား) မိသားစု ဝင်တစ်ဦး၊  ဒုတိယဆုရ   စံဝင်း အောင်(မြန်အောင်)နှင့် တတိယ ဆုရ  ထက်ဝေအောင်(စစ်ကိုင်း)တို့အားလည်းကောင်း၊   ရန်ကုန် တိုင်းဒေသကြီး           ဥပဒေချုပ် ဦးဌေးအောင်က သုတေသနစာပေ  ပထမဆုရ  ဆွေဇင်ညွန့် (ACPE)၊ ဒုတိယဆုရ  ဘိုးရာဇာ  (စိုက်ပျိုး ရေး)၊ တတိယဆုရ တောင်တွင်း ကျော်ဝင်း (စက်မှုအင်ဂျင်နီယာ)(ကိုယ်စား) ညီဖြစ်သူနှင့်  ကျမ်း စာပေ ဒုတိယဆုရ  မောင်အောင် တို့အားလည်းကောင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း     ဥက္ကဋ္ဌ ဦးအုန်းမောင်         (မြင်းမူမောင် နိုင်မိုး)က  ကဗျာပေါင်းချုပ် ပထမ ဆုရ  ကိုလေးပြည့်၊   ဒုတိယဆုရ သမီးပျိုနှင့် တတိယဆုရ ကြည် သိန်းဇော် (ကိုယ်စား)  မိသားစုဝင် တစ်ဦးတို့အား    လည်းကောင်း ဆုများ   ပေးအပ်ချီးမြှင့်ကြသည်။

 


ဆုများပေးအပ်ချီးမြှင့်


ယင်းနောက်  ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေး  ကော်မတီ   ဒုတိယဥက္ကဋ္ဌ(၁)  ဦးသိန်းခိုင်ဦးက ပခုက္ကူစာကြည့်တိုက်  စာအုပ်ဆု ရရှိကြသူများ           ဖြစ်ကြသည့် ကြည်ထွန်းမော်နှင့်       ဒေါက်တာ ညိုအောင်တို့အား   လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ်     (ရန်ကုန်)   ဒုတိယပါမောက္ခချုပ် ဒေါ်ဌေးဌေး ဆွေက   ပခုက္ကူဦးအုံးဖေ ပညာ ရည်ချွန်ဆုရ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ဒုတိယနှစ် (သဘင်ပညာ အထူး ပြု) ကျောင်းသူ  မသဇင်ထက်နှင့်  အမျိုးသား       ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး)မှ        ဒုတိယနှစ်      (ပန်းချီပညာ အထူးပြု) ကျောင်းသား မောင်ထင် ရှားအောင်တို့အား  လည်းကောင်း           ဆုများ ပေးအပ်ချီးမြှင့်သည်။

 


ထို့နောက်  စာပေအလှူရှင် ပခုက္ကူဦးအုံးဖေ     ကိုယ်စား ပခုက္ကူစာပေဆု ရန်ပုံငွေ ကြီးကြပ် ရေးကော်မတီ   ဒုတိယဥက္ကဋ္ဌ(၁)  ဦးသိန်းခိုင်ဦးက  စာပေဆု ချီးမြှင့် ရခြင်းနှင့်စပ်လျဉ်း၍   ရှင်းလင်း ပြောကြားသည်။

 


ယင်းနောက် ဆုရရှိကြသူများ ကိုယ်စား ပခုက္ကူစာပေ တစ်သက် တာဆုရ ဦးညွန့်ဆွေ (မောင်ဆွေ သက်)က    ကျေးဇူးတင်စကား ပြောကြားသည်။

 


ယနေ့ဆုချီးမြှင့်ပွဲတွင် ဆုရရှိ ကြသူ  ၁၉  ဦးအား ရန်ကုန်တိုင်း ဒေသကြီး  အစိုးရအဖွဲ့က  ချီးမြှင့် သော တစ်ဦးလျှင် ငွေကျပ်တစ်သိန်း စီဖြင့်စုစုပေါင်း ငွေကျပ် ၁၉ သိန်း ကို   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပေးအပ်သည်။

 


ယင်းနောက်  ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်  ခန်းမအပြင် ဘက်တွင်   ခင်းကျင်းပြသထား သည့် ၂၀၂၀ ပြည့်နှစ် ပခုက္ကူစာပေ တစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပညာရည်ချွန်စာပေဆုနှင့် ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆု ရရှိသူများ၏     ဓာတ်ပုံများကို   ကြည့်ရှုသည်။

 


ယနေ့       ဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆု  နှစ်ဆု၊ ၂၀၂၀ ပြည့်နှစ်အတွက် တင်သွင်း လာသော စာမူပေါင်း ၄၇ စောင်ကို စာမူဆု စည်းကမ်းများနှင့်အညီ ဖတ်ရှုစိစစ်ခဲ့ပြီး   ဝတ္ထုရှည်ဆု၊ ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာပေါင်း ချုပ်၊   ကျမ်းစာပေ၊  သုတေသန စာပေတို့မှ ဆုပေါင်း   ၁၃  ဆုနှင့် ပခုက္ကူဦးအုံးဖေ  စာကြည့်တိုက် စာအုပ်ဆု နှစ်ဆုနှင့် အမျိုးသား ယဉ်ကျေးမှုနှင့်   အနုပညာ တက္ကသိုလ်များမှ  ပညာသင်ဆု နှစ်ဆုတို့ကို     ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 


စာဆိုဗိမာန် တည်ဆောက်


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည်   စာဆိုဗိမာန်တည် ဆောက်ခြင်း         လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  တက်ရောက်၍ စာဆိုဗိမာန်ကို  အကောင်းဆုံးနှင့် အဆင့်မီ  တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊     စာဆိုဗိမာန်၏ ဝေါဟာရနှင့်   ထားသိုမှုပုံစံများ အကြမ်းဖျင်း  လျာထားဆွေးနွေးပေးကြစေလိုပါကြောင်း၊     နိုင်ငံ တကာပုံစံများကို  ကိုးကားနမူနာ ယူ၍ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ ဟန်များ  ပါဝင်သော  အဆောက် အအုံ  ဖြစ်စေလိုပါကြောင်း၊  ပုံစံ ပေါ်လာပါက      စတင်အကောင် အထည်ဖော်ပြီးနောက် အတွင်း ပိုင်း    အသေးစိတ်လိုအပ်မှုကို အချိန်ယူ  ဆောင်ရွက်သွားရမည် ဟု ယူဆပါကြောင်း၊ တက်‌ရောက် လာသော  စာပေပညာရှင်များက စာဆိုဗိမာန်  အဆောက်အအုံကို ပုံဖော်နိုင်မည့်ပုံစံနှင့် ပတ်သက်၍ ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။

 


ထို့နောက်      ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က         စာဆိုဗိမာန် တည်ဆောက်မည့်  မြေနေရာနှင့် အကျယ်အဝန်း၊ အဆောက်အအုံ ပုံစံအကြမ်းတို့ကို  ရှင်းလင်းတင်ပြသည်။

 


ယင်းနောက် တက်ရောက်လာ သော  စာပေပညာရှင်ကြီးများနှင့် ဌာနဆိုင်ရာ   တာဝန်ရှိသူများက စာဆိုဗိမာန် တည်ဆောက်ရေးနှင့် ပတ်သက်၍    ဆွေးနွေးတင်ပြ ကြရာ       ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဒုတိယ ဝန်ကြီး  ဦးရဲတင့်တို့က ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။   


သတင်းစဉ်